
သူ့အနေနဲ့ ယူကရိန်းအတွက် ကာကွယ်ပေးချင်ပေမယ့် မိသားစုကြောင့်သာ
အဲဒီလိုမလုပ်နိုင်ခဲ့တာလို့ မန်စီးတီးကြယ်ပွင့်ဇင်ချန်ကိုက ဖွင့်ဟလိုက်ပါတယ်။
ယူကရိန်းမှာ အခြားမိသားစုဝင်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေရှိတဲ့
ဇင်ချန်ကိုဟာ ရုရှားရဲ့ကျူးကျော်မှုနဲ့ပတ်သက်လို့ မကြာသေးခင်ကပဲ
ဘီဘီစီသတင်းဌာနမှာ အင်တာဗျူးလုပ်ခဲ့တာပါ။
အဲဒီမှာ ဒီစစ်ပွဲနဲ့ပတ်သက်လို့ သူ့အမြင်နဲ့ ခံစားခဲ့ရတာတွေကို ဖွင့်ဟသွားခဲ့ပါတယ်။
ရုရှားက ကျူးကျော်စစ်ဆင်နွှဲတာကို စသိတာနဲ့ပတ်သက်လို့
ဇင်ချန်ကိုက”အဲဒါက ယူကေစံတော်ချိန် ညည့်နက်သန်းခေါင်မှာဖြစ်ပြီး
ဇနီးက ကျွန်တော့်ကိုနှိုးပြီးတော့ ငိုနေတာပါ။
ကျွန်တော်လည်း အံ့သြတုန်လှုပ်သွားတယ်။
အဲဒီမှာ သူက ယူကရိန်းမှာဖြစ်နေတာတွေကို ဗီဒီယိုတွေ၊ ပုံတွေပြပါတယ်။
ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်သူတွေထဲက တစ်ယောက်သေတော့မယ်ဆိုရင်တောင်
ရင်ထဲအရမ်းခံစားရပါတယ်။ ဒါပေမဲ့ အခုဟာက ပိုဆိုးတာပေါ့ဗျာ”လု့ိ ပြောခဲ့တာပါ။
ရုရှားရဲ့ကျူးကျော်စစ်က ၉ ရက်ကြာရှိဖြစ်သလို သူခံစားရတာတွေကလည်း
မပြောင်းလဲဘူးလို့ ဇင်ချန်ကိုက ဆက်ပြောပါတယ်။
”ကျွန်တော် ငိုနေတာ တစ်ပတ်လောက်ရှိပြီ။ လေ့ကျင့်ရေးကွင်းကနေ
ကားမောင်းပြန်လာချိန်မှာတောင် ငိုမိပါတယ်”လို့ ဇင်ချန်ကိုက ဆိုခဲ့တာပါ။
ဇင်ချန်ကိုရဲ့သူငယ်ချင်းတွေအပါအဝင် ယူကရိန်းသားအများစုဟာ
အဲဒီမှာပဲဆက်နေပြီး ရုရှားကို တွန်းလှန်တိုက်ခိုက်နေကြသလို
အချို့ကလည်း ပြည်ပကနေပြန်လာပြီး စစ်ထဲဝင်ကြပါတယ်။
အဲဒါနဲ့ပတ်သက်လို့ ဇင်ချန်ကိုက”ရိုးရိုးသားသားပြောရရင်
ကျွန်တော့်သမီးနဲ့ ကျွန်တော့်မိသားစုကြောင့်သာ မဟုတ်ရင်
အဲဒီကို ကျွန်တော်ရောက်နေပါပြီ။ ကျွန်တော့်တိုင်းပြည်က
လူတွေအကြောင်း သိသလို သူတို့ရဲ့စိတ်ဓာတ်ကိုလည်း သိပါတယ်။
သူတို့ကလည်း အဲဒီလိုပဲ တွေးကြမှာပါ။ ယူကရိန်းသားဖြစ်ရတာ
အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော့်နိုင်ငံက လူတွေက
လက်မြှောက်အရှုံးပေးမှာ မဟုတ်ဘဲ အဲဒီအစား
သေရင်သေပစေတိုက်ကြမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
ယူကရိန္းအတြက္ ကာကြယ္ေပးခ်င္ေပမယ့္ မိသားစုေၾကာင့္သာ မလုပ္ႏိုင္ခဲ့တာလို႔ မန္စီးတီးၾကယ္ပြင့္ဇင္ခ်န္ကို
သူ႔အေနနဲ႔ ယူကရိန္းအတြက္ ကာကြယ္ေပးခ်င္ေပမယ့္ မိသားစုေၾကာင့္သာ
အဲဒီလိုမလုပ္ႏိုင္ခဲ့တာလို႔ မန္စီးတီးၾကယ္ပြင့္ဇင္ခ်န္ကိုက ဖြင့္ဟလိုက္ပါတယ္။
ယူကရိန္းမွာ အျခားမိသားစုဝင္ေတြနဲ႔ သူငယ္ခ်င္းမိတ္ေဆြေတြရွိတဲ့
ဇင္ခ်န္ကိုဟာ ႐ုရွားရဲ႕က်ဴးေက်ာ္မႈနဲ႔ပတ္သက္လို႔ မၾကာေသးခင္ကပဲ
ဘီဘီစီသတင္းဌာနမွာ အင္တာဗ်ဴးလုပ္ခဲ့တာပါ။
အဲဒီမွာ ဒီစစ္ပြဲနဲ႔ပတ္သက္လို႔ သူ႔အျမင္နဲ႔ ခံစားခဲ့ရတာေတြကို ဖြင့္ဟသြားခဲ့ပါတယ္။
႐ုရွားက က်ဴးေက်ာ္စစ္ဆင္ႏႊဲတာကို စသိတာနဲ႔ပတ္သက္လို႔
ဇင္ခ်န္ကိုက”အဲဒါက ယူေကစံေတာ္ခ်ိန္ ညည့္နက္သန္းေခါင္မွာျဖစ္ၿပီး
ဇနီးက ကြၽန္ေတာ့္ကိုႏႈိးၿပီးေတာ့ ငိုေနတာပါ။
ကြၽန္ေတာ္လည္း အံ့ၾသတုန္လႈပ္သြားတယ္။
အဲဒီမွာ သူက ယူကရိန္းမွာျဖစ္ေနတာေတြကို ဗီဒီယိုေတြ၊ ပုံေတြျပပါတယ္။
ကိုယ္နဲ႔ရင္းႏွီးကြၽမ္းဝင္သူေတြထဲက တစ္ေယာက္ေသေတာ့မယ္ဆိုရင္ေတာင္
ရင္ထဲအရမ္းခံစားရပါတယ္။ ဒါေပမဲ့ အခုဟာက ပိုဆိုးတာေပါ့ဗ်ာ”လု႔ိ ေျပာခဲ့တာပါ။
႐ုရွားရဲ႕က်ဴးေက်ာ္စစ္က ၉ ရက္ၾကာရွိျဖစ္သလို သူခံစားရတာေတြကလည္း
မေျပာင္းလဲဘူးလို႔ ဇင္ခ်န္ကိုက ဆက္ေျပာပါတယ္။
”ကြၽန္ေတာ္ ငိုေနတာ တစ္ပတ္ေလာက္ရွိၿပီ။ ေလ့က်င့္ေရးကြင္းကေန
ကားေမာင္းျပန္လာခ်ိန္မွာေတာင္ ငိုမိပါတယ္”လို႔ ဇင္ခ်န္ကိုက ဆိုခဲ့တာပါ။
ဇင္ခ်န္ကိုရဲ႕သူငယ္ခ်င္းေတြအပါအဝင္ ယူကရိန္းသားအမ်ားစုဟာ
အဲဒီမွာပဲဆက္ေနၿပီး ႐ုရွားကို တြန္းလွန္တိုက္ခိုက္ေနၾကသလို
အခ်ိဳ႕ကလည္း ျပည္ပကေနျပန္လာၿပီး စစ္ထဲဝင္ၾကပါတယ္။
အဲဒါနဲ႔ပတ္သက္လို႔ ဇင္ခ်န္ကိုက”႐ိုး႐ိုးသားသားေျပာရရင္
ကြၽန္ေတာ့္သမီးနဲ႔ ကြၽန္ေတာ့္မိသားစုေၾကာင့္သာ မဟုတ္ရင္
အဲဒီကို ကြၽန္ေတာ္ေရာက္ေနပါၿပီ။ ကြၽန္ေတာ့္တိုင္းျပည္က
လူေတြအေၾကာင္း သိသလို သူတို႔ရဲ႕စိတ္ဓာတ္ကိုလည္း သိပါတယ္။
သူတို႔ကလည္း အဲဒီလိုပဲ ေတြးၾကမွာပါ။ ယူကရိန္းသားျဖစ္ရတာ
အရမ္းဂုဏ္ယူပါတယ္။ ကြၽန္ေတာ့္ႏိုင္ငံက လူေတြက
လက္ေျမႇာက္အရႈံးေပးမွာ မဟုတ္ဘဲ အဲဒီအစား
ေသရင္ေသပေစတိုက္ၾကမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။