
ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုဟာ ဆက်ဖြစ်နေတာကြောင့်
စကော့တလန်နဲ့ယူကရိန်းတို့ကြားက ကမ္ဘာ့ဖလားဖလားခြေစစ်ပွဲ
play-off ကို ရွှေ့ဆိုင်းလိုက်ပြီလို့ သိရပါတယ်။
ဒီလိုရွှေ့ဆိုင်းပေးဖို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ဖီဖာကို
တောင်းဆိုခဲ့တာဖြစ်ပြီး အခုတော့ လက်ခံလိုက်တာပါ။
စကော့တလန်နဲ့ယူကရိန်းတို့ဟာ လာမယ့်မေလ ၂၄ ရက်နေ့
စကော့တလန်နိုင်ငံ၊ ဂလက်စဂေါင်းမြို့မှာ ကစားရဖို့ရှိတာ ဖြစ်ပါတယ်။
အခုတော့ အဲဒီပွဲကို နေ့သစ်တစ်ခုမှာ ကျင်းပဖို့ ဆွေးနွေးနေကြပြီး
ဒီနှစ်သင်းဟာ လာမယ့်ဇွန်လရောက်မှ တွေ့ဆုံဖွယ်ရှိနေတာပါ။
ဖီဖာက စကော့တလန်၊ ယူကရိန်း၊ ဝေးလ်နဲ့ သြစတြီးယားဘောလုံးအဖွဲ့ချုပ်တို့က
တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ဇွန်လရောက်မှသာ ကန်ဖို့ပြောခဲ့တာ ဖြစ်ပါတယ်။
စကော့တလန်နဲ့ ယူကရိန်းတို့ဟာ နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း တွေ့ဆုံရဖို့ ရှိနေတာပါ။
စကော့တလန်နဲ့ ယူကရိန်းတို့ play-off ပွဲက အနိုင်ရတဲ့အသင်းဟာ
တစ်ဖက်က ဝေးလ်နဲ့သြစတြီးယားတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့
ဗိုလ်လုရမှာဖြစ်ကာ အနိုင်ရတဲ့အသင်းက နိုဝင်ဘာ ၂၁ ကနေ ဒီဇင်ဘာ ၁၈ အထိ
ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
တကယ်လို့ အခု play-off ပွဲက ဇွန်လကို ရွှေ့လိုက်ပြီဆိုရင်
အဲဒါက ကမ္ဘာ့ဖလားမဲခွဲမှုအပြီးကစားတာ ဖြစ်သွားမှာပါ။
ကာတာကမ္ဘာ့ဖလားအတွက် မဲခွဲမှုကို လာမယ့်ဧပြီလ ၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။
ယူရို ၂၀၂၀ တုန်းကလည်း အဲဒီလိုတူညီတဲ့အခြေအနေရှိခဲ့ပြီး
ခြေစစ်ပွဲ play-off ပွဲတွေမကန်ခင်မှာ ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
zawgyi
ယူကရိန္းရဲ႕ေတာင္းဆိုမႈကို လက္ခံလိုက္တဲ့ ဖီဖာ
ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈဟာ ဆက္ျဖစ္ေနတာေၾကာင့္
စေကာ့တလန္နဲ႔ယူကရိန္းတို႔ၾကားက ကမာၻ႔ဖလားဖလားေျခစစ္ပြဲ
play-off ကို ေ႐ႊ႕ဆိုင္းလိုက္ၿပီလို႔ သိရပါတယ္။
ဒီလိုေ႐ႊ႕ဆိုင္းေပးဖို႔ ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္က ဖီဖာကို
ေတာင္းဆိုခဲ့တာျဖစ္ၿပီး အခုေတာ့ လက္ခံလိုက္တာပါ။
စေကာ့တလန္နဲ႔ယူကရိန္းတို႔ဟာ လာမယ့္ေမလ ၂၄ ရက္ေန႔
စေကာ့တလန္ႏိုင္ငံ၊ ဂလက္စေဂါင္းၿမိဳ႕မွာ ကစားရဖို႔ရွိတာ ျဖစ္ပါတယ္။
အခုေတာ့ အဲဒီပြဲကို ေန႔သစ္တစ္ခုမွာ က်င္းပဖို႔ ေဆြးေႏြးေနၾကၿပီး
ဒီႏွစ္သင္းဟာ လာမယ့္ဇြန္လေရာက္မွ ေတြ႕ဆုံဖြယ္ရွိေနတာပါ။
ဖီဖာက စေကာ့တလန္၊ ယူကရိန္း၊ ေဝးလ္နဲ႔ ၾသစႀတီးယားေဘာလုံးအဖြဲ႕ခ်ဳပ္တို႔က
တာဝန္ရွိသူေတြနဲ႔ေတြ႕ဆုံၿပီး ဇြန္လေရာက္မွသာ ကန္ဖို႔ေျပာခဲ့တာ ျဖစ္ပါတယ္။
စေကာ့တလန္နဲ႔ ယူကရိန္းတို႔ဟာ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာလည္း ေတြ႕ဆုံရဖို႔ ရွိေနတာပါ။
စေကာ့တလန္နဲ႔ ယူကရိန္းတို႔ play-off ပြဲက အႏိုင္ရတဲ့အသင္းဟာ
တစ္ဖက္က ေဝးလ္နဲ႔ၾသစႀတီးယားတို႔ပြဲက အႏိုင္ရတဲ့အသင္းနဲ႔
ဗိုလ္လုရမွာျဖစ္ကာ အႏိုင္ရတဲ့အသင္းက ႏိုဝင္ဘာ ၂၁ ကေန ဒီဇင္ဘာ ၁၈ အထိ
ကာတာႏိုင္ငံမွာ က်င္းပမယ့္ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ယွဥ္ၿပိဳင္ခြင့္ရမွာ ျဖစ္ပါတယ္။
တကယ္လို႔ အခု play-off ပြဲက ဇြန္လကို ေ႐ႊ႕လိုက္ၿပီဆိုရင္
အဲဒါက ကမာၻ႔ဖလားမဲခြဲမႈအၿပီးကစားတာ ျဖစ္သြားမွာပါ။
ကာတာကမာၻ႔ဖလားအတြက္ မဲခြဲမႈကို လာမယ့္ဧၿပီလ ၁ ရက္ေန႔မွာ က်င္းပဖို႔ စီစဥ္ထားတာပါ။
ယူ႐ို ၂၀၂၀ တုန္းကလည္း အဲဒီလိုတူညီတဲ့အေျခအေနရွိခဲ့ၿပီး
ေျခစစ္ပြဲ play-off ပြဲေတြမကန္ခင္မွာ ၿပိဳင္ပြဲအတြက္ အုပ္စုမဲခြဲမႈ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။