ယူကရိန်းပြည်သူတွေအတွက် Save The Children ကတစ်ဆင့် ငွေကြေးတွေ လှူဒါန်းလိုက်တဲ့ မာရီယာရှာရာပိုဗာ
ဖေဖော်ဝါရီ ၂၄ က ယူကရိန်းကို ကျုးကျော်တိုက်ခိုက်ခဲ့တဲ့
ရုရှားရဲ့လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ရက်အတန်ကြာတိတ်ဆိတ်နေခဲ့ပေမယ့်
နောက်ဆုံးမှာတော့ ရုရှားတင်းနစ်မယ်ဟောင်း မာရီယာရှာရာပိုဗစ်က
ရုရှားနဲ့သမ္မတ ပူတင်ရဲ့ ကျုးကျော်မှုတွေကို ဆန့်ကျင်ပြီး
ယူကရိန်းပြည်သူတွေအတွက် ငွေကြေးလှူဒါန်းလိုက်ပြီဖြစ်ပါတယ်။
“ယူကရိန်းမှာ နေ့စဥ္ဖြစ်ပျက်နေမှုတွေက ကျွန်မကို စိတ်နှလုံးကွဲကြေစေပါတယ်။
ပိုပြီးကြီးထွားလာတဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ရတဲ့ ကလေးတွေ၊
မိသားစု​ေတွေ၊ သူတို့ရဲ့ ဖြစ်ရပ်ဆိုးတွေအတွက်လည်း
နက်နက်ရှိုင်းရှိုင်းကို ဝမ်းနည်းရပါတယ်”လို့ ရှာရာပိုဗာက
သူမရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ယူကရိန်းပြည်သူတွေအတွက် Save The Children ကတစ်ဆင့်
ငွေကြေးတွေ လှူဒါန်းလိုက်သလို သူမနဲ့အတူ
ဝိုင်းဝန်းပူးပေါင်းလှူဒါန်းပေးကြဖို့ကိုလည်း တစ်ကမ္ဘာလုံးက ပြည်သူတွေကို
ရှာရာပိုဗာက မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်။
” Save The Children ကို လှူဒါန်းထားပါတယ်။
ယူကရိန်းမှာ လိုအပ်နေသူတွေအတွက် ဒီအဖွဲ့က အစားအစာ၊ ရေ၊ အဝတ်အထည်စတဲ့
ထောက်ပံ့ကူညီမှုတွေကို ပေးနိုင်ဖို့ အမေအပန်းမရှိ လုပ်နေကြတာပါ။”
” ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ ပူးပေါင်းပြီး လှူဒါန်းပေးကြပါ၊
ငြိမ်းချမ်းရေးအတွက် ဆုတောင်းပါတယ်။ ကျွန်မရဲ့ချစ်မေတ္တာတွေကိုလည်း
ဘေးဒုက္ခကြုံတွေ့ခံစားနေရသူတွေ ရကြပါစေလို့ ဆုတောင်းပါတယ်” လို့
ရှာရာပိုဗာက ရေးသားခဲ့ပါသေးတယ်။
ရုရာပိုဗာဟာ လက်ရှိအချိန်မှာ ၃၄ နှစ်ရှိနေပါပြီ။ ရုရှားက ထွက်ပေါ်လာတဲ့
အားကစားသမားတွေအနက် နာမည်အကြီးဆုံးသူဖြစ်ပြီး ၂၀၂၀ အတွင်းမှာ
တင်းနစ်လောကကနေ အနားယူခဲ့သူပါ။ တင်းနစ်ကစားခဲ့စဥ္က ဆုကြေး၊
ကြေညာအရပ်ရပ်ဝင်ငွေတွေကနေ တစ်နှစ် ဒေါ်လာသန်း၂၀ ရတဲ့
အမျိုးသမီးတင်းနစ်မယ် ၄ ဦးအနက်က ၁ ဦးဖြစ်ပြီး
ဒေါ်လာ ၃၂၅ သန်းကြွယ်ဝတယ်လို့လည်း Forbes မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။
ရှာရာပိုဗာဟာ ရုရှားရဲ့ ကျုးကျော်မှုနဲ့ ပတ်သက်ပြီးတရားဝင်ကန့်ကွက်လိုက်တဲ့
ရုရှားအားကစားနယ်ပယ်က နာမည်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။
လက်ရှိ အမျိုးသားတင်းနစ်လောကမှာ ကမ္ဘာ့အဆင့် ၁ နေရာကို ရရှိထားတဲ့
ရုရှားတင်းနစ်ကစားသမား ဒန်နီ မက်ဒ်ဗီဒက်ဗ်နဲ့
ကမ္ဘာ့အဆင့် ၆ အန်ဒရီရူဘလက်ဗ်တို့ ၂ ဦးကလည်း ယူကရိန်းအပေါ်
ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်ဆိုင်းဖို့ တောင်းဆိုထားကြပါတယ်။
ဗြတိန်တင်းနစ်ကစားသမား အင်ဒီမာရေးကလည်း အခုနှစ်အတွင်း
သူတင်းနစ်ကစားရာကနေ ရရှိလာတဲ့ ဝင်ငွေအားလုံးကို
ယူကရိန်းပြည်သူတွေအတွက် ယူနီဆက်ဖ်တစ်ဆင့် လှူဒါန်းသွားမယ်လို့ ကြေညာထားပါတယ်။
ရုရှားသမ္မတ ပူတင်ရဲ့ ကျုးကျော်မှုကြောင့်
ယူကရိန်းက ကလေးငယ် ၇ ဒဿမ ၅ သန်းကျော်ဟာ အန္တရာယ်အခြေအနေနနဲ့
ရင်ဆိုင်နေရပြီလို့လည်း အင်ဒီမာရေးက သူ့ရဲ့ Twitter မှာ ရေးသားထားပါတယ်။
နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ် ITF ကတော့ ယူကရိန်းကို ကျုးကျော်တဲ့
ရူရှား၊ ရုရှားနဲ့ အလိုတူအလိုပါ ဘီလာရုစ်တို့ကြောင့် ရုရှားနဲ့ ဘီလာရုစ်က
တင်းနစ်ကစားသမားအားလုံးကို ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ထားပါတယ်။
ကျင်းပနေဆဲ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ္ပြိုင်နေဆဲ ရုရှား၊
ဘီလာရုစ်တင်းနစ်သမားတွေကိုတော့ သူတို့ရဲ့ နိုင်ငံအလံမပါဘဲ
ဆက်ကစားဖို့သာ ခွင့်ပြထားပါတယ်။
zawgyi
“ယူကရိန်းမှာ နေ့စဉ္ဖစ်ြပျက်နေမှုတွေက ကျွန်မကို စိတ်နှလုံးကွဲကြေစေပါတယ်။
မိသားစု​တွေ၊ သူတို့ရဲ့ ဖြစ်ရပ်ဆိုးတွေအတွက်လည်း