ယူကရိန်းအားထောက်ခံအားပေးတဲ့အစီအစဉ်ပြုလုပ်နေစဉ် အေဘရာမိုဗစ်လို့ ထအော်တဲ့ ချဲလ်ဆီးပရိသတ်များကို တူချယ်ဝေဖန်အပြစ်တင်

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာ ဘန်လေနှင့်ပွဲစဉ်မတိုင်မီ

ယူကရိန်းအားထောက်ခံအားပေးတဲ့အစီအစဉ်ပြုလုပ်နေစဉ်

အသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ရဲ့အမည်ကိုအော်ဟစ်ခဲ့ကြတဲ့

ချဲလ်ဆီးပရိသတ်များကိုဝေဖန်အပြစ်တင်လိုက်ပါတယ်။

မနေ့တုန်းကချဲလ်ဆီးကဘန်လေကို၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့

ပွဲကန်ခါနီးတွင်ရုရှားရဲ့ကျူးကျော်ခြင်းခံနေရတဲ့ယူကရိန်းကို

အားပေးတဲ့အနေဖြင့်တစ်မိနစ်ကြာလက်ခုပ်တီးခဲ့ပါတယ်။

ဒါပေမဲ့ယင်းအချိန်တွင်အဝေးကွင်းပရိသတ်များက

အသင်းပိုင်ရှင်အေဘရာမိုဗစ်ရဲ့အမည်ကို

သံပြိုင်အော်ဟစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ရုရှားဘီလျှံနာဟာရုရှားကယူကရိန်းကိုကျူးကျော်ပြီး

စီးပွားရေးပိတ်ဆို့ခံရမယ့်အရေးနှင့်ကြုံနေရပြီးမကြာသေးမီတုန်းက

ချဲလ်ဆီးကိုရောင်းချတော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

အေဘရာမိုဗစ်ဟာချဲလ်ဆီးကိုဦးဆောင်တဲ့၁၉နှစ်တာကာလအတွင်းမှာ

ပေါင်၁.၅ဘီလီယံကျော်အသုံးပြုပေးခဲ့ပြီးဆုဖလား၁၉လုံးရယူပေးခဲ့ပါတယ်။

ဒါပေမဲ့တူချယ်က “ဒီအချိန်မှာဒါမျိုးမလုပ်သင့်ဘူး။နားထောင်ကြပါ။

စည်းလုံးကြောင်းပြသချင်ရင်စည်းလုံးကြောင်းပြသရမယ်။

အတူတကွရှိနေရမယ်။အတူတကွဒူးထောက်ကြတယ်။

တကယ်လို့များကျွန်တော်တို့ကလပ်ကပဲဖြစ်ဖြစ်၊အခြားအသင်းပဲဖြစ်ဖြစ်

အရေးပါတဲ့သူတစ်ယောက်သေဆုံးရင် ဝမ်းနည်းကြောင်းတစ်မိနစ်ပြသတယ်။

အခြားမက်ဆေ့ပေးရမယ့်အချိန်မဟုတ်ပါဘူး။လေးစားမှုကိုပြသရမယ့်အချိန်ပါ။

ကျွန်တော်တို့ကကလပ်တစ်ခုဖြစ်လို့ဒီလိုလုပ်တာပါ။

ကလပ်တစ်ခုအနေနဲ့လေးစားကြောင်းပြတယ်၊ပြီးတော့ပရိသတ်တွေကလည်း

တစ်မိနစ်ကြာလက်ခုပ်တီးတဲ့အချိန်မှာပါဝင်ရပါမယ်။

အခုအချိန်မှာယူကရိန်းအတွက်လုပ်တာပါ။ဒီလိုအခြေအနေမျိုးမှာ

ဒုတိယရွေးချယ်စရာမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာဘန်လေနှင့်ပွဲတွင်ပထမပိုင်းမှာဂိုးမရှိသရေကျနေပေမဲ့

ဒုတိယပိုင်းတွင်ကိုင်ဟာဗတ်ဇ်ရဲ့သွင်းဂိုး၂ဂိုး၊ရီစီဂျိမ်းစ်၊ပူလီဆစ်တို့ရဲ့

သွင်းဂိုးများကြောင့်၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

zawgyi

ယူကရိန္းအားေထာက္ခံအားေပးတဲ့အစီအစဥ္ျပဳလုပ္ေနစဥ္ ေအဘရာမိုဗစ္လို႔ ထေအာ္တဲ့ ခ်ဲလ္ဆီးပရိသတ္မ်ားကို တူခ်ယ္ေဝဖန္အျပစ္တင္

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာ ဘန္ေလႏွင့္ပြဲစဥ္မတိုင္မီ

ယူကရိန္းအားေထာက္ခံအားေပးတဲ့အစီအစဥ္ျပဳလုပ္ေနစဥ္

အသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ရဲ႕အမည္ကိုေအာ္ဟစ္ခဲ့ၾကတဲ့

ခ်ဲလ္ဆီးပရိသတ္မ်ားကိုေဝဖန္အျပစ္တင္လိုက္ပါတယ္။

မေန႔တုန္းကခ်ဲလ္ဆီးကဘန္ေလကို၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့

ပြဲကန္ခါနီးတြင္႐ုရွားရဲ႕က်ဴးေက်ာ္ျခင္းခံေနရတဲ့ယူကရိန္းကို

အားေပးတဲ့အေနျဖင့္တစ္မိနစ္ၾကာလက္ခုပ္တီးခဲ့ပါတယ္။

ဒါေပမဲ့ယင္းအခ်ိန္တြင္အေဝးကြင္းပရိသတ္မ်ားက

အသင္းပိုင္ရွင္ေအဘရာမိုဗစ္ရဲ႕အမည္ကိုသံၿပိဳင္ေအာ္ဟစ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

႐ုရွားဘီလွ်ံနာဟာ႐ုရွားကယူကရိန္းကိုက်ဴးေက်ာ္ၿပီး

စီးပြားေရးပိတ္ဆို႔ခံရမယ့္အေရးႏွင့္ႀကဳံေနရၿပီးမၾကာေသးမီတုန္းက

ခ်ဲလ္ဆီးကိုေရာင္းခ်ေတာ့မွာျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

ေအဘရာမိုဗစ္ဟာခ်ဲလ္ဆီးကိုဦးေဆာင္တဲ့၁၉ႏွစ္တာကာလအတြင္းမွာ

ေပါင္၁.၅ဘီလီယံေက်ာ္အသုံးျပဳေပးခဲ့ၿပီးဆုဖလား၁၉လုံးရယူေပးခဲ့ပါတယ္။

ဒါေပမဲ့တူခ်ယ္က “ဒီအခ်ိန္မွာဒါမ်ိဳးမလုပ္သင့္ဘူး။နားေထာင္ၾကပါ။

စည္းလုံးေၾကာင္းျပသခ်င္ရင္စည္းလုံးေၾကာင္းျပသရမယ္။

အတူတကြရွိေနရမယ္။အတူတကြဒူးေထာက္ၾကတယ္။

တကယ္လို႔မ်ားကြၽန္ေတာ္တို႔ကလပ္ကပဲျဖစ္ျဖစ္၊အျခားအသင္းပဲျဖစ္ျဖစ္

အေရးပါတဲ့သူတစ္ေယာက္ေသဆုံးရင္ ဝမ္းနည္းေၾကာင္းတစ္မိနစ္ျပသတယ္။

အျခားမက္ေဆ့ေပးရမယ့္အခ်ိန္မဟုတ္ပါဘူး။ေလးစားမႈကိုျပသရမယ့္အခ်ိန္ပါ။

ကြၽန္ေတာ္တို႔ကကလပ္တစ္ခုျဖစ္လို႔ဒီလိုလုပ္တာပါ။

ကလပ္တစ္ခုအေနနဲ႔ေလးစားေၾကာင္းျပတယ္၊ၿပီးေတာ့ပရိသတ္ေတြကလည္း

တစ္မိနစ္ၾကာလက္ခုပ္တီးတဲ့အခ်ိန္မွာပါဝင္ရပါမယ္။

အခုအခ်ိန္မွာယူကရိန္းအတြက္လုပ္တာပါ။ဒီလိုအေျခအေနမ်ိဳးမွာ

ဒုတိယေ႐ြးခ်ယ္စရာမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးဟာဘန္ေလႏွင့္ပြဲတြင္ပထမပိုင္းမွာဂိုးမရွိသေရက်ေနေပမဲ့

ဒုတိယပိုင္းတြင္ကိုင္ဟာဗတ္ဇ္ရဲ႕သြင္းဂိုး၂ဂိုး၊ရီစီဂ်ိမ္းစ္၊ပူလီဆစ္တို႔ရဲ႕

သြင္းဂိုးမ်ားေၾကာင့္၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။