ယူကရိန်းအရေးအတွက် ငြိမ်သက်ဆုတောင်းနေစဉ် မိုဗစ်ချ်နာမည် သံပြိုင်အော်ဟစ်ခဲ့ဲတဲ့ ချဲလ်ဆီးပရိသတ်တွေကို တူချယ် ပြင်းထန်စွာဝေဖန်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ်တူချယ်က

ဘန်လေကို ဝ-၄ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင်
ကွင်းထဲမှာ ယူကရိန်းအရေးနဲ့ပတ်သက်လို့ တစ်မိနစ်
ငြိမ်သက်ဆုတောင်းနေစဉ် အသင်းပိုင်ရှင်
အေဘရာမိုဗစ်ချ်ရဲ့ နာမည်ကို သံပြိုင်အော်ဟစ်ခဲ့တဲ့
ချဲလ်ဆီးပရိသတ်တွေရဲ့လုပ်ရပ်ကို

ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။


ယူကရိန်းနိုင်ငံကို ရုရှားက အကြမ်းဖက်
ကျူးကျော်မှုနဲ့ပတ်သက်လို့ ဒီတစ်ပတ်

ပရီးမီးယားလိဂ်ပွဲတွေမှာ ပွဲမကစားခင်
ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့
ကစားသမားတွေရော နှစ်ဘက်အသင်းပရိသတ်တွေပါ
တစ်မိနစ် ငြိမ်သက်ဂုဏ်ပြုခဲ့တာဖြစ်ပေမယ့်
ဘန်လေနဲ့ပွဲမှာတော့ ချဲလ်ဆီးပရိသတ်တချို့က

ရုရှားဘီလျံနာ မိုဗစ်ချ်ရဲ့နာမည်ကို
သံပြိုင် အော်ဟစ်ခဲ့ကြပါတယ်။
”အခုက အဲဒီလိုမျိုး(မိုဗစ်ချ်နာမည် အော်ဟစ်မှု)
လုပ်ရမယ့်အချိန်မဟုတ်ပါဘူး။ ကျွန်တော်တို့
စည်းလုံးညီညွတ်မှုအကြောင်း ပြချင်ရင်

ဒါကို အားလုံး အတူတူလုပ်သင့်ပါတယ်။
လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ကြောင်း
ပြသတဲ့အနေနဲ့ ကျွန်တော်တို့အားလုံး
အတူတူ ဒူးထောက်ပြသခဲ့ကြပါတယ်။


ကျွန်တော်တို့ကလပ် ဒါမှမဟုတ်
တခြားကလပ်အသင်းတစ်သင်းက အရေးကြီးတဲ့ပုဂ္ဂိုလ်
ကံမကောင်းစွာနဲ့ ကွယ်လွန်သွားရင်လည်း
တစ်မိနစ် ငြိမ်သက်ဆုတောင်းပေးရမှာပါ။

ဒီအချိန်မှာ တခြားမက်ဆေ့ချ်တွေ ပေးရမယ့်အချိန်မဟုတ်ပါဘူး။
လေးစားမှုကို ပြရမယ့်အချိန်ပါ။
ကျွန်တော်တို့ဟာ ယူကရိန်းနိုင်ငံအတွက်
လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီအနေအထားမှာ
ဒုတိယမြောက်အမြင်ဆိုတာလည်း မရှိပါဘူး။

သူတို့နဲ့အတူ ကျွန်တော်တို့က တစ်သားတည်း
ရှိတယ်ဆိုတဲ့အကြောင်း ပြသတာပါ”လို့
တူချယ်က ပြောပါတယ်။