
ယူကရိန်းနိုင်ငံကို ကျုးကျော်ဝင်ရောက်လာတဲ့ ရုရှားတပ်တွေကို
ပြန်လည်တိုက်ခိုက်ဖို့ ယူကရိန်းပြည်သူတွေကလည်း
လက်နက်ကိုင်တပ်ဖွဲ့တွေထဲကို တစ်ဖွဲဖွဲဝင်ရောက်နေကြပါတယ်။
အသက် ၆၃ နှစ်ရှိနေပြီဖြစ်တဲ့ ယူကရိန်းဘောလုံးဂန္ဓဝင်
ဗိုလိုဒီမီယာ ဘက်ဇ်ဆိုေနာ့ဗ်ကလည်း သူ့ရဲ့အမိမြေကိုကာကွယ်ဖို့အတွက်
ရုရှားတပ်တွေကို လက်နက်ကိုင်တိုက်ပွဲဝင်နေပြီလို့ ပြောကြားလိုက်ပါတယ်။
သူ့ရဲ့လူမှုကွန်ရက်မှာ ဗီဒီယိုဖိုင်အတိုလေးကို တင်ကာ –
” ယူကရိန်းမြေမှာ ရုရှားတွေကို အလိုမရှိဘူး။
ငါတု့ိရဲ့ အမိမြေကို ကာကွယ်ရမှာပဲ”လို့ ယူကရိန်းအလံ၊
သေနတ်ကိုကိုင်ကာ ပြောကြားခဲ့တာပါ။
ဘက်ဇ်ဆိုေနာ့ဗ်ဟာ ဒိုင်နမိုကိဗ်မှာ ၁၅ နှစ်ကျော်ကစားခ့့ဲ့သူပါ။
ဆိုဗီယက်ပြည်ထောင်စုခေတ်ဟောင်းတုန်းက
အမှတ်ပေးချန်ပီယံဆုကိုလည်း ၆ ကြိမ်ရခဲ့ဖူးပါတယ်။
အစ္စေရးကလပ် မက္ကာဘီဟိုင်ဖာမှာလည်း ကစားခဲ့ဖူးသလို
ယူကရိန်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ၁၉၈၉ ခုနှစ်မှာ ရခဲ့သူပါ။
ကစားသမားဘဝကအနားယူပြီးနောက် ၁၉၉၇ ကစပြီး နည်းပြအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။
သူ နည်းပြအဖြစ် နောက်ဆုံးတာဝန်ယူခဲ့တာကတော့
ယူကရိန်းပရီးမီးယားလိဂ်ကလပ် ဒီနီပရိုပါ။ ၂၀၀၈ ကနေ ၂၀၁၀ အတွင်း
တာဝန်ယူခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ကနေထွက်ရလို့
နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
အဲ့ဒိနောက် အေးအေးဆေးဆေးသာ နေထိုင်ခဲ့ရာက
ရုရှားတပ်တွေကျူးကျော်လာခဲ့ပြီးနောက် မှာတော့
ယူကရိန်းမြေကို ကာကွယ်ဖို့ လက်နက်ကိုင်လိုက်တာပဲ ဖြစ်ပါတယ်။
zawgyi
ယူကရိန္းေျမကို ကာကြယ္ဖို႔ လက္နက္ကိုင္လိုက္တဲ့ ၆၃ ႏွစ္အ႐ြယ္ ယူကရိန္းေဘာလုံးဂႏၶဝင္ႀကီး
ယူကရိန္းႏိုင္ငံကို က်ဳးေက်ာ္ဝင္ေရာက္လာတဲ့ ႐ုရွားတပ္ေတြကို
ျပန္လည္တိုက္ခိုက္ဖို႔ ယူကရိန္းျပည္သူေတြကလည္း
လက္နက္ကိုင္တပ္ဖြဲ႕ေတြထဲကို တစ္ဖြဲဖြဲဝင္ေရာက္ေနၾကပါတယ္။
အသက္ ၆၃ ႏွစ္ရွိေနၿပီျဖစ္တဲ့ ယူကရိန္းေဘာလုံးဂႏၶဝင္
ဗိုလိုဒီမီယာ ဘက္ဇ္ဆိုေနာ့ဗ္ကလည္း သူ႔ရဲ႕အမိေျမကိုကာကြယ္ဖို႔အတြက္
႐ုရွားတပ္ေတြကို လက္နက္ကိုင္တိုက္ပြဲဝင္ေနၿပီလို႔ ေျပာၾကားလိုက္ပါတယ္။
သူ႔ရဲ႕လူမႈကြန္ရက္မွာ ဗီဒီယိုဖိုင္အတိုေလးကို တင္ကာ –
” ယူကရိန္းေျမမွာ ႐ုရွားေတြကို အလိုမရွိဘူး။
ငါတု႔ိရဲ႕ အမိေျမကို ကာကြယ္ရမွာပဲ”လို႔ ယူကရိန္းအလံ၊
ေသနတ္ကိုကိုင္ကာ ေျပာၾကားခဲ့တာပါ။
ဘက္ဇ္ဆိုေနာ့ဗ္ဟာ ဒိုင္နမိုကိဗ္မွာ ၁၅ ႏွစ္ေက်ာ္ကစားခ့့ဲ့သူပါ။
ဆိုဗီယက္ျပည္ေထာင္စုေခတ္ေဟာင္းတုန္းက
အမွတ္ေပးခ်န္ပီယံဆုကိုလည္း ၆ ႀကိမ္ရခဲ့ဖူးပါတယ္။
အစၥေရးကလပ္ မကၠာဘီဟိုင္ဖာမွာလည္း ကစားခဲ့ဖူးသလို
ယူကရိန္းရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုလည္း ၁၉၈၉ ခုႏွစ္မွာ ရခဲ့သူပါ။
ကစားသမားဘဝကအနားယူၿပီးေနာက္ ၁၉၉၇ ကစၿပီး နည္းျပအျဖစ္လုပ္ကိုင္ခဲ့ပါတယ္။
သူ နည္းျပအျဖစ္ ေနာက္ဆုံးတာဝန္ယူခဲ့တာကေတာ့
ယူကရိန္းပရီးမီးယားလိဂ္ကလပ္ ဒီနီပ႐ိုပါ။ ၂၀၀၈ ကေန ၂၀၁၀ အတြင္း
တာဝန္ယူခဲ့တာျဖစ္ၿပီး ယူ႐ိုပါလိဂ္ကေနထြက္ရလို႔
နည္းျပအျဖစ္ကေန ထုတ္ပယ္ခံခဲ့ရပါတယ္။
အဲ့ဒိေနာက္ ေအးေအးေဆးေဆးသာ ေနထိုင္ခဲ့ရာက
႐ုရွားတပ္ေတြက်ဴးေက်ာ္လာခဲ့ၿပီးေနာက္ မွာေတာ့
ယူကရိန္းေျမကို ကာကြယ္ဖို႔ လက္နက္ကိုင္လိုက္တာပဲ ျဖစ္ပါတယ္။