
ဘရာဇီးနဲ့ရီးရဲလ်ခံစစ်မှုးဟောင်းကြီးရော်ဘတ်တိုကားလို့စ်ကတော့
ဘီယာသောက်ပြီးလို့ ရောက်ရှိသွားချိန်မှာ သူ့ရဲ့မိတ်ဆွေဟောင်းကြီးဖြစ်တဲ့
ရာမို့စ်ကို အမှတ်တရနဲ့ ဗီဒီယိုကော ခေါ်ဆိုကာ တော်ကီပွားခဲ့တယ်လို့ သိရပါတယ်။
ကားလို့စ်ဟာ သောကြာနေ့က အင်္ဂလန်နိင်ငံ၊ ရှရူးဘူရီက ဆန်းဒေးလိဂ်ပြိုင်ပွဲမှာ
Bull အသင်းအတွက် ဘောလုံးဝင်ကစားပေးခဲ့တာပါ။
ဒီပြိုင်ပွဲကို eBay က ကမကထပြုလုပ်ပြီး ကျင်းပတာပါ။
ဗြိတိန်လူမှုအသိုင်းအဝန်းအသီးသီးက ပညာရေးနဲ့ ပတ်သက်ပြီး
အခွင့်အရေးမရကြရှာတဲ့ ကျောင်းသားလေးတွေအတွက်
ပညာရေးရန်ပုံငွေရဖို့ ချစ်ကြည်ရေးပြိုင်ပွဲကို ပြုလုပ်တာဖြစ်ပြီး
၄၈ နှစ်ရှိနေပြီဖြစ်တဲ့ ကားလို့စ်ကလည်း ရှရူးဘူးရီကို ရောက်လာပြီး
Bull အသင်းအတွက် ကစားပေးခဲ့တာပါ။
ပွဲချိန် ၉ မိနစ်သာကစားခဲ့ပေမယ့် ကားလို့စ်က
ပင်နယ်တီကတစ်ဆင့် ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် သု့အသင်းက ၄-၃ နဲ့ ရှံးခဲ့မှုကိုတော့ မကာပေးကွယ်နိုင်ခဲ့ပါဘူး
ပွဲပြီးသွားပြီးနောက် အနီးအနားမှာ ရှိတဲ့ ဘားတစ်ခုမှာ
အောင်ပွဲခံ ဂုဏ်ပြုစားသောက်ကြပြီးနောက် နည်းနည်းကောင်းလာတဲ့
ကားလို့စ်က ပီအက်စ်ဂျီမှာ ကစားနေတဲ့
ရာမို့်စ်ကို ဗီဒီယိုကောနဲ့ လှမ်းခေါ်ပြီး တော်ကီပွားခဲ့တာပါ။
သောက်စားပြီးနောက် ရောက်ရှိသွားချိန်မှာ သူငယ်ချင်း၊ မိတ်ဆွေတွေကို
ဗီဒီယိုကောလှမ်းခေါ်တတ်ကြတဲ့ ယမကာလုလင်တွေရဲ့ထုံးစံအတိုင်း
ရာမို့စ်ကိုလည်း ကားလို့စ်က ဗီဒီယိုကောနဲ့ လှမ်းခေါ်ပြီး
တော်ကီပွားတာလည်းဖြစ်နိုင်ပါတယ်။
ထို့အတူ ရန်ပုံငွေတွေ ပိုမိုရရှိဖို့ ရာမို့စ်ဆီက အလှုုခံတာလည်း ဖြစ်နိုင်ပါတယ်။
ကားလို့စ်ရဲ့ ဗီဒီယိုကောလှမ်းခေါ်မှုကို ရာမို့စ်ကလည်း လက်ခံခဲ့ပြီး
အွန်လိုင်းကတစ်ဆင့် ပူးပေါင်းအောင်ပွဲခံခဲ့ကြတာကတော့
ကြည်နူးစရာပဲလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။
zawgyi
ယမကာလုလင္ေတြရဲ႕ထုံးစံအတိုင္း ရာမို႔စ္ကို ဗီဒီယိုေကာနဲ႔ လွမ္းေခၚၿပီး ေတာ္ကီပြားတဲ့ ကားလို႔စ္
ဘရာဇီးနဲ႔ရီးရဲလ္ခံစစ္မႈးေဟာင္းႀကီးေရာ္ဘတ္တိုကားလို႔စ္ကေတာ့
ဘီယာေသာက္ၿပီးလို႔ ေရာက္ရွိသြားခ်ိန္မွာ သူ႔ရဲ႕မိတ္ေဆြေဟာင္းႀကီးျဖစ္တဲ့
ရာမို႔စ္ကို အမွတ္တရနဲ႔ ဗီဒီယိုေကာ ေခၚဆိုကာ ေတာ္ကီပြားခဲ့တယ္လို႔ သိရပါတယ္။
ကားလို႔စ္ဟာ ေသာၾကာေန႔က အဂၤလန္နိင္ငံ၊ ရွ႐ူးဘူရီက ဆန္းေဒးလိဂ္ၿပိဳင္ပြဲမွာ
Bull အသင္းအတြက္ ေဘာလုံးဝင္ကစားေပးခဲ့တာပါ။
ဒီၿပိဳင္ပြဲကို eBay က ကမကထျပဳလုပ္ၿပီး က်င္းပတာပါ။
ၿဗိတိန္လူမႈအသိုင္းအဝန္းအသီးသီးက ပညာေရးနဲ႔ ပတ္သက္ၿပီး
အခြင့္အေရးမရၾကရွာတဲ့ ေက်ာင္းသားေလးေတြအတြက္
ပညာေရးရန္ပုံေငြရဖို႔ ခ်စ္ၾကည္ေရးၿပိဳင္ပြဲကို ျပဳလုပ္တာျဖစ္ၿပီး
၄၈ ႏွစ္ရွိေနၿပီျဖစ္တဲ့ ကားလို႔စ္ကလည္း ရွ႐ူးဘူးရီကို ေရာက္လာၿပီး
Bull အသင္းအတြက္ ကစားေပးခဲ့တာပါ။
ပြဲခ်ိန္ ၉ မိနစ္သာကစားခဲ့ေပမယ့္ ကားလို႔စ္က
ပင္နယ္တီကတစ္ဆင့္ ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ သု႔အသင္းက ၄-၃ နဲ႔ ရွံးခဲ့မႈကိုေတာ့ မကာေပးကြယ္ႏိုင္ခဲ့ပါဘူး
ပြဲၿပီးသြားၿပီးေနာက္ အနီးအနားမွာ ရွိတဲ့ ဘားတစ္ခုမွာ
ေအာင္ပြဲခံ ဂုဏ္ျပဳစားေသာက္ၾကၿပီးေနာက္ နည္းနည္းေကာင္းလာတဲ့
ကားလို႔စ္က ပီအက္စ္ဂ်ီမွာ ကစားေနတဲ့
ရာမို႔္စ္ကို ဗီဒီယိုေကာနဲ႔ လွမ္းေခၚၿပီး ေတာ္ကီပြားခဲ့တာပါ။
ေသာက္စားၿပီးေနာက္ ေရာက္ရွိသြားခ်ိန္မွာ သူငယ္ခ်င္း၊ မိတ္ေဆြေတြကို
ဗီဒီယိုေကာလွမ္းေခၚတတ္ၾကတဲ့ ယမကာလုလင္ေတြရဲ႕ထုံးစံအတိုင္း
ရာမို႔စ္ကိုလည္း ကားလို႔စ္က ဗီဒီယိုေကာနဲ႔ လွမ္းေခၚၿပီး
ေတာ္ကီပြားတာလည္းျဖစ္ႏိုင္ပါတယ္။
ထို႔အတူ ရန္ပုံေငြေတြ ပိုမိုရရွိဖို႔ ရာမို႔စ္ဆီက အလႈုခံတာလည္း ျဖစ္ႏိုင္ပါတယ္။
ကားလို႔စ္ရဲ႕ ဗီဒီယိုေကာလွမ္းေခၚမႈကို ရာမို႔စ္ကလည္း လက္ခံခဲ့ၿပီး
အြန္လိုင္းကတစ္ဆင့္ ပူးေပါင္းေအာင္ပြဲခံခဲ့ၾကတာကေတာ့
ၾကည္ႏူးစရာပဲလို႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပပါတယ္။