ယုံကြည်မှုပြန်ရရေး ပွဲကြီးတွေမှာ မက်ဂွိုင်းယားကို ချန်လှပ်သင့်တယ်လို့ ဗီဒစ် အကြံပြု

ယူနိုက်တက်အသင်းဂန္ထဝင်နောက်ခံလူ နီမန်ဂျာဗီဒစ်က

လက်ရှိအသင်းခေါင်းဆောင် မက်ဂွိုင်းယားအနေနဲ့
ပိုမိုလွယ်ကူနိုင်တဲ့ပွဲတွေပဲ ကစားရင်း အကျိုးအမြတ်
ရနိုင်တယ်လို့ အကြံပြုလိုက်ပါတယ်။
အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းယားဟာ ယခုရာသီမှာ
ယူနိုက်တက်အသင်းဖော်တွေလိုပဲ ပြင်းထန်တဲ့

ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းကလည်း
အဲဗာတန်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရရာ ချန်ပီယံလိဂ်ဝင်ခွင့်
မျှော်လင့်ချက် ပိုမိုလျော့နည်းသွားပါတယ်။
လက်ရှိကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူအဖြစ် လက်စတာကနေ
ပေါင်သန်း ၈၀နဲ့ ရောက်ရှိခဲ့တဲ့ မက်ဂွိုင်းယားအတွက်

ပိုဆိုးတာက အဲဗာတန်အသင်းအတွက် တစ်လုံးတည်းသော
အနိုင်ဂိုးသွင်းသွားတဲ့ ဂေါ်ဒွန်ရဲ့ကန်ချက်က
သူနဲ့ထိကာ လမ်းကြောင်းပြောင်းဝင်သွားခဲ့တာဖြစ်ပါတယ်။
မက်ဂွိုင်းယားဟာ ယူနိုက်တက်နဲ့အတူ ဝေဖန်ခံနေရသလို
အင်္ဂလန်အသင်းအတွက် ကစားပေးခဲ့တုန်းကလည်း

ဝေဖန်ခံခဲ့ရပြီး ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အတွင်း
အိမ်ကွင်း ဝင်ဘလေမှာ ခြေစမ်းပွဲမကစားခင်
သူ့နာမည် ထွက်ပေါ်လာချိန်မှာ ကိုယ့်အသင်းပရိသတ်တွေရဲ့
လှောင်ပြောင်အော်ဟစ်ခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်အောက်မှာ

အောင်မြင်မှုတွေအများအပြားရယူနိုင်ခဲ့ပြီး အသင်းအတွက်
ပွဲပေါင်း ၃၀၀ ကစားပေးခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဗီဒစ်က
လက်ရှိနည်းပြ ရန်းနစ်အနေနဲ့ မက်ဂွိုင်းယား ယုံကြည်မှုတွေ
ပြန်ရဖို့ လက်ရှိအချိန်မှာ သူ့ကို လူစာရင်းကနေ ချန်လှပ်သင့်တယ်လို့ ဆိုပါတယ်။
”ဘယ်သူမဆို သူ့ရဲ့ကစားသမားဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန်တော့

စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ အနိမ့်ပိုင်းရောက်တတ်ပါတယ်။
ကျွန်တော်လည်း ဖြစ်ခဲ့ဖူးပြီး အခု မက်ဂွိုင်းယားဖြစ်နေတာလည်း အဲဒီအချက်ပါပဲ။
ကစားသမားအနေနဲ့ ကွင်းထဲမှာ တောင့်တင်းသန်မာစေရေး
ခံစားချက်ပြန်ဖြစ်လာဖို့ လိုအပ်ပါတယ်။
ကိုယ်က ဖိအားအရမ်းများတဲ့ပွဲတွေမှာ ကောင်းကောင်းကစားနိုင်ဖို့ ခက်ပါတယ်။

အထူးသဖြင့် လူတွေက ကိုယ်အမှားကျူးလွန်မှာစောင့်နေတဲ့
မက်ဂွိုင်းယားလိုအနေအထားပေါ့”လို့ ဗီဒစ်က ပြောပါတယ်။
ပရိသတ်တချို့က ယူနိုက်တက်အသင်းအနေနဲ့
မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူးကနေ
ဖယ်ရှားသင့်တယ်လို့ တိုက်တွန်းနေပြီး ယခုရာသီအစောပိုင်းက

ထွက်ပေါ်ခဲ့တဲ့အသင်းတွေအရ နာမည်မဖော်ပြတဲ့
ယူနိုက်တက်အသင်းသားတစ်ဦးက မက်ဂွိုင်းယားကို
အသင်းခေါင်းဆောင်ခန့်အပ်ခဲ့တာနဲ့ပတ်သက်လို့
နည်းပြဆိုးလ်ရှား(ထိုစဉ်က)ကို မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် ယူနိုက်တက်ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့

တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီကလည်း မက်ဂွိုင်းယားကို
ထောက်ခံသွားခဲ့ပြီး မက်ဂွိုင်းယားသာ ယုံကြည်မှုပြန်ရလာရင်
ယူနိုက်တက်အသင်းရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ်
ပါဝင်လာလိမ့်မယ်လို့ ပြောထားပါတယ်။

Zawgyi

ယုံၾကည္မႈျပန္ရေရး ပြဲႀကီးေတြမွာ မက္ဂြိဳင္းယားကို ခ်န္လွပ္သင့္တယ္လုိ႔ ဗီဒစ္ အႀကံျပဳ
ယူႏုိက္တက္အသင္းဂႏၳ၀င္ေနာက္ခံလူ နီမန္ဂ်ာဗီဒစ္က
လက္ရွိအသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားအေနနဲ႔

ပိုမိုလြယ္ကူႏိုင္တဲ့ပြဲေတြပဲ ကစားရင္း အက်ိဳးအျမတ္
ရႏိုင္တယ္လုိ႔ အႀကံျပဳလုိက္ပါတယ္။
အဂၤလန္လက္ေရြးစင္ မက္ဂြိဳင္းယားဟာ ယခုရာသီမွာ
ယူႏုိက္တက္အသင္းေဖာ္ေတြလုိပဲ ျပင္းထန္တဲ့
ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရၿပီး အသင္းကလည္း

အဲဗာတန္ကို ၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရရာ ခ်န္ပီယံလိဂ္၀င္ခြင့္
ေမွ်ာ္လင့္ခ်က္ ပိုမိုေလ်ာ့နည္းသြားပါတယ္။
လက္ရွိကမၻာ့ေစ်းအႀကီးဆုံးေနာက္ခံလူအျဖစ္ လက္စတာကေန
ေပါင္သန္း ၈၀နဲ႔ ေရာက္ရွိခဲ့တဲ့ မက္ဂြိဳင္းယားအတြက္
ပိုဆုိးတာက အဲဗာတန္အသင္းအတြက္ တစ္လုံးတည္းေသာ

အႏိုင္ဂိုးသြင္းသြားတဲ့ ေဂၚဒြန္ရဲ႕ကန္ခ်က္က
သူနဲ႔ထိကာ လမ္းေၾကာင္းေျပာင္း၀င္သြားခဲ့တာျဖစ္ပါတယ္။
မက္ဂြိဳင္းယားဟာ ယူႏုိက္တက္နဲ႔အတူ ေ၀ဖန္ခံေနရသလုိ
အဂၤလန္အသင္းအတြက္ ကစားေပးခဲ့တုန္းကလည္း
ေ၀ဖန္ခံခဲ့ရၿပီး ၿပီးခဲ့တဲ့ႏိုင္ငံတကာရက္သတၱပတ္အတြင္း

အိမ္ကြင္း ၀င္ဘေလမွာ ေျခစမ္းပြဲမကစားခင္
သူ႕နာမည္ ထြက္ေပၚလာခ်ိန္မွာ ကိုယ့္အသင္းပရိသတ္ေတြရဲ႕
ေလွာင္ေျပာင္ေအာ္ဟစ္ျခင္းနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။
ယူႏုိက္တက္ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္လက္ေအာက္မွာ
ေအာင္ျမင္မႈေတြအမ်ားအျပားရယူႏိုင္ခဲ့ၿပီး အသင္းအတြက္

ပြဲေပါင္း ၃၀၀ ကစားေပးခဲ့တဲ့ အသင္းေခါင္းေဆာင္ေဟာင္း ဗီဒစ္က
လက္ရွိနည္းျပ ရန္းနစ္အေနနဲ႔ မက္ဂြိဳင္းယား ယုံၾကည္မႈေတြ
ျပန္ရဖို႔ လက္ရွိအခ်ိန္မွာ သူ႕ကို လူစာရင္းကေန ခ်န္လွပ္သင့္တယ္လုိ႔ ဆုိပါတယ္။
”ဘယ္သူမဆို သူ႕ရဲ႕ကစားသမားဘ၀မွာ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ေတာ့
စြမ္းေဆာင္ရည္နဲ႔ပတ္သက္လုိ႔ အနိမ့္ပိုင္းေရာက္တတ္ပါတယ္။

ကၽြန္ေတာ္လည္း ျဖစ္ခဲ့ဖူးၿပီး အခု မက္ဂြိဳင္းယားျဖစ္ေနတာလည္း အဲဒီအခ်က္ပါပဲ။
ကစားသမားအေနနဲ႔ ကြင္းထဲမွာ ေတာင့္တင္းသန္မာေစေရး
ခံစားခ်က္ျပန္ျဖစ္လာဖို႔ လိုအပ္ပါတယ္။
ကုိယ္က ဖိအားအရမ္းမ်ားတဲ့ပြဲေတြမွာ ေကာင္းေကာင္းကစားႏိုင္ဖို႔ ခက္ပါတယ္။
အထူးသျဖင့္ လူေတြက ကိုယ္အမွားက်ဴးလြန္မွာေစာင့္ေနတဲ့

မက္ဂြိဳင္းယားလုိအေနအထားေပါ့”လို႔ ဗီဒစ္က ေျပာပါတယ္။
ပရိသတ္တခ်ိဳ႕က ယူႏုိက္တက္အသင္းအေနနဲ႔
မက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္ရာထူးကေန
ဖယ္ရွားသင့္တယ္လုိ႔ တုိက္တြန္းေနၿပီး ယခုရာသီအေစာပိုင္းက
ထြက္ေပၚခဲ့တဲ့အသင္းေတြအရ နာမည္မေဖာ္ျပတဲ့

ယူႏုိက္တက္အသင္းသားတစ္ဦးက မက္ဂြိဳင္းယားကို
အသင္းေခါင္းေဆာင္ခန္႔အပ္ခဲ့တာနဲ႔ပတ္သက္လုိ႔
နည္းျပဆုိးလ္ရွား(ထိုစဥ္က)ကို ေမးခြန္းထုတ္ခဲ့တယ္လုိ႔ သိရပါတယ္။
ေနာက္ထပ္ ယူႏုိက္တက္ဂႏၳ၀င္ကစားသမားတစ္ဦးျဖစ္တဲ့
တုိက္စစ္မွဴးေဟာင္း ၀ိန္းရြန္နီကလည္း မက္ဂြိဳင္းယားကို

ေထာက္ခံသြားခဲ့ၿပီး မက္ဂြိဳင္းယားသာ ယုံၾကည္မႈျပန္ရလာရင္
ယူႏုိက္တက္အသင္းရဲ႕အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ရပ္အျဖစ္
ပါ၀င္လာလိမ့္မယ္လုိ႔ ေျပာထားပါတယ္။