
ပေါ်တူဂီလူမျိုးနည်းပြ ဖွန်ဆီကာဟာ ယူကရိန်းနိုင်ငံသူနှင့် လက်ထပ်ထားပြီး
၂၀၁၉ ခုနှစ်တွင် သားတစ်ဦး မွေးဖွားထားကြောင်း သိရပါတယ်။
သူဟာယူကရိန်းကလပ်ရှက်တာဒိုးနက်စ်ကိုကိုင်တွယ်ခဲ့ကာ
ယူကရိန်းတွင် နှစ်အတန်ကြာပျော်ရွှင်စွာနေထိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကြောင့် အခုတော့ နည်းပြဟောင်းဟာ
ယူကရိန်းကနေ ထွက်ခွာခဲ့ရပါပြီ။
ပေါ်တူဂီသံရုံးက ဖွန်ဆီကာနှင့်မိသားစုအပြင်
ရှက်တာဒိုးနက်စ်ကစားသမားများဖြစ်ကြတဲ့အက်ဂါကော်ဒိုဆို၊ဖီးလစ်ပီဆူဆာတို့ကို
ဘတ်စ်ကားဖြင့်မော်ဒိုဗာသို့ခေါ်ဆောင်သွားနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
ဖွန်ဆီကာရဲ့ မိသားစုဟာ ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့မှ
ထွက်ခွာရန် စီစဉ်ခဲ့သော်လည်း ရုရှားက လေဆိပ်ကို ဗုံးကြဲတိုက်ခိုက်သဖြင့်
လေယာဉ်ထွက်ခွာမှု များအားလုံးကို ရွှေ့ဆိုင်းခဲ့ရသဖြင့် ယူကရိန်းနိုင်ငံတွင် ပိတ်မိနေခဲ့တာပါ။
ကိဗ်မြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေခဲ့စဉ် ဖွန်ဆီကာက
“နံနက် ၅ နာရီမှာ ကျွန်တော် နိုးလာတော့ ပေါက်ကွဲသံ
ငါးချက်ဆက်တိုက် ကြားခဲ့ရပါတယ်။ တကယ်တော့ ဖေဖော်ဝါရီ ၂၄ ရက်မှာ
ကျွန်တော်တို့ ယူကရိန်းက ထွက်ခွာမလို့ပါပဲ။
ဒါပေမဲ့ လေဆိပ်က ပျက်စီးသွားသလို ခရီးစဉ်တွေကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။
ကျွန်တော့်ဘဝမှာ အဆိုးရွားဆုံးနေ့ပါပဲ။” ဆိုပြီး
ယူကရိန်းက မလွတ်မြောက် ခင် အားလုံးသိအောင် အကူအညီ တောင်းခဲ့တာပါ။
zawgyi
ယူကရိန္းက ထြက္ခြာလာႏိုင္ခဲ့ၿပီျဖစ္တဲ့ ႐ိုးမားနည္းျပေဟာင္း
ေပၚတူဂီလူမ်ိဳးနည္းျပ ဖြန္ဆီကာဟာ ယူကရိန္းႏိုင္ငံသူႏွင့္ လက္ထပ္ထားၿပီး
၂၀၁၉ ခုႏွစ္တြင္ သားတစ္ဦး ေမြးဖြားထားေၾကာင္း သိရပါတယ္။
သူဟာယူကရိန္းကလပ္ရွက္တာဒိုးနက္စ္ကိုကိုင္တြယ္ခဲ့ကာ
ယူကရိန္းတြင္ ႏွစ္အတန္ၾကာေပ်ာ္႐ႊင္စြာေနထိုင္ခဲ့သူလည္းျဖစ္ပါတယ္။
႐ုရွားရဲ႕ က်ဴးေက်ာ္မႈေၾကာင့္ အခုေတာ့ နည္းျပေဟာင္းဟာ
ယူကရိန္းကေန ထြက္ခြာခဲ့ရပါၿပီ။
ေပၚတူဂီသံ႐ုံးက ဖြန္ဆီကာႏွင့္မိသားစုအျပင္
ရွက္တာဒိုးနက္စ္ကစားသမားမ်ားျဖစ္ၾကတဲ့အက္ဂါေကာ္ဒိုဆို၊ဖီးလစ္ပီဆူဆာတို႔ကို
ဘတ္စ္ကားျဖင့္ေမာ္ဒိုဗာသို႔ေခၚေဆာင္သြားႏိုင္ခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။
ဖြန္ဆီကာရဲ႕ မိသားစုဟာ ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ ယူကရိန္းႏိုင္ငံ၊ ကိဗ္ၿမိဳ႕မွ
ထြက္ခြာရန္ စီစဥ္ခဲ့ေသာ္လည္း ႐ုရွားက ေလဆိပ္ကို ဗုံးႀကဲတိုက္ခိုက္သျဖင့္
ေလယာဥ္ထြက္ခြာမႈ မ်ားအားလုံးကို ေ႐ႊ႕ဆိုင္းခဲ့ရသျဖင့္ ယူကရိန္းႏိုင္ငံတြင္ ပိတ္မိေနခဲ့တာပါ။
ကိဗ္ၿမိဳ႕ရွိ ဟိုတယ္တစ္ခုတြင္ တည္းခိုေနခဲ့စဥ္ ဖြန္ဆီကာက
“နံနက္ ၅ နာရီမွာ ကြၽန္ေတာ္ ႏိုးလာေတာ့ ေပါက္ကြဲသံ
ငါးခ်က္ဆက္တိုက္ ၾကားခဲ့ရပါတယ္။ တကယ္ေတာ့ ေဖေဖာ္ဝါရီ ၂၄ ရက္မွာ
ကြၽန္ေတာ္တို႔ ယူကရိန္းက ထြက္ခြာမလို႔ပါပဲ။
ဒါေပမဲ့ ေလဆိပ္က ပ်က္စီးသြားသလို ခရီးစဥ္ေတြကိုလည္း ေ႐ႊ႕ဆိုင္းလိုက္ရပါတယ္။
ကြၽန္ေတာ့္ဘဝမွာ အဆိုး႐ြားဆုံးေန႔ပါပဲ။” ဆိုၿပီး
ယူကရိန္းက မလြတ္ေျမာက္ ခင္ အားလုံးသိေအာင္ အကူအညီ ေတာင္းခဲ့တာပါ။