
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ငြိမ်းချမ်းရေးအတွက်
တောင်းဆိုကြသူတွေထဲမှာ မန်ယူစူပါစတားစီရော်နယ်ဒိုလည်း ပါဝင်လာခဲ့ပါပြီ။
ရုရှားသမ္မတပူတင်က ယူကရိန်းကို စစ်ကြေညာပြီး ဘက်ပေါင်းစုံကနေ
တိုက်ခိုက်မှုလုပ်နေတာကို နိုင်ငံတကာအသိုင်းအဝန်းက ရှုတ်ချမှုလုပ်နေကြတယ်။
အဲဒီထဲမှာ ဘောလုံးကမ္ဘာက သူတွေလည်းပါဝင်ပြီး
ယူကရိန်းနဲ့တစ်သားတည်းရှိကြောင်း ပြောနေကြသူတွေထဲမှာ
စီရော်နယ်ဒိုလည်း ပါဝင်လာခဲ့တာပါ။
၃၇ နှစ်အရွယ် အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ Instgram ပေါ်တက်ပြီး
”ကျွန်တော်တို့ရဲ့ကလေးတွေအတွက် ပိုကောင်းတဲ့ကမ္ဘာကို ဖန်တီးနိုင်ဖို့ လိုပါတယ်။
ကျွန်တော်တို့ရဲ့ကမ္ဘာကြီးငြိမ်းချမ်းဖို့ ဆုတောင်းနေပါတယ်”လို့ ရေးကာ
သူ့ရဲ့ ၄၀၇ သန်းသော follower တွေကို အသိပေးခဲ့ပါတယ်။
အဲဒီ Ballond d’Or ၅ ထပ်ကွမ်းကစားသမားဟာ ဂျူဗင်တပ်ကို
မထွက်ခွာခင်က ရီးရဲလ်မှာ ယူကရိန်းဂိုးသမားလူနင်နဲ့ ခဏကြာတွဲကစားခဲ့ဖူးတာပါ။
ရုရှားနဲ့ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ play-off ပွဲကို
သပိတ်မှောက်မယ်လို့ ပိုလန်လက်ရွေးစင်အသင်းက အတည်ပြုပြီးနောက်မှာ
စီရော်နယ်ဒိုက Instagram မှာ အဲဒီလိုရေးခဲ့တာ ဖြစ်ပါတယ်။
စီရော်နယ်ဒိုရဲ့ကလပ်အသင်းမန်ယူဟာလည်း ယူကရိန်း-ရုရှားအရေးအခင်းမှာ
ပြတ်ပြတ်သားသားရပ်တည်ထားတာပါ။
မန်ယူဟာ မကြာသေးခင်ကပဲ ရုရှားပိုင်လေကြောင်းလိုင်းဖြစ်တဲ့
Aeroflot နဲ့ စပွန်ဆာစာချုပ်ကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၁၃ ကတည်း Aeroflot လေကြောင်းလိုင်းနဲ့
ပူးတွဲလုပ်ဆောင်မှုကို စတင်ခဲ့တာဖြစ်ပြီး ၄ နှစ်အကြာမှာလည်း
စပွန်ဆာကြောင်း ပေါင်းသန်း ၄၀ ရမယ့် စပွန်ဆာစာချုပ်ကို ထပ်ချုပ်နိုင်ခဲ့တာပါ။
ပိုလန်ကြယ်ပွင့်လီဝန်ဒေါစကီးကလည်း ရုရှားနဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲကို
သပိတ်မှောက်ဖို့ သူ့နိုင်ငံအသင်းရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့
ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။
zawgyi
ယူကရိန္းနဲ႔တစ္သားတည္းရွိေၾကာင္း ေျပာေနၾကသူေတြထဲမွာ စီေရာ္နယ္ဒိုလည္း ပါဝင္လာခဲ့
႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္ၿပီးေနာက္ ၿငိမ္းခ်မ္းေရးအတြက္
ေတာင္းဆိုၾကသူေတြထဲမွာ မန္ယူစူပါစတားစီေရာ္နယ္ဒိုလည္း ပါဝင္လာခဲ့ပါၿပီ။
႐ုရွားသမၼတပူတင္က ယူကရိန္းကို စစ္ေၾကညာၿပီး ဘက္ေပါင္းစုံကေန
တိုက္ခိုက္မႈလုပ္ေနတာကို ႏိုင္ငံတကာအသိုင္းအဝန္းက ရႈတ္ခ်မႈလုပ္ေနၾကတယ္။
အဲဒီထဲမွာ ေဘာလုံးကမာၻက သူေတြလည္းပါဝင္ၿပီး
ယူကရိန္းနဲ႔တစ္သားတည္းရွိေၾကာင္း ေျပာေနၾကသူေတြထဲမွာ
စီေရာ္နယ္ဒိုလည္း ပါဝင္လာခဲ့တာပါ။
၃၇ ႏွစ္အ႐ြယ္ အဲဒီေပၚတူဂီၾကယ္ပြင့္ဟာ Instgram ေပၚတက္ၿပီး
”ကြၽန္ေတာ္တို႔ရဲ႕ကေလးေတြအတြက္ ပိုေကာင္းတဲ့ကမာၻကို ဖန္တီးႏိုင္ဖို႔ လိုပါတယ္။
ကြၽန္ေတာ္တို႔ရဲ႕ကမာၻႀကီးၿငိမ္းခ်မ္းဖို႔ ဆုေတာင္းေနပါတယ္”လို႔ ေရးကာ
သူ႔ရဲ႕ ၄၀၇ သန္းေသာ follower ေတြကို အသိေပးခဲ့ပါတယ္။
အဲဒီ Ballond d’Or ၅ ထပ္ကြမ္းကစားသမားဟာ ဂ်ဴဗင္တပ္ကို
မထြက္ခြာခင္က ရီးရဲလ္မွာ ယူကရိန္းဂိုးသမားလူနင္နဲ႔ ခဏၾကာတြဲကစားခဲ့ဖူးတာပါ။
႐ုရွားနဲ႔ကစားမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲ play-off ပြဲကို
သပိတ္ေမွာက္မယ္လို႔ ပိုလန္လက္ေ႐ြးစင္အသင္းက အတည္ျပဳၿပီးေနာက္မွာ
စီေရာ္နယ္ဒိုက Instagram မွာ အဲဒီလိုေရးခဲ့တာ ျဖစ္ပါတယ္။
စီေရာ္နယ္ဒိုရဲ႕ကလပ္အသင္းမန္ယူဟာလည္း ယူကရိန္း-႐ုရွားအေရးအခင္းမွာ
ျပတ္ျပတ္သားသားရပ္တည္ထားတာပါ။
မန္ယူဟာ မၾကာေသးခင္ကပဲ ႐ုရွားပိုင္ေလေၾကာင္းလိုင္းျဖစ္တဲ့
Aeroflot နဲ႔ စပြန္ဆာစာခ်ဳပ္ကို ဖ်က္သိမ္းခဲ့တာ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ၂၀၁၃ ကတည္း Aeroflot ေလေၾကာင္းလိုင္းနဲ႔
ပူးတြဲလုပ္ေဆာင္မႈကို စတင္ခဲ့တာျဖစ္ၿပီး ၄ ႏွစ္အၾကာမွာလည္း
စပြန္ဆာေၾကာင္း ေပါင္းသန္း ၄၀ ရမယ့္ စပြန္ဆာစာခ်ဳပ္ကို ထပ္ခ်ဳပ္ႏိုင္ခဲ့တာပါ။
ပိုလန္ၾကယ္ပြင့္လီဝန္ေဒါစကီးကလည္း ႐ုရွားနဲ႔ကမာၻ႔ဖလားေျခစစ္ပြဲကို
သပိတ္ေမွာက္ဖို႔ သူ႔ႏိုင္ငံအသင္းရဲ႕ဆုံးျဖတ္ခ်က္ဟာ မွန္ကန္တယ္လို႔
ဆိုရွယ္မီဒီယာမွာ ေရးတင္ခဲ့ပါတယ္။