ယခုနှစ်ရွှေဘောလုံးဆုအတွက် ဆန်ခါတင်စာရင်းမှာ မက်ဆီနဲ့ ဆာလာတို့မပါဝင်ဟုဆို

သတင်းတွေရဲ့ဖော်ပြချက်အရ ယခုနှစ် ရွှေဘောလုံးဆုအတွက်

ဆန်ခါတင်စာရင်း ထွက်ပေါ်လာပြီဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး
မက်ဆီနဲ့ လီဗာပူးတိုက်စစ်မှူး ဆာလာတို့ မပါဝင်ကြောင်း သိရပါတယ်။
လက်ရှိရွှေဘောလုံးဆုရှင် မက်ဆီနဲ့ ယခုရာသီမှာလည်း
လီဗာပူးနဲ့အတူ ဆက်လက်ခြေစွမ်းပြနေတဲ့ ဆာလာတို့
ယခုနှစ်ရွှေဘောလုံးဆုအတွက် ဆန်ခါတင် ၅ ဦးစာရင်းမှာ

မပါဝင်လာဘူးလို့ ပြင်သစ်သတင်းစာ L’Equipe က ရေးသားဖော်ပြခဲ့တာပါ။
အဲဒီသတင်းစာရဲ့ဆက်လက်ဖော်ပြချက်အရ ဆန်ခါတင်
၅ဦးစာရင်းမှာ ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီးမား၊
မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား၊ လီဗာပူးတိုက်စစ်မှူး
မာနေး၊ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေနဲ့ ဘိုင်ယန်တိုက်စစ်မှူး

လီဝန်ဒေါစကီးတို့ ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဘန်ဇီးမားဟာ ယခုရာသီမှာလည်း ဆက်လက်ခြေစွမ်းပြနေပြီး
ရီးရဲလ်အတွက် ပြိုင်ပွဲစုံ ၃၇ ဂိုအးထိ သွင်းယူထားတဲ့အနက်
ပီအက်စ်ဂျီ၊ ချဲလ်ဆီးတို့နဲ့ပွဲတွေမှာ ချန်ပီယံလိဂ် ၂ပွဲဆက်
ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းနားက ယခုရာသီမှာလည်း
မန်စီးတီးနဲ့အတူ ဆက်လက်ခြေစွမ်းပြနေပြီး
မာနေးက လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၃ဂိုး
သွင်းယူထားသလို ဆီနီဂေါအသင်းနဲ့အတူ
အာဖရိကနိုင်ငံများဖလားချန်ပီယံဖြစ်ထားပါတယ်။

ဘာပေနဲ့ လီဝန်ဒေါစကီးတို့ကတော့ သွင်းဂိုးတွေနဲ့ပတ်သက်လို့
စိတ်ချရတဲ့ကစားသမားတွေဖြစ်ပြီး ပီအက်စ်ဂျီနဲ့
ဘိုင်ယန်တို့အတွက် ယခုရာသီမှာ ၃၁ဂိုးနဲ့ ၄၆ ဂိုး
အသီးသီးသွင်းယူပေးထားပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဆုပေးပွဲအတွက်

မဲပေးရွေးချယ်မှုပုံစံကို ပြောင်းလဲထားပြီး ယခင်က
ပြက္ခဒိန်တစ်နှစ်အတွင်း စွမ်းဆောင်ရည်တွေကို
မူတည်ပြီး ရွေးချယ်လေ့ရှိပေမယ့် ဒီနှစ်ကစတင်ကာ
ဘောလုံးရာသီတစ်ရာသီအတွင်း စွမ်းဆောင်ရည်အပေါ်
အခြေခံကာ အကောင်းဆုံးဆု ပေးအပ်မှာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက
ယခုနှစ်အတွက် အကျုံးမဝင်တော့ဘဲ
၂၀၂၃ ရွှေဘောလုံးဆုပေးပွဲကျမှ သက်ဆိုင်တော့မှာဖြစ်ပါတယ်။

Zawgyi

ယခုႏွစ္ေရႊေဘာလုံးဆုအတြက္ ဆန္ခါတင္စာရင္းမွာ မက္ဆီနဲ႔ ဆာလာတုိ႔မပါ၀င္ဟုဆုိ
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယခုႏွစ္ ေရႊေဘာလုံးဆုအတြက္
ဆန္ခါတင္စာရင္း ထြက္ေပၚလာၿပီျဖစ္ၿပီး ပီအက္စ္ဂ်ီတုိက္စစ္မွဴး
မက္ဆီနဲ႔ လီဗာပူးတိုက္စစ္မွဴး ဆာလာတုိ႔ မပါ၀င္ေၾကာင္း သိရပါတယ္။

လက္ရွိေရႊေဘာလုံးဆုရွင္ မက္ဆီနဲ႔ ယခုရာသီမွာလည္း
လီဗာပူးနဲ႔အတူ ဆက္လက္ေျခစြမ္းျပေနတဲ့ ဆာလာတုိ႔
ယခုႏွစ္ေရႊေဘာလုံးဆုအတြက္ ဆန္ခါတင္ ၅ ဦးစာရင္းမွာ
မပါ၀င္လာဘူးလုိ႔ ျပင္သစ္သတင္းစာ L’Equipe က ေရးသားေဖာ္ျပခဲ့တာပါ။
အဲဒီသတင္းစာရဲ႕ဆက္လက္ေဖာ္ျပခ်က္အရ ဆန္ခါတင္

၅ဦးစာရင္းမွာ ရီးရဲလ္တုိက္စစ္မွဴး ဘန္ဇီးမား၊
မန္စီးတီးကြင္းလယ္လူ ဒီဘရိုင္းနား၊ လီဗာပူးတိုက္စစ္မွဴး
မာေနး၊ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ဘာေပနဲ႔ ဘုိင္ယန္တုိက္စစ္မွဴး
လီ၀န္ေဒါစကီးတို႔ ေရြးခ်ယ္ခံခဲ့ရတယ္လုိ႔ သိရပါတယ္။
ဘန္ဇီးမားဟာ ယခုရာသီမွာလည္း ဆက္လက္ေျခစြမ္းျပေနၿပီး

ရီးရဲလ္အတြက္ ၿပိဳင္ပြဲစုံ ၃၇ ဂိုအးထိ သြင္းယူထားတဲ့အနက္
ပီအက္စ္ဂ်ီ၊ ခ်ဲလ္ဆီးတုိ႔နဲ႔႔ပြဲေတြမွာ ခ်န္ပီယံလိဂ္ ၂ပြဲဆက္
ဟက္ထရစ္သြင္းယူႏုိင္ခဲ့ပါတယ္။
ဘယ္လ္ဂ်ီယံလက္ေရြးစင္ ဒီဘရိုင္းနားက ယခုရာသီမွာလည္း
မန္စီးတီးနဲ႔အတူ ဆက္လက္ေျခစြမ္းျပေနၿပီး

မာေနးက လီဗာပူးအတြက္ ၿပိဳင္ပြဲစုံ ၁၃ဂိုး
သြင္းယူထားသလို ဆီနီေဂါအသင္းနဲ႔အတူ
အာဖရိကႏိုင္ငံမ်ားဖလားခ်န္ပီယံျဖစ္ထားပါတယ္။
ဘာေပနဲ႔ လီ၀န္ေဒါစကီးတို႔ကေတာ့ သြင္းဂိုးေတြနဲ႔ပတ္သက္လုိ႔
စိတ္ခ်ရတဲ့ကစားသမားေတြျဖစ္ၿပီး ပီအက္စ္ဂ်ီနဲ႔

ဘိုင္ယန္တို႔အတြက္ ယခုရာသီမွာ ၃၁ဂိုးနဲ႔ ၄၆ ဂိုး
အသီးသီးသြင္းယူေပးထားပါတယ္။
ျပင္သစ္ေဘာလုံးမဂၢဇင္းက ဆုေပးပြဲအတြက္
မဲေပးေရြးခ်ယ္မႈပုံစံကို ေျပာင္းလဲထားၿပီး ယခင္က
ျပကၡဒိန္တစ္ႏွစ္အတြင္း စြမ္းေဆာင္ရည္ေတြကို

မူတည္ၿပီး ေရြးခ်ယ္ေလ့ရွိေပမယ့္ ဒီႏွစ္ကစတင္ကာ
ေဘာလုံးရာသီတစ္ရာသီအတြင္း စြမ္းေဆာင္ရည္အေပၚ
အေျခခံကာ အေကာင္းဆုံးဆု ေပးအပ္မွာျဖစ္ပါတယ္။
ဒီအတြက္ေၾကာင့္ ၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲက
ယခုႏွစ္အတြက္ အက်ံဳးမ၀င္ေတာ့ဘဲ

၂၀၂၃ ေရႊေဘာလုံးဆုေပးပြဲက်မွ သက္ဆုိင္ေတာ့မွာျဖစ္ပါတယ္။