ယူကရိန်းကို ကျူးကျော်စစ်ပွဲဆင်နွှဲနေတာကြောင့် ရုရှားနဲ့ရုပ်သံစာချုပ်ကို ရပ်ဆိုင်းလိုက်တဲ့ ပရီးမီးယားလိဂ်

ယူကရိန်းကို ကျူးကျော်စစ်ပွဲဆင်နွှဲနေတာကြောင့် ပရီးမီးယားလိဂ်ဟာ

ရုပ်သံစာချုပ်ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်က ချင်းချက်သက်ရောက်မှာဖြစ်ပြီး ကြာသပတေးညကစားမယ့်

ပရီးမီးယားလိဂ် ၄ ပွဲစလုံးကို ရုရှားမှာ ကြည့်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

အခုဆုံးဖြတ်ချက်အတွက် ပရီမီးယားလိဂ်အသင်း ၂၀ စလုံးက

ကိုယ်စားလှယ်တွေဟာ လန်ဒန်မှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး

၁၅ မိနစ်တည်းနဲ့ သဘောတူညီမှုရခဲ့တာပါ။

ဒါ့အပြင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ယူကရိန်းပြည်သူတွေအတွက်

ပေါင် ၁ သန်းလှူဒါန်းသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲတွေတိုက်ရိုက်ထုတ်လွှင့်ခွင့်ကို ရုရှားကုမ္ပဏီတွေထဲကဆို

Rambler Group က ပိုင်ဆိုင်ထားတာပါ။

အဲဒီကုမ္ပဏီဟာ ရုရှားမှာ ပရီးမီးယားလိဂ်ပွဲတွေပြဖို့

၃ နှစ်စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး အခုက နောက်ဆုံးနှစ်ထဲရောက်နေတာပါ။

အခြားတစ်ဖက်မှာလည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ဟာ

ရုရှားနဲ့ချုပ်ဆိုထားတဲ့ ရုပ်သံစာချုပ်ကို ရပ်ဆိုင်းခဲ့ပါတယ်။

ဒါကြောင့်လည်း အခုလထဲကစားမယ့် အက်ဖ်အေဖလား

ကွာတားဖိုင်နယ်ပွဲတွေကိုလည်း ရုရှားမှာ ကြည့်ခွင့်ရမှာ မဟုတ်တော့ပါဘူး။

ပရီမီးယားလိဂ်အဖွဲ့ချုပ်ကတော့ ယူကရိန်းအပေါ်

ရုရှားရဲ့ကျူးကျော်မှုကို ရှုတ်ချကြောင်း

ပြောလိုက်ပြီး ရုပ်သံစာချုပ်ရပ်ဆိုင်းဖို့ ကလပ်အားလုံးက

တစ်ညီတစ်ညွတ်တည်းသဘောတူခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ်ပွဲတွေမှာလည်း

ယူကရိန်းကို အားပေးထောက်ခံတဲ့လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာပါ။

zawgyi

ယူကရိန္းကို က်ဴးေက်ာ္စစ္ပြဲဆင္ႏႊဲေနတာေၾကာင့္ ႐ုရွားနဲ႔႐ုပ္သံစာခ်ဳပ္ကို ရပ္ဆိုင္းလိုက္တဲ့ ပရီးမီးယားလိဂ္

ယူကရိန္းကို က်ဴးေက်ာ္စစ္ပြဲဆင္ႏႊဲေနတာေၾကာင့္ ပရီးမီးယားလိဂ္ဟာ

႐ုပ္သံစာခ်ဳပ္ကို ရပ္ဆိုင္းလိုက္ၿပီ ျဖစ္ပါတယ္။

ဒီဆုံးျဖတ္ခ်က္က ခ်င္းခ်က္သက္ေရာက္မွာျဖစ္ၿပီး ၾကာသပေတးညကစားမယ့္

ပရီးမီးယားလိဂ္ ၄ ပြဲစလုံးကို ႐ုရွားမွာ ၾကည့္ခြင့္ရေတာ့မွာ မဟုတ္ပါဘူး။

အခုဆုံးျဖတ္ခ်က္အတြက္ ပရီမီးယားလိဂ္အသင္း ၂၀ စလုံးက

ကိုယ္စားလွယ္ေတြဟာ လန္ဒန္မွာ ေတြ႕ဆုံေဆြးေႏြးခဲ့တာျဖစ္ၿပီး

၁၅ မိနစ္တည္းနဲ႔ သေဘာတူညီမႈရခဲ့တာပါ။

ဒါ့အျပင္ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ယူကရိန္းျပည္သူေတြအတြက္

ေပါင္ ၁ သန္းလႉဒါန္းသြားမယ္လို႔လည္း ေၾကညာခဲ့ပါတယ္။

ပရီးမီးယားလိဂ္ပြဲေတြတိုက္႐ိုက္ထုတ္လႊင့္ခြင့္ကို ႐ုရွားကုမၸဏီေတြထဲကဆို

Rambler Group က ပိုင္ဆိုင္ထားတာပါ။

အဲဒီကုမၸဏီဟာ ႐ုရွားမွာ ပရီးမီးယားလိဂ္ပြဲေတြျပဖို႔

၃ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားတာျဖစ္ၿပီး အခုက ေနာက္ဆုံးႏွစ္ထဲေရာက္ေနတာပါ။

အျခားတစ္ဖက္မွာလည္း အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(အက္ဖ္ေအ)ဟာ

႐ုရွားနဲ႔ခ်ဳပ္ဆိုထားတဲ့ ႐ုပ္သံစာခ်ဳပ္ကို ရပ္ဆိုင္းခဲ့ပါတယ္။

ဒါေၾကာင့္လည္း အခုလထဲကစားမယ့္ အက္ဖ္ေအဖလား

ကြာတားဖိုင္နယ္ပြဲေတြကိုလည္း ႐ုရွားမွာ ၾကည့္ခြင့္ရမွာ မဟုတ္ေတာ့ပါဘူး။

ပရီမီးယားလိဂ္အဖြဲ႕ခ်ဳပ္ကေတာ့ ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဴးေက်ာ္မႈကို ရႈတ္ခ်ေၾကာင္း

ေျပာလိုက္ၿပီး ႐ုပ္သံစာခ်ဳပ္ရပ္ဆိုင္းဖို႔ ကလပ္အားလုံးက

တစ္ညီတစ္ၫြတ္တည္းသေဘာတူခဲ့တာလို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့အပတ္က ပရီးမီးယားလိဂ္ပြဲေတြမွာလည္း

ယူကရိန္းကို အားေပးေထာက္ခံတဲ့လႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့တာပါ။