မှားတဲ့လူက သူပဲဖြစ်လိုက်ချင်တယ်ဆိုတဲ့ ယူနိုက်တက်နဲ့ပတ်သက်လို့ မော်ရင်ညိုရဲ့မှန်ကန်တဲ့ထောက်ပြချက်

ရိုးမားအသင်းနည်းပြ မော်ရင်ညိုက

လွန်ခဲ့တဲ့ ၃နှစ်က ယူနိုက်တက်နဲ့ပတ်သက်လို့
သူထောက်ပြခဲ့တဲ့အချက်တွေ
မှန်ကန်ကြောင်း အခုလက်တွေ့မြင်နေရပြီလို့
ယုံကြည်နေပါတယ်။
၂၀၁၈ ဒီဇင်ဘာလမှာ ယူနိုက်တက်နည်းပြရာထူးကနေ

ထုတ်ပယ်ခံခဲ့ပြီးနောက် ပေါ်တူဂီနိုင်ငံသား မော်ရင်ညိုက
မိမိအနေနဲ့ အိုးထရက်ဖို့ဒ်မှာ
အလုပ်ကောင်းကောင်း
လုပ်ပြနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မော်ရင်ညိုဟာ ယူနိုက်တက်နဲ့အတူ

အဓိကဆုဖလားတွေဖြစ်တဲ့ ယူရိုပါလိဂ်နဲ့
လိဂ်ဖလားတွေ ရယူနိုင်ခဲ့ပေမယ့်
ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့တော့ ဝေးကွာခဲ့ပါတယ်။
မော်ရင်ညိုဟာ ယူနိုက်တက်နည်းပြရာထူးကနေ
ထုတ်ပယ်ခံရချိန်မှာ ဝေဖန်မှုတွေနဲ့

ရင်ဆိုင်ခဲ့ရပေမယ့် ကာယကံရှင်ဖြစ်သူကတော့
အသင်းရဲ့ခြေစွမ်းဆိုးရွားမှုကို ထောက်ပြခဲ့ပါတယ်။
ယူနိုက်တက်ကလည်း မော်ရင်ညိုခေတ်လွန်မှာ
ဖလားလက်မဲ့ဖြစ်နေရပြီး ဒီရာသီဆိုရင်
ချန်ပီယံလိဂ်ဝင်ခွင့်တောင် ဆုံးရှုံးခဲ့ရပါတယ်။

”ကံမကောင်းစွာနဲ့ပဲ ကျွန်တော်ပြောခဲ့တာတွေက မှန်နေပါတယ်။
ကျွန်တော့်ရဲ့အင်္ဂလိပ် ပတ်သက်ဆက်နွယ်မှုက
ချဲလ်ဆီးပဲဆိုတာ သေချာတာပေါ့။
ချဲလ်ဆီးမှာ ၂ကြိမ်တောင် နည်းပြလုပ်ခဲ့တယ်။
ပြီးတော့ ၆ နှစ်တောင်ကြာတယ်လေ။

ဒါပေမဲ့ ယူနိုက်တက်ပရိသတ်တွေက
သိပ်ကောင်းပြီး အသင်းမှာလည်း
ကောင်းတဲ့ပုဂ္ဂိုလ်တွေအများကြီးပါ။
ဒီတော့ ကျွန်တော်ပြောခဲ့တဲ့အချက်တွေ
မှန်နေတာ မကောင်းဘူးပေါ့ဗျာ။

ဒီလိုမှန်နေလို့လည်း ကျွန်တော် မပျော်ပါဘူး။
ကျွန်တော် ပြောခဲ့တာတွေ မှားစေချင်တာပေါ့။
ဒါပေမဲ့ ကျွန်တော် မှန်မှန်း သိပါတယ်။
အသင်းက စိတ်ဓာတ်ပိုင်းနဲ့
ဖွဲ့စည်းအုပ်ချုပ်မှုပိုင်း မမှန်တဲ့

အနေအထားတွေကို
ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။
ကျွန်တော် ထွက်လာတုန်းကလည်း
အဲဒီပြဿနာ မဖြေရှင်းနိုင်ခဲ့ပါဘူး။
ယူနိုက်တက်အနေနဲ့ အကောင်းဆုံးတွေ

ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးခဲ့ပါတယ်။
ဖြစ်ပါစေလို့လည်း မျှော်လင့်ခဲ့ပါတယ်”လို့
မော်ရင်ညိုက ပြောပါတယ်။

Zawgyi

မွားတ့ဲလူက သူပဲျဖစ္လုိက္ခ်င္တယ္ဆိုတဲ့ ယူႏုိက္တက္နဲ႔ပတ္သက္လို႔ ေမာ္ရင္ညိဳရဲ႕မွန္ကန္တဲ့ေထာက္ျပခ်က္
ရိုးမားအသင္းနည္းျပ ေမာ္ရင္ညိဳက
လြန္ခဲ့တဲ့ ၃ႏွစ္က ယူနုိက္တက္နဲ႔ပတ္သက္လုိ႔
သူေထာက္ျပခဲ့တဲ့အခ်က္ေတြ

မွန္ကန္ေၾကာင္း အခုလက္ေတြ႕ျမင္ေနရၿပီလုိ႔
ယုံၾကည္ေနပါတယ္။
၂၀၁၈ ဒီဇင္ဘာလမွာ ယူႏုိက္တက္နည္းျပရာထူးကေန
ထုတ္ပယ္ခံခဲ့ၿပီးေနာက္ ေပၚတူဂီႏိုင္ငံသား ေမာ္ရင္ညိဳက
မိမိအေနနဲ႔ အုိးထရက္ဖို႔ဒ္မွာ

အလုပ္ေကာင္းေကာင္း
လုပ္ျပႏိုင္ခဲ့တယ္လုိ႔ ေျပာခဲ့ပါတယ္။
ေမာ္ရင္ညိဳဟာ ယူႏိုက္တက္နဲ႔အတူ
အဓိကဆုဖလားေတြျဖစ္တဲ့ ယူရိုပါလိဂ္နဲ႔
လိဂ္ဖလားေတြ ရယူႏိုင္ခဲ့ေပမယ့္

ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ေတာ့ ေ၀းကြာခဲ့ပါတယ္။
ေမာ္ရင္ညိဳဟာ ယူႏုိက္တက္နည္းျပရာထူးကေန
ထုတ္ပယ္ခံရခ်ိန္မွာ ေ၀ဖန္မႈေတြနဲ႔
ရင္ဆုိင္ခဲ့ရေပမယ့္ ကာယကံရွင္ျဖစ္သူကေတာ့
အသင္းရဲ႕ေျခစြမ္းဆုိးရြားမႈကို ေထာက္ျပခဲ့ပါတယ္။

ယူႏုိက္တက္ကလည္း ေမာ္ရင္ညိဳေခတ္လြန္မွာ
ဖလားလက္မဲ့ျဖစ္ေနရၿပီး ဒီရာသီဆုိရင္
ခ်န္ပီယံလိဂ္၀င္ခြင့္ေတာင္ ဆုံးရံႈးခဲ့ရပါတယ္။
”ကံမေကာင္းစြာနဲ႔ပဲ ကၽြန္ေတာ္ေျပာခဲ့တာေတြက မွန္ေနပါတယ္။
ကၽြန္ေတာ့္ရဲ႕အဂၤလိပ္ ပတ္သက္ဆက္ႏြယ္မႈက

ခ်ဲလ္ဆီးပဲဆုိတာ ေသခ်ာတာေပါ့။
ခ်ဲလ္ဆီးမွာ ၂ႀကိမ္ေတာင္ နည္းျပလုပ္ခဲ့တယ္။
ၿပီးေတာ့ ၆ ႏွစ္ေတာင္ၾကာတယ္ေလ။
ဒါေပမဲ့ ယူႏုိက္တက္ပရိသတ္ေတြက
သိပ္ေကာင္းၿပီး အသင္းမွာလည္း

ေကာင္းတဲ့ပုဂၢိဳလ္ေတြအမ်ားႀကီးပါ။
ဒီေတာ့ ကၽြန္ေတာ္ေျပာခဲ့တဲ့အခ်က္ေတြ
မွန္ေနတာ မေကာင္းဘူးေပါ့ဗ်ာ။
ဒီလိုမွန္ေနလုိ႔လည္း ကၽြန္ေတာ္ မေပ်ာ္ပါဘူး။
ကၽြန္ေတာ္ ေျပာခဲ့တာေတြ မွားေစခ်င္တာေပါ့။

ဒါေပမဲ့ ကၽြန္ေတာ္ မွန္မွန္း သိပါတယ္။
အသင္းက စိတ္ဓာတ္ပိုင္းနဲ႔
ဖြဲ႕စည္းအုပ္ခ်ဳပ္မႈပိုင္း မမွန္တဲ့
အေနအထားေတြကို
ေျပာင္းလဲဖုိ႔ ႀကိဳးစားခဲ့ပါတယ္။

ကၽြန္ေတာ္ ထြက္လာတုန္းကလည္း
အဲဒီျပႆနာ မေျဖရွင္းႏိုင္ခဲ့ပါဘူး။
ယူႏုိက္တက္အေနနဲ႔ အေကာင္းဆုံးေတြ
ျဖစ္ပါေစလုိ႔ ကၽြန္ေတာ္ ဆုေတာင္းေပးခဲ့ပါတယ္။
ျဖစ္ပါေစလုိ႔လည္း ေမွ်ာ္လင့္ခဲ့ပါတယ္”လုိ႔

ေမာ္ရင္ညိဳက ေျပာပါတယ္။