ယူကရိန်းကို ပိုမိုထောက်ခံမယ့် ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲတွေကို ပြသခွင့်ပိတ်ပင်ဖို့ တရုတ်အာဏာပိုင်တွေ စီစဉ်

တရုတ်အာဏာပိုင်တွေဟာ ယခုတစ်ပတ်အကုန်မှာ

ကျင်းပမယ့် ပရီးမီးယားလိဂ်ပွဲတွေကို သူတို့နိုင်ငံမှာ
ထုတ်လွှင့်ခွင့်ပိတ်ပင်တားမြစ်ဖို့ ပြင်ဆင်နေပြီး
အဓိကအချက်ကတော့ ပရီးမီးယားလိဂ်က
ယူကရိန်းကို ထောက်ခံတဲ့အကြောင်း
ဒီတစ်ပတ်မှာ ပိုမိုပြသတော့မှာမို့လို့ပါ။

ပထမဆုံး ဘီဘီစီသတင်းဌာနရဲ့ဖော်ပြချက်အရ
တရုတ်အာဏာပိုင်တွေဘက်က ဒီလိုလုပ်တာဟာ
ုရုရှားရဲ့ကျူးကျော်ဝင်ရောက်မှုနဲ့ ရင်ဆိုင်နေရတဲ့
ယူကရိန်းနိုင်ငံဘက်ကနေ ထောက်ခံတဲ့အကြောင်း
ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေမှာ ပိုမိုပြသမှာ

ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။


ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်ဝင်ရောက်မှုကြောင့်
ရုရှားကို ဗြိတိန်နဲ့ အီးယူတို့က စီးပွားရေးအရ

ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်တာကို တရုတ်က
လူသိရှင်ကြား စွပ်စွဲရှုတ်ချလိုက်ပြီး အမေရိကန်နဲ့
အနောက်နိုင်ငံတွေက ရုရှားကို ဒီလိုလုပ်စေဖို့
သွားစနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
အခုလည်း တရုတ်ဟာ ပူတင်ရဲ့ရုရှားနိုင်ငံကို

ထောက်ခံကြောင်း ပြသတဲ့အနေနဲ့
ဒီတစ်ပတ်ပိတ်ရက်မှာ ကျင်းပမယ့်
ပရီးမီးယားလိဂ်ပွဲတွေ ပြသမှုကို ပိတ်ပင်ဖို့ ပြင်ဆင်နေပါတယ်။

ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲတွေမှာ
အသင်းခေါင်းဆောင် ၂၀ ဦးစလုံးက ယူကရိန်းကို
ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယူကရိန်းအလံအရောင်
ကပ္ပတိန်လက်ပတ်တွေ ဝတ်ဆင်ကစားမှာဖြစ်သလို
ပွဲမစတင်ခင် ပရိသတ်တွေက ကစားသမားတွေ၊

နည်းပြတွေ၊ ပွဲတာဝန်ရှိသူတွေ၊ အသင်းဝန်ထမ်းတွေနဲ့အတူ
ယူကရိန်းအရေးနဲ့ပတ်သက်လို့ စည်းလုံးမှုကို ပြသမှာဖြစ်ပါတယ်။
ပြီးတော့ ကွင်းတိုင်းမှာ ကြီးမားတဲ့ စခရင်တွေကနေ
ယူကရိန်းအလံရဲ့အရောင်ဖြစ်တဲ့ အဝါနဲ့ အပြာရောင်
နောက်ခံထားပြီး ‘Football Stands Together’

စာကိုလည်း ပြသမှာဖြစ်ပါတယ်။