
ဂလေဇာမိသားစုဟာ ယခုသီတင်းပတ်အတွင်း ကာတာရင်းနှီးမြုပ်နှံသူတွေဘက်က





ကမ်းလှမ်းမှုတစ်ရပ်ကို လက်ခံရရှိလိမ့်မယ်လို့ The Sun သတင်းစာက
ရေးသားလိုက်ပါတယ်။ အမေရိကန်ပိုင်ရှင်တွေဟာ ယူနိုက်တက်ကို ၁၈ နှစ်နီးပါး





အုပ်စိုးခဲ့ပြီးနောက် ရောင်းချဖို့ဝယ်လက်ရှာဖွေနေတာဖြစ်တယ်။
ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ရက်ကလစ်ဖ် အပါအဝင် သရဲနီတွေကို
လက်လွှဲယူဖို့အတွက် ပါတီအများစုကစိတ်ဝင်စားမှုရှိနေကြပါတယ်။





ကာတာရင်းနှီးမြုပ်နှံသူတစ်စုဟာလည်း ယူနိုက်တက်ကိုဝယ်ယူဖို့
စိတ်အားထက်သန်သူစာရင်းထဲပါဝင်နေတာဖြစ်တယ်။ ရက်အနည်းငယ်အတွင်းမှာတော့





ကာတာရင်းနှီးမြုပ်နှံသူတွေဘက်က သူတို့ရဲ့ကမ်းလှမ်းမှုကိုစတင်မယ်လို့
အခိုင်အမာဆိုထားပါတယ်။ The Telegraph သတင်းစာရဲ့အဆိုအရတော့
ပေါင် ၃၇၀ ဘီလီယံအထိကြွယ်ဝတဲ့ ကာတာရင်းနှီးမြုပ်နှံသူအာဏာပိုင်အဖွဲ့ဟာ





လာမယ့်သောကြာနေ့မှာ ယူနိုက်တက်တစ်သင်းလုံးကိုလေလံဆွဲတော့မယ်လို့ သိရပါတယ်။
ယူနိုက်တက်ဘက်ကတော့ ပိုင်ရှင်သစ်တွေရဲ့ ရန်ပုံငွေအထောက်အထားနဲ့





စိတ်ပါဝင်စားသူအားလုံးရဲ့အနာဂတ်အစီအစဉ်တွေကိုထည့်သွင်းစဉ်းစားမယ်ဆိုတဲ့
အပိုဒ်ပါရှိနေတာဖြစ်တယ်။ လိုချင်သူတွေအနေနဲ့ အမေရိကန် ကုန်သည်ဘဏ်
Raine ဆီကိုတိကျတဲ့ကမ်းလှမ်းမှုမျိုးပြုလုပ်ရမှာပါ။ ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့





ရက်ကလစ်ဖ်ကလည်း နောက်ဆုံးသတ်မှတ်ရက်မတိုင်ခင် သူ့ရဲ့ကမ်းလှမ်းမှုကို
အဆိုတင်သွင်းဖို့ရှိနေပါတယ်။ ဂလေဇာမိသားစုဘက်ကတော့ အပြီးသတ်





လွှဲပြောင်းမှုအတွက် ပေါင် ၆ ဘီလီယံလိုချင်တယ်လို့ သတင်းထွက်နေပြီး
ယူနိုက်တက်ရဲ့ပိုင်ရှင်သစ်ဘယ်သူဖြစ်လာမလဲဆိုတာက အရမ်းစိတ်ဝင်စားဖို့ကောင်းလာပါတယ်။
zawgyi





ယခုသီတင္းပတ္အတြင္း ေပါင္ ၃၇၀ ဘီလီယံအထိႂကြယ္ဝတဲ့ ကာတာရင္းႏွီျမဳပ္ႏွံသူေတြဘက္က ယူႏိုက္တက္ကိုအၿပီးသတ္ဝယ္ယူဖို႔ ကမ္းလွမ္းမယ္…
ဂေလဇာမိသားစုဟာ ယခုသီတင္းပတ္အတြင္း ကာတာရင္းႏွီးျမဳပ္ႏွံသူေတြဘက္က





ကမ္းလွမ္းမႈတစ္ရပ္ကို လက္ခံရရွိလိမ့္မယ္လို႔ The Sun သတင္းစာက
ေရးသားလိုက္ပါတယ္။ အေမရိကန္ပိုင္ရွင္ေတြဟာ ယူႏိုက္တက္ကို ၁၈ ႏွစ္နီးပါး
အုပ္စိုးခဲ့ၿပီးေနာက္ ေရာင္းခ်ဖို႔ဝယ္လက္ရွာေဖြေနတာျဖစ္တယ္။





ၿဗိတိန္အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္တဲ့ ရက္ကလစ္ဖ္ အပါအဝင္ သရဲနီေတြကို
လက္လႊဲယူဖို႔အတြက္ ပါတီအမ်ားစုကစိတ္ဝင္စားမႈရွိေနၾကပါတယ္။





ကာတာရင္းႏွီးျမဳပ္ႏွံသူတစ္စုဟာလည္း ယူႏိုက္တက္ကိုဝယ္ယူဖို႔
စိတ္အားထက္သန္သူစာရင္းထဲပါဝင္ေနတာျဖစ္တယ္။ ရက္အနည္းငယ္အတြင္းမွာေတာ့
ကာတာရင္းႏွီးျမဳပ္ႏွံသူေတြဘက္က သူတို႔ရဲ႕ကမ္းလွမ္းမႈကိုစတင္မယ္လို႔





အခိုင္အမာဆိုထားပါတယ္။ The Telegraph သတင္းစာရဲ႕အဆိုအရေတာ့
ေပါင္ ၃၇၀ ဘီလီယံအထိႂကြယ္ဝတဲ့ ကာတာရင္းႏွီးျမဳပ္ႏွံသူအာဏာပိုင္အဖြဲ႕ဟာ





လာမယ့္ေသာၾကာေန႔မွာ ယူႏိုက္တက္တစ္သင္းလုံးကိုေလလံဆြဲေတာ့မယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဘက္ကေတာ့ ပိုင္ရွင္သစ္ေတြရဲ႕ ရန္ပုံေငြအေထာက္အထားနဲ႔
စိတ္ပါဝင္စားသူအားလုံးရဲ႕အနာဂတ္အစီအစဥ္ေတြကိုထည့္သြင္းစဥ္းစားမယ္ဆိုတဲ့





အပိုဒ္ပါရွိေနတာျဖစ္တယ္။ လိုခ်င္သူေတြအေနနဲ႔ အေမရိကန္ ကုန္သည္ဘဏ္
Raine ဆီကိုတိက်တဲ့ကမ္းလွမ္းမႈမ်ိဳးျပဳလုပ္ရမွာပါ။ ၿဗိတိန္အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္တဲ့





ရက္ကလစ္ဖ္ကလည္း ေနာက္ဆုံးသတ္မွတ္ရက္မတိုင္ခင္ သူ႔ရဲ႕ကမ္းလွမ္းမႈကို
အဆိုတင္သြင္းဖို႔ရွိေနပါတယ္။ ဂေလဇာမိသားစုဘက္ကေတာ့ အၿပီးသတ္
လႊဲေျပာင္းမႈအတြက္ ေပါင္ ၆ ဘီလီယံလိုခ်င္တယ္လို႔ သတင္းထြက္ေနၿပီး





ယူႏိုက္တက္ရဲ႕ပိုင္ရွင္သစ္ဘယ္သူျဖစ္လာမလဲဆိုတာက အရမ္းစိတ္ဝင္စားဖို႔ေကာင္းလာပါတယ္။