
ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်နေတဲ့ ကိစ္စတွေရဲ့အကျိုးဆက်အဖြစ်
မန်ချက်စတာယူနိုက်တက်ကလည်း သူတို့ကို ကာလရှည်ကြာစပွန်ဆာပေးထားတဲ့
ရုရှားနိုင်ငံပိုင် လေကြောင်းလိုင်း Aeroflot ကို အသုံးမပြုဘဲ
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ကို ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ပုံမှန်အားဖြင့် ဥရောပပြိုင်ပွဲတွေအတွက်ခရီးထွက်တဲ့အခါ
သူတို့ကို ကာလကြာရှည်စွာ စပွန်ဆာပေးခဲ့တဲ့ Aeroflot ကို အသုံးပြုစီးနင်းခဲ့တာပါ။
အက်သလက်တီကိုနဲ့ ပွဲစဥ္အတွက် စပိန်ကို ထွက်ခွာဖို့အတွက်လည်း
အင်္ဂါနေ့ ၁၆း၀၀ နာရီအချိန်မှာ Aeroflot ရဲ့ A359
လေကြောင်းလိုင်းအမှတ်ကို စီးနင်းသွားဖို့ စီစဥ္ထားခဲ့တာပါ။
ဒါပေမယ့် ယူကရိန်းရဲ့ အရှေ့ပိုင်းဒေသတွေဖြစ်တဲ့
ဒိုးနက်စ်နဲ့ လုဟန့်စ်ဒေသတွေကို ရုရှားလက်အောက်ခံ
သီးခြားဒေသတွေအဖြစ်ခွဲထွက်မယ့်အမိန့်ကို
ရုရှားသမ္မတ ပူတင်က လက်မှတ်ရေးထိုးခဲ့သလို
ရုရှားတပ်တွေကလည်း ယူရကိန်းထဲကို ဝင်ရောက်လာပြီးနောက်မှာတော့
အခြေအနေတွေက ပြောင်းလဲသွားခဲ့တာပါ။
ရုရှားနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေကို နေတိုးနဲ့ အမေရိကန်က စီးပွားရေးအရ
ပြင်းထန်စွာ အရေးယူဖို့စီစဥ္ထားကြပါတယ်။
ယူကရိန်းကို ရုရှားက ကျုးကျော်ပြီး တစ်ရက်အကြာမှာပဲ
ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကလည်း
ရုရှားကို အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
ဒေီအတွက် မန်ယူကလည်း Aeroflot လေကြောင်းလိုင်းအစား
ဗြိတိန်အခြေစိုက် Titan Airways ကို အသုံးပြုပြီး
စပိန်ကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။
မန်ယူအတွင်းသတင်းတစ်ရပ်အရတော့ စပိန်ကို အခြားျလကြောင်းလို်င်းအသုံးပြုပြီး
ထွက်ခွာခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် မန်ယူနဲ့ Aeroflot တို့အကြား
၂ ဦး ၂ ဖက်နားလည်မှုနဲ့ လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။
Aeroflot ကတော့ မန်ယူရဲ့ စပွန်ဆာအဖြစ် ဆက်လက်တည်ရှိနေဆဲလို့ဆိုပါတယ်။
Aeroflot လေကြောင်းလိုင်းကို ၁၉၂၃ က စတင်တည်ထောင်ခဲ့တာပါ။
ကမ္ဘာပေါ်က ရှေးအကျဆုံးလေကြောင်းလိုင်းတွေထဲက တစ်ခုဖြစ်ပြီး
ရုရှားအစိုးရကလည်း ရှယ်ယာ ၅၁% ကို ပိုင်ဆိုင်ထားကာ
ကျန်ရှယ်ယာ ၄၉%ကတော့ ရုရှားစတော့အိတ်ချိန်းမှာ
အရောင်းအဝယ်ဖြစ်နေပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကတော့
လက်ရှိအခြေအနေတွေအရ ဒီနှစ် စိန့်ပီတာစဘတ်မြို့မှာကျင်းပမယ့်
ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတောင် ကျင်းပနိုင်ဖို့မလွယ်ဘူးလို့ သုံးသပ်ထားပါသေးတယ်။
ယူအီးအက်ဖ်အေကတော့ အခြေအနေတွေကို
အနီးကပ်စောင့်ကြည့်နေဆဲလို့ တုံ့ပြန်ထားပါတယ်။
zawgyi
ယူကရိန္းအေရးနဲ႔ ပတ္သက္လို႔ မန္ယူရဲ႕ ဆုံးျဖတ္ခ်က္
ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္ဝင္ေရာက္ေနတဲ့ ကိစၥေတြရဲ႕အက်ိဳးဆက္အျဖစ္
မန္ခ်က္စတာယူႏိုက္တက္ကလည္း သူတို႔ကို ကာလရွည္ၾကာစပြန္ဆာေပးထားတဲ့
႐ုရွားႏိုင္ငံပိုင္ ေလေၾကာင္းလိုင္း Aeroflot ကို အသုံးမျပဳဘဲ
စပိန္ႏိုင္ငံ၊ မက္ဒရစ္ၿမိဳ႕ကို ထြက္ခြာခဲ့တယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဟာ ပုံမွန္အားျဖင့္ ဥေရာပၿပိဳင္ပြဲေတြအတြက္ခရီးထြက္တဲ့အခါ
သူတို႔ကို ကာလၾကာရွည္စြာ စပြန္ဆာေပးခဲ့တဲ့ Aeroflot ကို အသုံးျပဳစီးနင္းခဲ့တာပါ။
အက္သလက္တီကိုနဲ႔ ပြဲစၪ္အတြက္ စပိန္ကို ထြက္ခြာဖို႔အတြက္လည္း
အဂၤါေန႔ ၁၆း၀၀ နာရီအခ်ိန္မွာ Aeroflot ရဲ႕ A359
ေလေၾကာင္းလိုင္းအမွတ္ကို စီးနင္းသြားဖို႔ စီစၪၳားခဲ့တာပါ။
ဒါေပမယ့္ ယူကရိန္းရဲ႕ အေရွ႕ပိုင္းေဒသေတြျဖစ္တဲ့
ဒိုးနက္စ္နဲ႔ လုဟန္႔စ္ေဒသေတြကို ႐ုရွားလက္ေအာက္ခံ
သီးျခားေဒသေတြအျဖစ္ခြဲထြက္မယ့္အမိန္႔ကို
႐ုရွားသမၼတ ပူတင္က လက္မွတ္ေရးထိုးခဲ့သလို
႐ုရွားတပ္ေတြကလည္း ယူရကိန္းထဲကို ဝင္ေရာက္လာၿပီးေနာက္မွာေတာ့
အေျခအေနေတြက ေျပာင္းလဲသြားခဲ့တာပါ။
႐ုရွားနဲ႔ ဆက္စပ္တဲ့ ကုမၸဏီေတြကို ေနတိုးနဲ႔ အေမရိကန္က စီးပြားေရးအရ
ျပင္းထန္စြာ အေရးယူဖို႔စီစၪၳားၾကပါတယ္။
ယူကရိန္းကို ႐ုရွားက က်ဳးေက်ာ္ၿပီး တစ္ရက္အၾကာမွာပဲ
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္ကလည္း
႐ုရွားကို အေရးယူပိတ္ဆို႔မႈေတြ ဆက္တိုက္ျပဳလုပ္ခဲ့ပါတယ္။
ေဒီအတြက္ မန္ယူကလည္း Aeroflot ေလေၾကာင္းလိုင္းအစား
ၿဗိတိန္အေျခစိုက္ Titan Airways ကို အသုံးျပဳၿပီး
စပိန္ကို ထြက္ခြာခဲ့တာျဖစ္ပါတယ္။
မန္ယူအတြင္းသတင္းတစ္ရပ္အရေတာ့ စပိန္ကို အျခား်လေၾကာင္းလို္င္းအသုံးျပဳၿပီး
ထြက္ခြာခဲ့တဲ့ ဆုံးျဖတ္ခ်က္အတြက္ မန္ယူနဲ႔ Aeroflot တို႔အၾကား
၂ ဦး ၂ ဖက္နားလည္မႈနဲ႔ လုပ္ေဆာင္ခဲ့တာလို႔ဆိုပါတယ္။
Aeroflot ကေတာ့ မန္ယူရဲ႕ စပြန္ဆာအျဖစ္ ဆက္လက္တည္ရွိေနဆဲလို႔ဆိုပါတယ္။
Aeroflot ေလေၾကာင္းလိုင္းကို ၁၉၂၃ က စတင္တည္ေထာင္ခဲ့တာပါ။
ကမာၻေပၚက ေရွးအက်ဆုံးေလေၾကာင္းလိုင္းေတြထဲက တစ္ခုျဖစ္ၿပီး
႐ုရွားအစိုးရကလည္း ရွယ္ယာ ၅၁% ကို ပိုင္ဆိုင္ထားကာ
က်န္ရွယ္ယာ ၄၉%ကေတာ့ ႐ုရွားစေတာ့အိတ္ခ်ိန္းမွာ
အေရာင္းအဝယ္ျဖစ္ေနပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ကေတာ့
လက္ရွိအေျခအေနေတြအရ ဒီႏွစ္ စိန္႔ပီတာစဘတ္ၿမိဳ႕မွာက်င္းပမယ့္
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုေတာင္ က်င္းပႏိုင္ဖို႔မလြယ္ဘူးလို႔ သုံးသပ္ထားပါေသးတယ္။
ယူအီးအက္ဖ္ေအကေတာ့ အေျခအေနေတြကို
အနီးကပ္ေစာင့္ၾကည့္ေနဆဲလို႔ တုံ႔ျပန္ထားပါတယ္။