
ရုရှားကလပ်တွေနဲ့ လက်ရွေးစင်အသင်းတွေကို
ပြိုင်ပွဲအားလုံးကနေ ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း
ဖီဖာနဲ့ယူအီးအက်ဖ်အေတို့က ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ရုရှားဟာ ဘက်ပေါင်းစုံကနေ
ပိတ်ပင်တားမြစ်ခြင်းခံနေရတာဖြစ်ပြီး ဒီတစ်ခုကတော့
ရုရှားဘောလုံးလောကအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်မှာပါ။
ဒါကြောင့်လည်း ရုရှားဟာ လာမယ့်လမှာ ကစားမယ့်
ကမ္ဘာ့ဖလားခြေစစ်ပွဲ play-offs ပွဲတွေမှာ ကစားခွင့်ရမှာမဟုတ်တော့ပါဘူး။
ဒီလိုပဲ ရုရှားအမျိုးသမီးအသင်းဟာလည်း ဒီနွေမှာကျင်းပမယ့်
ယူရို ၂၀၂၂ ပြိုင်ပွဲကနေ ပိတ်ပင်ခံလိုက်ရပါတယ်။
လောလောဆယ် ရုရှားကလပ်တွေထဲမှာ ထိခိုက်သွားတာက
စပါးတပ်မော်စကိုဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရကာ
၁၆ သင်းအဆင့်မှာ သူတို့နဲ့ရင်ဆိုင်ရမယ့် လစ်ပ်ဇစ်ကတော့
အလိုအလျောက်ပဲ ကွာတားဖိုင်နယ်တက်သွားတာပါ။
ဒါ့အပြင် ယူအီးအက်ဖ်အေဟာ သူတို့ကို စပွန်ဆာပေးထားတဲ့
ရုရှားနိုင်ငံပိုင်သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးဖြစ်တဲ့
Gazprom နဲ့လည်း စာချုပ်ဖျက်သိမ်းလိုက်ပါတယ်။
ရုရှားဘောလုံးအဖွဲ့ချုပ်ကတော့ ဒီလိုပိတ်ပင်မှုကို
ပြတ်ပြတ်သားသားသဘောမတူညီကြောင့် ကြေညာခဲ့ပြီး
နိုင်ငံတကာအားကစားဥပဒေနဲ့အညီ ပြန်လည်တရားရင်ဆိုင်မယ်လု့ိ ဆိုခဲ့တာပါ။
ဒီလိုပိတ်ပင်မှုမလုပ်ခင် ရက်ပိုင်းအလိုက ဖီဖာဟာ ရုရှားအသင်းတွေကို
လာမယ့်ပွဲတွေမှာ နိုင်ငံအလံနဲ့ နိုင်ငံသီချင်းမပါဘဲ ကြားကွင်းတွေမှာသာ
ကစားစေရမယ်လို့ ကန့်သတ်ထုတ်ပြန်မှုလုပ်ခဲ့တာပါ။
ဒါပေမဲ့လည်း ဖီဖာရဲ့အဲဒီကန့်သတ်မှုကို ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပြီး
အခုတော့ အလုံးစုံပိတ်ပင်မှုလုပ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပမယ့်
ဒီရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆီ ရွေ့ပြောင်းထားပါတယ်။
zawgyi
ယူကရိန္းကို က်ဴးေက်ာ္ၿပီးေနာက္ပိုင္း ဘက္ေပါင္းစုံကေန ပိတ္ပင္တားျမစ္ျခင္းခံေနရတဲ့ ႐ုရွား
႐ုရွားကလပ္ေတြနဲ႔ လက္ေ႐ြးစင္အသင္းေတြကို
ၿပိဳင္ပြဲအားလုံးကေန ပိတ္ပင္လိုက္ၿပီျဖစ္ေၾကာင္း
ဖီဖာနဲ႔ယူအီးအက္ဖ္ေအတို႔က ပူးတြဲေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။
ယူကရိန္းကို က်ဴးေက်ာ္ၿပီးေနာက္ပိုင္း ႐ုရွားဟာ ဘက္ေပါင္းစုံကေန
ပိတ္ပင္တားျမစ္ျခင္းခံေနရတာျဖစ္ၿပီး ဒီတစ္ခုကေတာ့
႐ုရွားေဘာလုံးေလာကအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္မွာပါ။
ဒါေၾကာင့္လည္း ႐ုရွားဟာ လာမယ့္လမွာ ကစားမယ့္
ကမာၻ႔ဖလားေျခစစ္ပြဲ play-offs ပြဲေတြမွာ ကစားခြင့္ရမွာမဟုတ္ေတာ့ပါဘူး။
ဒီလိုပဲ ႐ုရွားအမ်ိဳးသမီးအသင္းဟာလည္း ဒီေႏြမွာက်င္းပမယ့္
ယူ႐ို ၂၀၂၂ ၿပိဳင္ပြဲကေန ပိတ္ပင္ခံလိုက္ရပါတယ္။
ေလာေလာဆယ္ ႐ုရွားကလပ္ေတြထဲမွာ ထိခိုက္သြားတာက
စပါးတပ္ေမာ္စကိုျဖစ္ၿပီး ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ထုတ္ပယ္ခံလိုက္ရကာ
၁၆ သင္းအဆင့္မွာ သူတို႔နဲ႔ရင္ဆိုင္ရမယ့္ လစ္ပ္ဇစ္ကေတာ့
အလိုအေလ်ာက္ပဲ ကြာတားဖိုင္နယ္တက္သြားတာပါ။
ဒါ့အျပင္ ယူအီးအက္ဖ္ေအဟာ သူတို႔ကို စပြန္ဆာေပးထားတဲ့
႐ုရွားႏိုင္ငံပိုင္သဘာဝဓာတ္ေငြ႕ကုမၸဏီႀကီးျဖစ္တဲ့
Gazprom နဲ႔လည္း စာခ်ဳပ္ဖ်က္သိမ္းလိုက္ပါတယ္။
႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ ဒီလိုပိတ္ပင္မႈကို
ျပတ္ျပတ္သားသားသေဘာမတူညီေၾကာင့္ ေၾကညာခဲ့ၿပီး
ႏိုင္ငံတကာအားကစားဥပေဒနဲ႔အညီ ျပန္လည္တရားရင္ဆိုင္မယ္လု႔ိ ဆိုခဲ့တာပါ။
ဒီလိုပိတ္ပင္မႈမလုပ္ခင္ ရက္ပိုင္းအလိုက ဖီဖာဟာ ႐ုရွားအသင္းေတြကို
လာမယ့္ပြဲေတြမွာ ႏိုင္ငံအလံနဲ႔ ႏိုင္ငံသီခ်င္းမပါဘဲ ၾကားကြင္းေတြမွာသာ
ကစားေစရမယ္လို႔ ကန႔္သတ္ထုတ္ျပန္မႈလုပ္ခဲ့တာပါ။
ဒါေပမဲ့လည္း ဖီဖာရဲ႕အဲဒီကန႔္သတ္မႈကို ျပင္းထန္တဲ့ေဝဖန္မႈေတြနဲ႔ႀကဳံေတြ႕ခဲ့ရၿပီး
အခုေတာ့ အလုံးစုံပိတ္ပင္မႈလုပ္လိုက္တာ ျဖစ္ပါတယ္။
ဒါ့အျပင္ ႐ုရွားႏိုင္ငံ စိန႔္ပီတာစဘတ္ၿမိဳ႕မွာ က်င္းပမယ့္
ဒီရာသီခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုလည္း ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ဆီ ေ႐ြ႕ေျပာင္းထားပါတယ္။