မှော်ဝင်ကာလကို ဖန်တီးပြီး ချဲလ်ဆီးကို ချန်ပီယံပြေးလမ်းကနေ တွန်းထုတ်လိုက်တဲ့ ဒီဘရိုင်းနား

စီးတီးကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းနားဟာ

ထိပ်ဆုံး နှစ်သင်း အားပြိုင်မှုအဖြစ်
ချဲလ်ဆီးကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
မှော်ဝင်ကာလကို ဖန်တီးပြီး
ချဲလ်ဆီးကို ချန်ပီယံပြေးလမ်းကနေ
တွန်းထုတ်လိုက်ပါတယ်။

စီးတီးဟာ ဒီပွဲမတိုင်ခင် ဒုတိယနေရာက
ချဲလ်ဆီးကို ၁၀ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာဖြစ်ပြီး
ဒီဘရိုင်းနားရဲ့ အံ့ဖွယ်သွင်းဂိုးနဲ့အတူ
၁-၀ ဂိုးနဲ့အနိုင်ရပြီးနောက် မန်စီးတီးလည်း
ချဲလ်ဆီးကို ၁၃ မှတ်အထိ ဖြတ်ထားလိုက်ပါတယ်။


စီးတီးဟာ ပထမပိုင်းမှာကတည်းက
ချဲလ်ဆီးကို ဖိအားပေးနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ
ချဲလ်ဆီးအသင်း ကစားပုံပိုကောင်းလာပေမယ့်

စီးတီးကပဲ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး
ပွဲပြီးဖို့ မိနစ် ၂၀အလိုမှာ ဒီဘရိုင်းနားက
မှော်ဝင်ကာလကို ဖန်တီးရင်း
အသင်းကို အမှတ်ပြည့်ရယူပေးလိုက်ပါတယ်။
ဒီဘရိုင်းနားဟာ ကန်ဆယ်လိုဆီကနေ

ဘောလုံး လက်ခံရယူပြီးနောက် ဆွဲပြေးလာကာ
အသင်းဖော်တွေဆီ ေးပို့တော့မလိုပုံစံမျိုးနဲ့
ဧရိယာအစပ်နားလောက်ကနေ ချဲလ်ဆီးဂိုးသမား
ကီပါရဲ့ဘယ်ဘက်အောက်ထောင့်ထဲ
လှလှပပ ဝေ့ဝိုက်ကန်သွင်းလိုက်တာပါ။


ပွဲအပြီးမှာတော့ ပရိသတ်တွေက
လူမှုမီဒီယာကနေ ဒီဘရိုင်းနားရဲ့ဂိုးကို အသီးသီးချီးကျူးခဲ့ပါတယ်။
”ဒီဘရိုင်းနားရဲ့ဂိုးကတော့ ယုံနိုင်စရာတောင်

မရှိဘူးဗျာ။ သူတို့ နိုင်ပွဲနဲ့မထိုက်တန်ဘူးလို့ သွားမပြောလိုက်ပါနဲ့”
”ဒီဘရိုင်းနားဆီက မြင်ရတဲ့ တကယ့်စွမ်းဆောင်ရည်ကောင်းပါပဲ။
လုံးဝကို ကမ္ဘာ့အဆင့်ခြေစွမ်းပိုင်ရှင်ပါ”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။