မှော်ဆန်တဲ့ ဘောလုံးပြကွက်တွေဟာ ဘရာဇီးသားတွေဆီက သန္ဓေတည်တာပါဆိုတဲ့ ဖရက်

ရှရစ်ဖ်နဲ့ ကစားခဲ့တဲပွဲစဉ်မှာ အန်တိုနီရဲ့ လှည်ဖြားမှုပြကွက်အပေါ် ဝေဖန်ခဲ့တဲ့ မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးအနေနဲ့ အခုလိုမျိုး လူသိရှင်ကြား ပုတ်ခတ်တာမျိုး မလုပ်သင့်ဘူးလို့

ဘရာဇီးကွင်းလယ်လူ ဖရက်က တု့န်ပြန်လိုက် ပါတယ်။ ရှရစ်ဖ်နဲ့ ပွဲစဉ် ဂိုးမရှိ သရေကျနေချိန်မှာ အန်တိုနီဟာ သူ့ရဲ့ ၃၆၀ လှည့်ဖြားမှုပြကွက်ကို နှစ်ခါလုပ်ပြခဲ့ပြီး ဘောလုံးပေးပို့မှု

လုပ်ခဲ့ရာမှာတော့ ဂိုးလွန်ဘော ဖြစ်သွားခဲ့လို့ ပေါလ်စခိုးအပါအဝင် ဘောလုံးရေးရာ ဝေဖန်သူ တော်တော်များများက အပြစ်ပြောခဲ့ကြပါတယ်။ အသင်းအတွက် လိုအပ်နေတဲ့

အနိုင်ဂိုးတစ်ဂိုးတောင် မသွင်းနိုင်သေးချိန်မှာ အခုလိုမျိုး ဟန်ရေးပြနေတာမျိုးတွေ လုပ်နေတာကို နားမလည်နိုင်ဘူးလို့ ပေါလ်စခိုးက ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း ဖရက်ကတော့

ဘရာဇီးဘောလုံးသမားတွေဟာ အသွေးထဲ အသားထဲမှာကိုက ဘောလုံးနဲ့ပတ်သက်တဲ့ အရည်အသွေးတွေ ရှိပြီးသားပါ လို့ ပေါလ်စခိုးကို တုံ့ပြန်လိုက်ပါတယ်။ ‘’သူတို့ ပြောချင်တာပြောပြီး

မဟားတရားတွေကို အလိုမကျ ဖြစ်နေကြတာပါ။ ဒါမျိုးတွေက ဘရာဇီးသားတွေနဲ့ အတူစခဲ့တာလို့ ကျွန်တော်ထင်တယ်။ ဘရာဇီးသားတွေရဲ့ အသွေးထဲ အသားထဲမှာကိုက အဲဒီ

အရည်အသွေးမျိုးတွေရှိတာ။ ပီလီခေတ်ကတည်းက အဲဒီလိုမျိုး အရည်အသွေးတွေ၊ လှည့်ဖြားမှုတွေ၊ ဂိုးသွင်းတာတွေ၊ ကခုန် အောင်ပွဲခံတာတွေ၊ ပြုံးတာမျိုးတွေပေါ့။ ဒါကြောင့်

ကျွန်တော်တို့မှာ ရှိနေတဲ့ ဝိသေသတွေကို လူတွေက နားလည်လက်ခံပေးရမယ်။ သူတို့ လုပ်နေတာ တွေနဲ့ ပတ်သက်ပြီး အလိုမကျတဲ့ ပုံစံနဲ့ ဝေဖန်တာမျိုးတွေ မဖြစ်စေရဘူး။

ဟုတ်ပြီ။ အဲဒါက ဝေဖန်စရာဆိုရင် ကျွန်တော်တို့ အဝတ်လဲခန်းထဲဝင်သွား ပြီး သူနဲ့ စကားပြောမှာပေါ့။

ဒါပေမဲ့ ဘယ်သူ့ကိုမှ ဝေဖန်တာမျိုး မရှိဘူး။ ဒါက သူကစားနေတဲ့ ပွဲဗျ။

သူဒါမျိုးကို ဆက်ပြီး လုပ်ရမယ်လို့ ကျွန်တော်ထင်တယ်’’ လို့ ဖရက်က ESPN သတင်းဌာနကို ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ေမွာ္ဆန္တဲ့ ေဘာလုံးျပကြက္ေတြဟာ ဘရာဇီးသားေတြဆီက သေႏၶတည္တာပါဆိုတဲ့ ဖရက္

ရွရစ္ဖ္နဲ႔ ကစားခဲ့တဲပြဲစဥ္မွာ အန္တိုနီရဲ႕ လွည္ျဖားမႈျပကြက္အေပၚ ေဝဖန္ခဲ့တဲ့ မန္ယူကြင္းလယ္လူေဟာင္း ေပါလ္စခိုးအေနနဲ႔ အခုလိုမ်ိဳး လူသိရွင္ၾကား ပုတ္ ခတ္တာမ်ိဳး မလုပ္သင့္ဘူးလို႔

ဘရာဇီးကြင္းလယ္လူ ဖရက္က တု႔န္ျပန္လိုက္ ပါတယ္။ ရွရစ္ဖ္နဲ႔ ပြဲစဥ္ ဂိုးမရွိ သေရက်ေနခ်ိန္မွာ အန္တိုနီဟာ သူ႔ရဲ႕ ၃၆၀ လွည့္ျဖားမႈျပကြက္ကို ႏွစ္ခါလုပ္ျပခဲ့ၿပီး ေဘာလုံးေပးပို႔မႈ

လုပ္ခဲ့ရာမွာေတာ့ ဂိုး လြန္ေဘာ ျဖစ္သြားခဲ့လို႔ ေပါလ္စခိုးအပါအဝင္ ေဘာလုံးေရးရာ ေဝဖန္သူ ေတာ္ေတာ္မ်ားမ်ားက အျပစ္ေျပာခဲ့ၾကပါတယ္။ အသင္းအတြက္

လိုအပ္ေန တဲ့ အႏိုင္ဂိုးတစ္ဂိုးေတာင္ မသြင္းႏိုင္ေသးခ်ိန္မွာ အခုလိုမ်ိဳး ဟန္ေရးျပေန တာမ်ိဳးေတြ လုပ္ေနတာကို နားမလည္ႏိုင္ဘူးလို႔ ေပါလ္စခိုးက ေျပာဆိုခဲ့တာပါ။

ဒါေပမဲ့လည္း ဖရက္ကေတာ့ ဘရာဇီးေဘာလုံးသမားေတြဟာ အေသြးထဲ အသားထဲမွာကိုက ေဘာလုံးနဲ႔ပတ္သက္တဲ့ အရည္အေသြးေတြ ရွိၿပီးသားပါ လို႔ ေပါလ္စခိုးကို တုံ႔ျပန္လိုက္ပါတယ္။

‘’သူတို႔ ေျပာခ်င္တာေျပာၿပီး မဟား တရားေတြကို အလိုမက် ျဖစ္ေနၾကတာပါ။ ဒါမ်ိဳးေတြက ဘရာဇီးသားေတြနဲ႔ အတူ စခဲ့တာလို႔ ကြၽန္ေတာ္ထင္တယ္။ ဘရာဇီးသားေတြရဲ႕

အေသြးထဲ အသားထဲမွာကိုက အဲဒီ အရည္အေသြးမ်ိဳးေတြ ရွိတာ။ ပီလီေခတ္ကတည္း က အဲဒီလိုမ်ိဳး အရည္အေသြးေတြ၊ လွည့္ျဖားမႈေတြ၊ ဂိုးသြင္းတာေတြ၊ ကခုန္ ေအာင္ပြဲခံတာေတြ၊

ၿပဳံးတာမ်ိဳးေတြေပါ့။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔မွာ ရွိေနတဲ့ ဝိေသသေတြကို လူေတြက နားလည္လက္ခံေပးရမယ္။ သူတို႔ လုပ္ေနတာ ေတြနဲ႔ ပတ္သက္ၿပီး အလိုမက်တဲ့ ပုံစံနဲ႔

ေဝဖန္တာမ်ိဳးေတြ မျဖစ္ေစရဘူး။ ဟုတ္ၿပီ။ အဲဒါက ေဝဖန္စရာဆိုရင္ ကြၽန္ေတာ္တို႔ အဝတ္လဲခန္းထဲဝင္သြား ၿပီး သူနဲ႔ စကားေျပာမွာေပါ့။ ဒါေပမဲ့ ဘယ္သူ႔ကိုမွ ေဝဖန္တာမ်ိဳး မရွိဘူး။

ဒါက သူကစားေနတဲ့ ပြဲဗ်။ သူဒါမ်ိဳးကို ဆက္ၿပီး လုပ္ရမယ္လို႔ ကြၽန္ေတာ္ထင္တယ္’’ လို႔ ဖရက္က ESPN သတင္းဌာနကို ေျပာဆိုသြားခဲ့ပါ တယ္။