
စိတ်ခံစားချက် အရမ်းပြင်းထန်တဲ့ တူရကီပရိသတ်တစ်ဦးဟာ
ကမ္ဘာ့ဖလားခြေစစ်ပွဲ ဆီမီးဖိုင်နယ် ပလေးအော့ဖ်ပွဲမှာ
တူရကီတိုက်စစ်မှူး ယီလ်မက်ဇ် အရေးပါတဲ့ပင်နယ်တီ
ကန်သွင်းချက် လွဲချော်သွားခဲ့ပြီးနောက် ပေါက်ကွဲသွားပြီး
ကြည့်နေတဲ့တီဗွီကို သေနတ်နဲ့ ပစ်တဲ့အထိ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ပါတယ်။
တူရကီဟာ အဲဒီပွဲမှာ ပေါ်တူဂီကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီး
ပေါ်တူဂီကတော့ ဗိုလ်လုပွဲမှာ မြောက်မက်ဆီဒိုးနီးယားနဲ့ ရင်ဆိုင်ရမှာပါ။
ပေါ်တူဂီဟာ ပထမပိုင်းမှာ ၂-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်
ဝါရင့်တိုက်စစ်မှူး ယီလ်မက်ဇ်က ချေပဂိုးသွင်းယူနိုင်ခဲ့လို့
တူရကီလည်း မျှော်လင့်ချက်ပြန်လည်တောက်ပလာပြီး
အိမ်ရှင်အသင်းကို အပြန်အလှန်ဖိအားပေးနိုင်ခဲ့ပါတယ်။
အဲဒီမှာ တူရကီအသင်း ပင်နယ်တီရခဲ့ပြီးနောက်
အသင်းခေါင်းဆောင် ယီလ်မက်ဇ်လည်း
၂-၂ဂိုးဖြစ်စေမယ့်အခွင့်အရေး ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အသက် ၃၆ နှစ်အရွယ်ရှိ လိုင်လီတိုက်စစ်မှူးရဲ့
ပင်နယ်တီကန်သွင်းချက်က ဂိုးဘားပေါ် ကျော်သွားပြီး
ပေါ်တူဂီအသင်းက နာကျင်အချိန်ပိုမှာ လူစားဝင်
ကစားသမား မာသီးယပ်စ်နူနက်စ်ရဲ့သွင်းဂိုးနဲ့အတူ
ဂိုးပြတ်အနိုင်ယူပြီး ခြေစစ်ပွဲအောင်မြင်ဖို့ လက်တစ်ကမ်းအကွာ ရောက်သွားပါတယ်။
တူရကီပရိသတ်တွေအတွက် တကယ့်ကိုရင်ခံစရာဖြစ်ခဲ့ပြီး
အဲဒီမှာ ပရိသတ်တစ်ဦးရဲ့တုံ့ပြန်ပုံက အားလုံးထက်ပိုမိုထူးခြားခဲ့ပါတယ်။
အဲဒီမှာ ပရိသတ်တစ်ဦးက ယီလ်မက်ဇ်
ပင်နယ်တီကန်ကတည်းက တီဗွီစခရင်ကို
ပစ္စတိုနဲ့ ချိန်ထားတာဖြစ်ပြီး ဂိုးဘားပေါ်ကျော်သွားချိန်မှာတော့
ဘယ်လိုမှစိတ်မထိန်းနိုင်ဘဲ အဲဒီတီဗွီကို
သေနတ်နဲ့ ပစ်လိုက်တာဖြစ်ပါတယ်။
အဲဒီလိုသေနတ်နဲ့ပစ်လိုက်လို့ တီဗွီတောင်
ရှော့ခ်တွေဖြစ်သွားရတဲ့အထိ အခြေအနေဆိုးသွားပါတယ်။
အဲဒီပွဲအပြီးမှာ ကစားသမားဘဝကနေ
အနားယူသွားတဲ့ တူရကီအသင်းခေါင်းဆောင်ဟောင်း
ယီလ်မက်ဇ်ဟာ လက်ရွေးစင်အသင်းအတွက်
၇၇ပွဲမှာ ၃၁ ဂိုးသွင်းယူခဲ့ပါတယ်။
Zawgyi
ယီလ္မက္ဇ္ ပင္နယ္တီလြဲသြားၿပီးေနာက္ ၾကည့္ေနတဲ့တီဗီြကုိ ေသနတ္နဲ႔ ပစ္ၿပီး ေပါက္ကြဲခဲ့တဲ့ တူရကီပရိသတ္တစ္ဦး
စိတ္ခံစားခ်က္ အရမ္းျပင္းထန္တဲ့ တူရကီပရိသတ္တစ္ဦးဟာ
ကမၻာ့ဖလားေျခစစ္ပြဲ ဆီမီးဖုိ္င္နယ္ ပေလးေအာ့ဖ္ပြဲမွာ
တူရကီတုိက္စစ္မွဴး ယီလ္မက္ဇ္ အေရးပါတဲ့ပင္နယ္တီ
ကန္သြင္းခ်က္ လြဲေခ်ာ္သြားခဲ့ၿပီးေနာက္ ေပါက္ကြဲသြားၿပီး
ၾကည့္ေနတဲ့တီဗီြကို ေသနတ္နဲ႔ ပစ္တဲ့အထိ ထိန္းမႏိုင္သိမ္းမရျဖစ္ခဲ့ပါတယ္။
တူရကီဟာ အဲဒီပဲြမွာ ေပၚတူဂီကို ၃-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီး
ေပၚတူဂီကေတာ့ ဗုိလ္လုပြဲမွာ ေျမာက္မက္ဆီဒိုးနီးယားနဲ႔ ရင္ဆိုင္ရမွာပါ။
ေပၚတူဂီဟာ ပထမပိုင္းမွာ ၂-၀ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္
၀ါရင့္တုိက္စစ္မွဴး ယီလ္မက္ဇ္က ေခ်ပဂိုးသြင္းယူႏုိင္ခဲ့လုိ႔
တူရကီလည္း ေမွ်ာ္လင့္ခ်က္ျပန္လည္ေတာက္ပလာၿပီး
အိမ္ရွင္အသင္းကို အျပန္အလွန္ဖိအားေပးႏိုင္ခဲ့ပါတယ္။
အဲဒီမွာ တူရကီအသင္း ပင္နယ္တီရခ့ဲၿပီးေနာက္
အသင္းေခါင္းေဆာင္ ယီလ္မက္ဇ္လည္း
၂-၂ဂိုးျဖစ္ေစမယ့္အခြင့္အေရး ပိုင္ဆိုင္ခဲ့ပါတယ္။
ဒါေပမဲ့ အသက္ ၃၆ ႏွစ္အရြယ္ရွိ လုိင္လီတုိက္စစ္မွဴးရဲ႕
ပင္နယ္တီကန္သြင္းခ်က္က ဂိုးဘားေပၚ ေက်ာ္သြားၿပီး
ေပၚတူဂီအသင္းက နာက်င္အခ်ိန္ပိုမွာ လူစား၀င္
ကစားသမား မာသီးယပ္စ္ႏူနက္စ္ရဲ႕သြင္းဂိုးနဲ႔အတူ
ဂုိးျပတ္အႏိုင္ယူၿပီး ေျခစစ္ပြဲေအာင္ျမင္ဖို႔ လက္တစ္ကမ္းအကြာ ေရာက္သြားပါတယ္။
တူရကီပရိသတ္ေတြအတြက္ တကယ့္ကိုရင္ခံစရာျဖစ္ခဲ့ၿပီး
အဲဒီမွာ ပရိသတ္တစ္ဦးရဲ႕တုံ႔ျပန္ပုံက အားလုံးထက္ပိုမိုထူးျခားခဲ့ပါတယ္။
အဲဒီမွာ ပရိသတ္တစ္ဦးက ယီလ္မက္ဇ္
ပင္နယ္တီကန္ကတည္းက တီဗီြစခရင္ကို
ပစၥတုိနဲ႔ ခ်ိန္ထားတာျဖစ္ၿပီး ဂိုးဘားေပၚေက်ာ္သြားခ်ိ္န္မွာေတာ့
ဘယ္လုိမွစိတ္မထိန္းႏိုင္ဘဲ အဲဒီတီဗီြကို
ေသနတ္နဲ႔ ပစ္လုိက္တာျဖစ္ပါတယ္။
အဲဒီလုိေသနတ္နဲ႔ပစ္လုိက္လုိ႔ တီဗီြေတာင္
ေရွာ့ခ္ေတြျဖစ္သြားရတဲ့အထိ အေျခအေနဆုိးသြားပါတယ္။
အဲဒီပြဲအၿပီးမွာ ကစားသမားဘ၀ကေန
အနားယူသြားတဲ့ တူရကီအသင္းေခါင္းေဆာင္ေဟာင္း
ယီလ္မက္ဇ္ဟာ လက္ေရြးစင္အသင္းအတြက္
၇၇ပြဲမွာ ၃၁ ဂိုးသြင္းယူခဲ့ပါတယ္။