ယနေ့ကစားမယ့် Al Ta’ee နဲ့ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ရော်နယ်ဒို ပါဝင်ကစားနိုင်မည်မဟုတ်

ရော်နယ်ဒိုရဲ့ အယ်လ်နက်ဆာပွဲဦးထွက်ကိုအားလုံးက တခဲနက်

မျှော်လင့်နေကြပေမဲ့ ဒီနေ့ကစားမယ့် Al Ta’ee နဲ့ပွဲစဉ်ကိုတော့

ပွဲပယ်ပြစ်ဒဏ်ကြောင့်ပါဝင်ကစားနိုင်ဖို့မရှိသေးပါဘူး။

အယ်လ်နက်ဆာပရိသတ်တွေဟာ ပေါ်တူဂီစူပါစတားရဲ့

ဂျာစီတွေကို အပြတ်ဝယ်ယူထားသလို ကမ္ဘာ့ကြယ်ပွင့်

တစ်ယောက်ရဲ့ကစားဟန်ကို မျက်ဝါးထင်ထင်ခံစားချင်နေကြတာ

ဖြစ်တယ်။ အသင်းဘက်ကလည်း ရော်နယ်ဒိုရဲ့ပွဲဦးထွက်အတွက်

အကောင်းဆုံးပြင်ဆင်ထားသလို လက်မှတ် ၂၈၀၀၀ လုံးလည်း

ရောင်းချပြီးသွားပြီလို့ The Sun သတင်းစာက ဖော်ပြထားပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက်ကစားသမားအဖြစ်ရှိခဲ့စဉ်က

အက်ဖ်အေရဲ့ ၂ပွဲ ပယ်ပြစ်ဒဏ်နဲ့ငြိစွန်းနေတာကြောင့်

ဒီနေ့ကစားမယ့် Al Ta’ee နဲ့ပွဲအတွက်မျှော်လင့်နိုင်မှာ

မဟုတ်ပါဘူး။ GOAT ကြီးဟာ အဲဗာတန်လူငယ်ပရိသတ်လေးရဲ့

လက်ထဲကဖုန်းကို ရိုက်ချခဲ့တဲ့အပြစ်အတွက်ပေးဆပ်ရဦးမှာပါ။

နိုဝင်ဘာလအတွင်းမှာ ဒီဖြစ်ရပ်နဲ့ပက်သတ်လို့ အက်ဖ်အေက

ရော်နယ်ဒိုကို ၂ပွဲ ပယ်ပြစ်ဒဏ်ချမှတ်ထားတာဖြစ်တယ်။

ဧပြီလအတွင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ

ဒေါသထွက်နေတဲ့ ရော်နယ်ဒိုဟာကွင်းထဲကပြန်အထွက်မှာ

သူ့ကိုမှတ်တမ်းတင်ဓာတ်ပုံရိုက်ဖို့ကြိုးစားနေတဲ့ ပရိသတ်လေးရဲ့

လက်ထဲကဖုန်းကိုရိုက်ချခဲ့တာပါ။ အသက် ၁၄ နှစ်အရွယ်

ကောင်လေးဟာ မသန်မစွမ်းလေးဖြစ်နေတဲ့အတွက်

ရော်နယ်ဒိုတစ်ယောက်ပိုပြီးတိုင်ပတ်သွားတာဖြစ်တယ်။

နောက်ပိုင်းမှာ ဂျိတ်လို့အမည်ရတဲ့ကောင်လေးကို

ရော်နယ်ဒိုကပြန်တောင်းပန်ခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ

ပွဲလာကြည့်ဖို့ဖိတ်ခေါ်ပေမဲ့ သူတို့သားအမိနှစ်ယောက်စလုံးက

ငြင်းဆန်ပြီး ပေါ်တူဂီကြယ်ပွင့်ကို အပြစ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။

အယ်လ်နက်ဆာအသင်းဟာ ယနေ့မှာ Al Ta’ee နဲ့ကစားဖို့ရှိနေပြီး

ဇန်နဝါရီ ၁၄ ရက်မှာ Al-Shabab နဲ့ကစားဖို့ရှိနေသလို

ရော်နယ်ဒိုဟာ အဲ့ဒီနှစ်ပွဲစလုံးကိုဆက်တိုက်လွဲချော်ရမှာဖြစ်တယ်။

ဒါကြောင့် ရော်နယ်ဒိုရဲ့ အယ်လ်နက်ဆာပွဲဦးထွက်က

ဇန်နဝါရီ ၂၁ ရက်မှာကစားမယ့် Ettifaq နဲ့အိမ်ကွင်းပွဲစဉ်မှဖြစ်လာတော့မှာပါ။

zawgyi

ယေန႔ကစားမယ့္ Al Ta’ee နဲ႔ပြဲစဥ္ကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ေရာ္နယ္ဒို ပါဝင္ကစားႏိုင္မည္မဟုတ္

ေရာ္နယ္ဒိုရဲ႕ အယ္လ္နက္ဆာပြဲဦးထြက္ကိုအားလုံးက တခဲနက္

ေမွ်ာ္လင့္ေနၾကေပမဲ့ ဒီေန႔ကစားမယ့္ Al Ta’ee နဲ႔ပြဲစဥ္ကိုေတာ့

ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ပါဝင္ကစားႏိုင္ဖို႔မရွိေသးပါဘူး။

အယ္လ္နက္ဆာပရိသတ္ေတြဟာ ေပၚတူဂီစူပါစတားရဲ႕

ဂ်ာစီေတြကို အျပတ္ဝယ္ယူထားသလို ကမာၻ႔ၾကယ္ပြင့္

တစ္ေယာက္ရဲ႕ကစားဟန္ကို မ်က္ဝါးထင္ထင္ခံစားခ်င္ေနၾကတာ

ျဖစ္တယ္။ အသင္းဘက္ကလည္း ေရာ္နယ္ဒိုရဲ႕ပြဲဦးထြက္အတြက္

အေကာင္းဆုံးျပင္ဆင္ထားသလို လက္မွတ္ ၂၈၀၀၀ လုံးလည္း

ေရာင္းခ်ၿပီးသြားၿပီလို႔ The Sun သတင္းစာက ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ ေရာ္နယ္ဒိုဟာ ယူႏိုက္တက္ကစားသမားအျဖစ္ရွိခဲ့စဥ္က

အက္ဖ္ေအရဲ႕ ၂ပြဲ ပယ္ျပစ္ဒဏ္နဲ႔ၿငိစြန္းေနတာေၾကာင့္

ဒီေန႔ကစားမယ့္ Al Ta’ee နဲ႔ပြဲအတြက္ေမွ်ာ္လင့္ႏိုင္မွာ

မဟုတ္ပါဘူး။ GOAT ႀကီးဟာ အဲဗာတန္လူငယ္ပရိသတ္ေလးရဲ႕

လက္ထဲကဖုန္းကို ႐ိုက္ခ်ခဲ့တဲ့အျပစ္အတြက္ေပးဆပ္ရဦးမွာပါ။

ႏိုဝင္ဘာလအတြင္းမွာ ဒီျဖစ္ရပ္နဲ႔ပက္သတ္လို႔ အက္ဖ္ေအက

ေရာ္နယ္ဒိုကို ၂ပြဲ ပယ္ျပစ္ဒဏ္ခ်မွတ္ထားတာျဖစ္တယ္။

ဧၿပီလအတြင္းကစားခဲ့တဲ့ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္မွာ

ေဒါသထြက္ေနတဲ့ ေရာ္နယ္ဒိုဟာကြင္းထဲကျပန္အထြက္မွာ

သူ႔ကိုမွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ဖို႔ႀကိဳးစားေနတဲ့ ပရိသတ္ေလးရဲ႕

လက္ထဲကဖုန္းကို႐ိုက္ခ်ခဲ့တာပါ။ အသက္ ၁၄ ႏွစ္အ႐ြယ္

ေကာင္ေလးဟာ မသန္မစြမ္းေလးျဖစ္ေနတဲ့အတြက္

ေရာ္နယ္ဒိုတစ္ေယာက္ပိုၿပီးတိုင္ပတ္သြားတာျဖစ္တယ္။

ေနာက္ပိုင္းမွာ ဂ်ိတ္လို႔အမည္ရတဲ့ေကာင္ေလးကို

ေရာ္နယ္ဒိုကျပန္ေတာင္းပန္ခဲ့ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ

ပြဲလာၾကည့္ဖို႔ဖိတ္ေခၚေပမဲ့ သူတို႔သားအမိႏွစ္ေယာက္စလုံးက

ျငင္းဆန္ၿပီး ေပၚတူဂီၾကယ္ပြင့္ကို အျပစ္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္။

အယ္လ္နက္ဆာအသင္းဟာ ယေန႔မွာ Al Ta’ee နဲ႔ကစားဖို႔ရွိေနၿပီး

ဇန္နဝါရီ ၁၄ ရက္မွာ Al-Shabab နဲ႔ကစားဖို႔ရွိေနသလို

ေရာ္နယ္ဒိုဟာ အဲ့ဒီႏွစ္ပြဲစလုံးကိုဆက္တိုက္လြဲေခ်ာ္ရမွာျဖစ္တယ္။

ဒါေၾကာင့္ ေရာ္နယ္ဒိုရဲ႕ အယ္လ္နက္ဆာပြဲဦးထြက္က

ဇန္နဝါရီ ၂၁ ရက္မွာကစားမယ့္ Ettifaq နဲ႔အိမ္ကြင္းပြဲစဥ္မွျဖစ္လာေတာ့မွာပါ။