ယူကရိန်း မြေကာကွယ်ဖို့ နဲ့ ပြည်သူတွေအရေးအတွက် အားလုံးနဲ့ အတူ ရပ်တည်မယ့် အေစီမီလန် ကစားသမားဟောင်း

ရောဂါ အရေး ကြောက်ကြရသလို၊ စစ်ပွဲအရေးလည်း စိုးရိမ်ကြရပါတယ်။

ယူကရိန်း နယ်စပ်ဘက်ခြမ်းမှာတော့ ပူတင်ကြောင့်

လှုပ်လှုပ်ရွရွ ဖြစ်နေကြရ၊ ကြိုတင်ပြင်ဆင်နေကြရပါတယ်။

ပိတ်ဆို့တာတွေ၊ တံခါးပိတ်ဆွေးနွေးနေတာတွေက

လက်ဖက်ရည်သောက်ချိန် ရပါသေးတယ်။

ဒုံးဒိုင်းအုံးခွမ်း လုပ်ရင် ပြည်သူတွေ ဆေးပလာစတာ ကပ်ချိန်တောင် မရကြပါဘူး။

ယူကရိန်း မြေကာကွယ်ဖို့ နဲ့ ပြည်သူတွေအရေးအတွက်

အေစီမီလန်ကစားသမားဟောင်း ရှက်ချန်ကိုက ခုလို ပြောထားပါတယ်။

“ယူကရိန်းက ကျွန်တော့်အမိမြေဗျ၊ ကျွန်တော်တို့ပြည်သူတွေနဲ့

နိုင်ငံအတွက်အမြဲဂုဏ်ယူခဲ့တယ်။ အများကြီးခက်ခဲတဲ့ အခြေအနေတွေကနေ

ရှင်သန်ခဲ့ရပြီး ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ တုန်းက နိုင်ငံတစ်နိုင်ငံအနေနဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်။

အလုပ်ကြိုစားပြီး လွတ်လပ်တယ်၊ ချစ်ခင်စရာနိုင်ငံသားတွေပါ။

ဒါက ကျွန်တော်တို့လုပ်ရမယ့် အရေးအကြီးဆုံးအရာပါ၊

အခုကတော့ အားလုံးအတွက် ခက်ခဲတဲ့အချိန်ပါပဲ၊

ဒါပေမယ့် ကျွန်တော်တို့ ညီညွှတ်ရမယ်၊ ညီညွှတ်မှုနဲ့ အနိုင်ယူရမှာပါ၊

ဒါက ယူကရိန်းရဲ့ ဂုဏ်ကျက်သရေပါပဲ”လို့ ရှက်ချန်ကိုက ပြောပါတယ်။

သူဟာ အေစီ မီလန် အတွက် စုစုပေါင်း 8 ရာသီ ပါဝင် ကစားခဲ့ကာ

322 ပွဲမှာ 175 ဂိုး အထိ သွင်းယူရင်း ဥရောပ ရဲ့ ကြောက်စရာ အကောင်းဆုံး

တိုက်စစ်မှူးတစ်ယောက် အဖြစ် မှတ်တမ်း တင်နိုင်ခဲ့သူပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ လ မှာတော့ ဂျီနိုအာ နည်းပြ အဖြစ်

စီးရီးအေ ပြိုင်ပွဲဆီ ပြန်လည် အခြေချခဲ့ ပါတယ်။

ဒါပေမယ့်လည်း စီးရီးအေ 10 ပွဲ ကိုင်တွယ် ပြီးချိန်မှာ 3 မှတ်သာ ရယူနိုင်ခဲ့တဲ့ အတွက်

ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

zawgyi

ယူကရိန္း ေျမကာကြယ္ဖို႔ နဲ႔ ျပည္သူေတြအေရးအတြက္ အားလုံးနဲ႔ အတူ ရပ္တည္မယ့္ ေအစီမီလန္ ကစားသမားေဟာင္း

ေရာဂါ အေရး ေၾကာက္ၾကရသလို၊ စစ္ပြဲအေရးလည္း စိုးရိမ္ၾကရပါတယ္။

ယူကရိန္း နယ္စပ္ဘက္ျခမ္းမွာေတာ့ ပူတင္ေၾကာင့္

လႈပ္လႈပ္႐ြ႐ြ ျဖစ္ေနၾကရ၊ ႀကိဳတင္ျပင္ဆင္ေနၾကရပါတယ္။

ပိတ္ဆို႔တာေတြ၊ တံခါးပိတ္ေဆြးေႏြးေနတာေတြက

လက္ဖက္ရည္ေသာက္ခ်ိန္ ရပါေသးတယ္။

ဒုံးဒိုင္းအုံးခြမ္း လုပ္ရင္ ျပည္သူေတြ ေဆးပလာစတာ ကပ္ခ်ိန္ေတာင္ မရၾကပါဘူး။

ယူကရိန္း ေျမကာကြယ္ဖို႔ နဲ႔ ျပည္သူေတြအေရးအတြက္

ေအစီမီလန္ကစားသမားေဟာင္း ရွက္ခ်န္ကိုက ခုလို ေျပာထားပါတယ္။

“ယူကရိန္းက ကြၽန္ေတာ့္အမိေျမဗ်၊ ကြၽန္ေတာ္တို႔ျပည္သူေတြနဲ႔

ႏိုင္ငံအတြက္အၿမဲဂုဏ္ယူခဲ့တယ္။ အမ်ားႀကီးခက္ခဲတဲ့ အေျခအေနေတြကေန

ရွင္သန္ခဲ့ရၿပီး ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၃၀ တုန္းက ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ ဖြဲ႕စည္းႏိုင္ခဲ့တယ္။

အလုပ္ႀကိဳစားၿပီး လြတ္လပ္တယ္၊ ခ်စ္ခင္စရာႏိုင္ငံသားေတြပါ။

ဒါက ကြၽန္ေတာ္တို႔လုပ္ရမယ့္ အေရးအႀကီးဆုံးအရာပါ၊

အခုကေတာ့ အားလုံးအတြက္ ခက္ခဲတဲ့အခ်ိန္ပါပဲ၊

ဒါေပမယ့္ ကြၽန္ေတာ္တို႔ ညီၫႊတ္ရမယ္၊ ညီၫႊတ္မႈနဲ႔ အႏိုင္ယူရမွာပါ၊

ဒါက ယူကရိန္းရဲ႕ ဂုဏ္က်က္သေရပါပဲ”လို႔ ရွက္ခ်န္ကိုက ေျပာပါတယ္။

သူဟာ ေအစီ မီလန္ အတြက္ စုစုေပါင္း 8 ရာသီ ပါဝင္ ကစားခဲ့ကာ

322 ပြဲမွာ 175 ဂိုး အထိ သြင္းယူရင္း ဥေရာပ ရဲ႕ ေၾကာက္စရာ အေကာင္းဆုံး

တိုက္စစ္မႉးတစ္ေယာက္ အျဖစ္ မွတ္တမ္း တင္ႏိုင္ခဲ့သူပါ။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ လ မွာေတာ့ ဂ်ီႏိုအာ နည္းျပ အျဖစ္

စီးရီးေအ ၿပိဳင္ပြဲဆီ ျပန္လည္ အေျခခ်ခဲ့ ပါတယ္။

ဒါေပမယ့္လည္း စီးရီးေအ 10 ပြဲ ကိုင္တြယ္ ၿပီးခ်ိန္မွာ 3 မွတ္သာ ရယူႏိုင္ခဲ့တဲ့ အတြက္

ရာထူးကေန ထုတ္ပယ္ခံလိုက္ရပါတယ္။