
ကမ္ဘာ့လူသားတွေက ဒီအချိန်မှာ ငြိမ်းချမ်းရေးအတွက်သာဆိုရင်
ဘယ်လောက်တန်ဖိုးကြီးကြီးပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေကြတယ်။
ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲလိုက်တာဟာ
ကမ္ဘာ့ငြိမ်းချမ်းရေးကို အတိုင်းအတာတစ်ခုအထိလှုပ်ခတ်သွားစေတယ်။
စစ်ပွဲစချိန်ကနေ 3 ရက်အတွင်းမှာ ယူကရိန်းနိုင်ငံသား 190 ကျော်သေဆုံးခဲ့ရတယ်။
ရုရှားရဲ့လုပ်ရပ်အတွက် ကန့်ကွက်မှုတွေကလည်း သောသောညံနေတယ်။
မနေ့ညကတော့ ချယ်လ်ဆီးအသင်းကို ထိန်းချုပ်ထားတဲ့
ရာထူးအရပ်ရပ်ကနေနုတ်ထွက်တယ်လို့
အသင်းပိုင်ရှင် ရုရှားနိုင်ငံသားအေဘရာမိုဗစ်က ကြေညာခဲ့တယ်။
ဒါပေမယ့် နည်းပြတူချယ်ဟာသူ့အသင်းကို ရုရှားနဲ့ တွဲလျက်မြင်ပြီး
တိုက်ခိုက်လာမှာကို စိုးရိမ်နေတုန်းပဲ။
ဒါ့အပြင် တူချယ်ကယူကရိန်းရဲ့ ငြိမ်းချမ်းရေးအတွက်သာဆိုရင်
ကာရာဘောင်းဖလားကို စွန့်လွှတ်ရလည်း ကျေနပ်တယ်လို့ ပြောခဲ့တယ်။
ချယ်လ်ဆီးဟာ ဒီညမှာ လီဗာပူးနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲကစားရမှာပါ။
တူချယ်က “စိတ်ခံစားချက်မကောင်းစွာနဲ့ ပွဲကစားရမှာပါ။
ကျွန်တော်တို့ ပွဲကို အပြည့်အာရုံစိုက်နိုင်မလား၊
အနိုင်ရခဲ့ရင်ရော အောင်ပွဲခံနိုင်ပါ့မလား။
အပြည့်အဝအောင်ပွဲခံရင် သင့်လျော်မှုရှိပါ့မလား။
ကျွန်တော် ဘယ်လိုခံစားရမလဲ။ ကျွန်တော်တို့ ရှုံးတာနဲ့
ဖြစ်ရပ်ဆိုးတွေ ရပ်တန့်ဖို့ အထောက်အကူဖြစ်နိုင်မလား။
အထောက်အကူဖြစ်မယ်ဆိုရင်တော့ အရှုံးကို ကျွန်တော်ကျေနပ်စွာလက်ခံမှာပါ။
ကျွန်တော်တို့ ဥရောပကို စစ်ပွဲတစ်ပွဲက ရုတ်တရက်ရောက်လာတာ ထိတ်လန့်စရာပါပဲ။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသင်းအတွက်ဆိုတဲ့ စိတ်ဓာတ်ကို တည်ဆောက်ရမှာပါ။
ချယ်လ်ဆီးကို ရုရှားနဲ့တွဲမြင်တာမျိုး မဖြစ်စေချင်ပါဘူး။ ပြဿနာက ကြီးမားပါတယ်။
လူတိုင်းနဲ့အတူ ကျွန်တော်တို့တွေ ခံစားနေကြရတာပါ” လို့ပြောသွားခဲ့ပါတယ်။
ငြိမ်းချမ်းရေးကို လူသားတွေ ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ
တူချယ်ရဲ့ စကားလုံးတွေက သက်သေပြနေပါတယ်။
တန်ဖိုးကြီးတဲ့ ငြိမ်းချမ်းရေးပန်းတွေ ထာဝရပွင့်လန်းနိုင်ပါစေ။
zawgyi
ယူကရိန္းရဲ႕ ၿငိမ္းခ်မ္းေရးအတြက္သာဆိုရင္ ကာရာေဘာင္းဖလားကို စြန႔္လႊတ္ရလည္း ေက်နပ္တယ္လို႔ တူခ်ယ္ ေျပာၾကား
ကမာၻ႔လူသားေတြက ဒီအခ်ိန္မွာ ၿငိမ္းခ်မ္းေရးအတြက္သာဆိုရင္
ဘယ္ေလာက္တန္ဖိုးႀကီးႀကီးေပးဆပ္ဖို႔ အဆင္သင့္ျဖစ္ေနၾကတယ္။
႐ုရွားႏိုင္ငံက ယူကရိန္းကို က်ဴးေက်ာ္စစ္ဆင္ႏႊဲလိုက္တာဟာ
ကမာၻ႔ၿငိမ္းခ်မ္းေရးကို အတိုင္းအတာတစ္ခုအထိလႈပ္ခတ္သြားေစတယ္။
စစ္ပြဲစခ်ိန္ကေန 3 ရက္အတြင္းမွာ ယူကရိန္းႏိုင္ငံသား 190 ေက်ာ္ေသဆုံးခဲ့ရတယ္။
႐ုရွားရဲ႕လုပ္ရပ္အတြက္ ကန႔္ကြက္မႈေတြကလည္း ေသာေသာညံေနတယ္။
မေန႔ညကေတာ့ ခ်ယ္လ္ဆီးအသင္းကို ထိန္းခ်ဳပ္ထားတဲ့
ရာထူးအရပ္ရပ္ကေနႏုတ္ထြက္တယ္လို႔
အသင္းပိုင္ရွင္ ႐ုရွားႏိုင္ငံသားေအဘရာမိုဗစ္က ေၾကညာခဲ့တယ္။
ဒါေပမယ့္ နည္းျပတူခ်ယ္ဟာသူ႔အသင္းကို ႐ုရွားနဲ႔ တြဲလ်က္ျမင္ၿပီး
တိုက္ခိုက္လာမွာကို စိုးရိမ္ေနတုန္းပဲ။
ဒါ့အျပင္ တူခ်ယ္ကယူကရိန္းရဲ႕ ၿငိမ္းခ်မ္းေရးအတြက္သာဆိုရင္
ကာရာေဘာင္းဖလားကို စြန႔္လႊတ္ရလည္း ေက်နပ္တယ္လို႔ ေျပာခဲ့တယ္။
ခ်ယ္လ္ဆီးဟာ ဒီညမွာ လီဗာပူးနဲ႔ ကာရာေဘာင္းဖလားဗိုလ္လုပြဲကစားရမွာပါ။
တူခ်ယ္က “စိတ္ခံစားခ်က္မေကာင္းစြာနဲ႔ ပြဲကစားရမွာပါ။
ကြၽန္ေတာ္တို႔ ပြဲကို အျပည့္အာ႐ုံစိုက္ႏိုင္မလား၊
အႏိုင္ရခဲ့ရင္ေရာ ေအာင္ပြဲခံႏိုင္ပါ့မလား။
အျပည့္အဝေအာင္ပြဲခံရင္ သင့္ေလ်ာ္မႈရွိပါ့မလား။
ကြၽန္ေတာ္ ဘယ္လိုခံစားရမလဲ။ ကြၽန္ေတာ္တို႔ ရႈံးတာနဲ႔
ျဖစ္ရပ္ဆိုးေတြ ရပ္တန႔္ဖို႔ အေထာက္အကူျဖစ္ႏိုင္မလား။
အေထာက္အကူျဖစ္မယ္ဆိုရင္ေတာ့ အရႈံးကို ကြၽန္ေတာ္ေက်နပ္စြာလက္ခံမွာပါ။
ကြၽန္ေတာ္တို႔ ဥေရာပကို စစ္ပြဲတစ္ပြဲက ႐ုတ္တရက္ေရာက္လာတာ ထိတ္လန႔္စရာပါပဲ။
ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ အသင္းအတြက္ဆိုတဲ့ စိတ္ဓာတ္ကို တည္ေဆာက္ရမွာပါ။
ခ်ယ္လ္ဆီးကို ႐ုရွားနဲ႔တြဲျမင္တာမ်ိဳး မျဖစ္ေစခ်င္ပါဘူး။ ျပႆနာက ႀကီးမားပါတယ္။
လူတိုင္းနဲ႔အတူ ကြၽန္ေတာ္တို႔ေတြ ခံစားေနၾကရတာပါ” လို႔ေျပာသြားခဲ့ပါတယ္။
ၿငိမ္းခ်မ္းေရးကို လူသားေတြ ဘယ္ေလာက္တန္ဖိုးထားသလဲဆိုတာ
တူခ်ယ္ရဲ႕ စကားလုံးေတြက သက္ေသျပေနပါတယ္။
တန္ဖိုးႀကီးတဲ့ ၿငိမ္းခ်မ္းေရးပန္းေတြ ထာဝရပြင့္လန္းႏိုင္ပါေစ။