ယူကရိန်းအရေးနဲ့ပတ်သက်လို့ မိခင်နိုင်ငံ ရုရှားရဲ့ကျူးကျော်မှုကို Speak Out လုပ်လာတဲ့ မိုဗစ်ချ်ရဲ့သမီး

ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ချ်ရဲ့သမီးဖြစ်သူဟာ

ယူကရိန်းနိုင်ငံကို ဝင်ရောက်ကျူးကျော်နေတဲ့ ရုရှားသမ္မတ
ပူတင်ရဲ့ လုပ်ရပ်ကို အပြင်းအထန်ဝေဖန်လိုက်ပြီး
ဗြိတိန်ဝန်ကြီးတစ်ဦးကတော့ ရုရှားဘီလျံနာ
မိုဗစ်ကို ချဲလ်ဆီးအသင်းပိုင်ရှင်အဖြစ်ကနေ
ဖယ်ရှားဖို့ တောင်းဆိုထားပါတယ်။

ပူတင်က ကြာသပတေးနေ့မှာ ယူကရိန်းကို
စစ်ကြေညာလိုက်ပြီးနောက် ဗြိတိန်အစိုးရကလည်း
ပူတင်နဲ့ ရင်းနှီးတဲ့ ရုရှားနိုင်ငံသားတွေကို
ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်နေပါတယ်။


အဲဒီမှာ ဝန်ကြီးတစ်ဦးက အသက် ၅၅ နှစ်အရွယ်ရှိ
မိုဗစ်ချ်ကို ချဲလ်ဆီးအသင်းပိုင်ရှင်အဖြစ်ကနေ
ဖယ်ရှားဖို့ တောင်းဆိုခဲ့ပေမယ့် မိုဗစ်ချ်ကတော့
ပူတင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်

ဆိုတဲ့သတင်းတွေကို ငြင်းဆန်ထားပါတယ်။
ယခုအခါ ဗြိတိန်မှာ နေထိုင်ခွင့်မရတော့ဘဲ
အစ္စရေးနဲ့ ပေါ်တူဂီနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားတဲ့
မိုဗစ်ချ်ဟာ ယူကရိန်းအရေးနဲ့ပတ်သက်လို့
ရုရှားနိုင်ငံရဲ့စစ်ရေးကျူးကျော်မှုအပေါ်

မှတ်ချက်မပေးသေးပေမယ့် သူ့ရဲ့သမီးဖြစ်သူ
ဆိုဖီယာအေဘရာမိုဗစ်ချ်ကတော့ အင်စတာဂရမ်မှာ
ယူကရိန်းပြည်သူတွေဘက်ကနေ Speak Out လုပ်လာပါတယ်။

ဆိုဖီယာက ”ပူတင်ပဲ စစ်ပွဲကို အလိုရှိတာပါ။
ကရင်မလင်ရဲ့အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံး
လိမ်ညာမှုကြီးကတော့ ရုရှားနိုင်ငံသားအများစုက
ပူတင်နဲ့ ရပ်တည်နေတယ်ဆိုတဲ့ ဂျင်းပါပဲ”လို့
အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။

ဆိုဖီယာမတိုင်ခင် ဒိုင်နမိုမော်စကိုနဲ့
ရုရှားလက်ရွေးစင် တိုက်စစ်မှူး ဆမိုလော့ဗ်က
ယူကရိန်းကို ကျူးကျော်ထိုးစစ်ဆင်နေတဲ့
ရုရှားနိုင်ငံရဲ့ လုပ်ရပ်ကို ပထမဆုံး
လူသိရှင်ကြား ဆန့်ကျင်တဲ့ အားကစားသမားအဖြစ်

စစ်ပွဲအလိုမရှိကြောင်း လူမှုမီဒီယာမှာ တင်ခဲ့ပါတယ်။