ယူကရိန်းဒုက္ခသည်တွေအတွက် အိမ်ငှားပေးမယ်လို့ ဗန်ဒီဘိခ် ကမ်းလှမ်း

အဲဗာတန်အသင်းဘယ်နောက်ခံလူ ဗစ်တာလီမိုင်ကိုလန်ကိုက

အသင်းဖော်ကွင်းလယ်လူ ဗန်ဒီဘိခ်က ယူကရိန်းဒုက္ခသည်တွေအတွက်
အိမ်ငှားပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး
အသင်းဘက်က ကူညီထောက်ပံ့မှုတွေအတွက်လည်း
အံ့အားသင့်မိခဲ့ရကြောင်း ပြောပါတယ်။
UA Tribuna သတင်းဌာနဲ့ တွေ့ဆုံခဲ့ရာမှာ ယူကရိန်းလက်ရွေးစင်

မိုင်ကိုလန်ကိုက ယူနိုက်တက်ကနေ အဲဗာတန်ကို
အငှားလာကစားနေတဲ့ နယ်သာလန်လက်ရွေးစင်
ဗန်ဒီဘိခ်အနေနဲ့ ရုရှားနိုင်ငံရဲ့ကျူးကျော်မှုဒဏ်
ခံခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အိမ်တစ်လုံးငှားပေးဖို့
ကမ်းလှမ်းခဲ့တယ်လို့ ပြောခဲ့တာပါ။

”ရုရှားက ကျူးကျော်ဝင်ရောက်လိုက်တော့
အသင်းမှာရှိသူအားလုံးက ကျွန်တော့်ဆီ
ရောက်လာပြီး ကျွန်တော့်မိသားစု၊ ကျွန်တော့်သူငယ်ချင်းတွေ
ဘယ်လိုလဲလို့ လာမေးကြပါတယ်။ ဒုတိယမြောက်နေ့မှာ
နည်းပြချုပ်ရောက်လာပြီး အနားယူဖို့ လိုအပ်ရင်

ကောင်းကောင်းအနားယူလိုက်လို့ ကျွန်တော့်ကို လာပြောပါတယ်။
ပေါင်းစုံကနေ ကျွန်တော့်ကို အားလုံးဝိုင်းကူညီပေးကြလို့
အရမ်းပဲ ကျေနပ်ရပါတယ်။ ကျွန်တော့်ကိုလည်း
စကားတွေအများကြီးပြောပေးတယ်။
အသင်းရဲ့စိတ်ပညာရှင်ကလည်း ကျွန်တော့်ကို နှစ်သိမ့်ဆွေးနွေးပေးပါတယ်။

အဲဒီမှာ ဗန်ဒီဘိခ်ကလည်း ကျွန်တော့်ဆီလာပြီး
နယ်သာလန် ဒါမှမဟုတ် ပိုလန်နိုင်ငံတွေထဲ
ရောက်နေတဲ့ ယူကရိန်းဒုက္ခသည်တွေအတွက်
အိမ်တစ်လုံးလောက် ငှားပေးမယ်လို့ ပြောပါတယ်”လို့
မိုင်ကိုလန်ကိုက ပြောကြားခဲ့ပါတယ်။

နှစ်သစ်ကူးနေ့က ဒိုင်နမိုကိဗ်ကနေ အဲဗာတန်ကို
ရောက်လာခဲ့တဲ့ မိုင်ကိုလန်ကိုဟာ ဟိုရီးဟမ်းကို
အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲမှာ
အသင်းဘက်က သူ့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့
အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။

ယူကရိန်းအသင်းအတွက် ၂၁ ပွဲကစားပေးထားတဲ့
မိုင်ကိုလန်ကိုဟာ ဧပြီလ ၃ ရက်နေ့မှာ ကစားရမယ့်
ဝက်စ်ဟမ်းနဲ့ပွဲမှာ အဲဗာတန်ကစားသမားဘဝ
၇ပွဲမြောက်အဖြစ် ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။

Zawgyi

ယူကရိန္းဒုကၡသည္ေတြအတြက္ အိမ္ငွားေပးမယ္လုိ႔ ဗန္ဒီဘိခ္ ကမ္းလွမ္း
အဲဗာတန္အသင္းဘယ္ေနာက္ခံလူ ဗစ္တာလီမိုင္ကိုလန္ကိုက
အသင္းေဖာ္ကြင္းလယ္လူ ဗန္ဒီဘိခ္က ယူကရိန္းဒုကၡသည္ေတြအတြက္

အိမ္ငွားေပးဖို႔ ကမ္းလွမ္းခဲ့တယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလုိက္ၿပီး
အသင္းဘက္က ကူညီေထာက္ပံ့မႈေတြအတြက္လည္း
အံ့အားသင့္မိခဲ့ရေၾကာင္း ေျပာပါတယ္။
UA Tribuna သတင္းဌာနဲ႔ ေတြ႕ဆုံခဲ့ရာမွာ ယူကရိန္းလက္ေရြးစင္
မိုင္ကုိလန္ကိုက ယူႏုိက္တက္ကေန အဲဗာတန္ကို

အငွားလာကစားေနတဲ့ နယ္သာလန္လက္ေရြးစင္
ဗန္ဒီဘိခ္အေနနဲ႔ ရုရွားႏိုင္ငံရဲ႕က်ဴးေက်ာ္မႈဒဏ္
ခံခဲ့ရတဲ့ ဒုကၡသည္ေတြအတြက္ အိမ္တစ္လုံးငွားေပးဖို႔
ကမ္းလွမ္းခဲ့တယ္လုိ႔ ေျပာခဲ့တာပါ။
”ရုရွားက က်ဴးေက်ာ္၀င္ေရာက္လုိက္ေတာ့

အသင္းမွာရွိသူအားလုံးက ကၽြန္ေတာ့္ဆီ
ေရာက္လာၿပီး ကၽြန္ေတာ့္မိသားစု၊ ကၽြန္ေတာ့္သူငယ္ခ်င္းေတြ
ဘယ္လုိလဲလုိ႔ လာေမးၾကပါတယ္။ ဒုတိယေျမာက္ေန႔မွာ
နည္းျပခ်ဳပ္ေရာက္လာၿပီး အနားယူဖို႔ လိုအပ္ရင္
ေကာင္းေကာင္းအနားယူလုိက္လုိ႔ ကၽြန္ေတာ့္ကို လာေျပာပါတယ္။

ေပါင္းစုံကေန ကၽြန္ေတာ့္ကို အားလုံး၀ုိင္းကူညီေပးၾကလုိ႔
အရမ္းပဲ ေက်နပ္ရပါတယ္။ ကၽြန္ေတာ့္ကိုလည္း
စကားေတြအမ်ားႀကီးေျပာေပးတယ္။
အသင္းရဲ႕စိတ္ပညာရွင္ကလည္း ကၽြန္ေတာ့္ကို ႏွစ္သိမ့္ေဆြးေႏြးေပးပါတယ္။
အဲဒီမွာ ဗန္ဒီဘိခ္ကလည္း ကၽြန္ေတာ့္ဆီလာၿပီး

နယ္သာလန္ ဒါမွမဟုတ္ ပိုလန္ႏုိင္ငံေတြထဲ
ေရာက္ေနတဲ့ ယူကရိန္းဒုကၡသည္ေတြအတြက္
အိမ္တစ္လုံးေလာက္ ငွားေပးမယ္လုိ႔ ေျပာပါတယ္”လုိ႔
မိုင္ကိုလန္ကိုက ေျပာၾကားခဲ့ပါတယ္။
ႏွစ္သစ္ကူးေန႔က ဒိုင္နမိုကိဗ္ကေန အဲဗာတန္ကို

ေရာက္လာခဲ့တဲ့ မိုင္ကုိလန္ကိုဟာ ဟိုရီးဟမ္းကို
အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား ပဥၥမအဆင့္ပြဲမွာ
အသင္းဘက္က သူ႕ကို ေထာက္ခံေၾကာင္း ျပသတဲ့အေနနဲ႔
အသင္းေခါင္းေဆာင္အျဖစ္ ပါ၀င္ကစားခဲ့ပါတယ္။
ယူကရိန္းအသင္းအတြက္ ၂၁ ပြဲကစားေပးထားတဲ့

မိုင္ကုိလန္ကိုဟာ ဧၿပီလ ၃ ရက္ေန႔မွာ ကစားရမယ့္
၀က္စ္ဟမ္းနဲ႔ပြဲမွာ အဲဗာတန္ကစားသမားဘ၀
၇ပြဲေျမာက္အျဖစ္ ပါ၀င္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။