မွေးနေ့ပွဲကို လွတ်လပ်စွာကျင်းပခွင့်ရသလို ဂန္ထဝင်ပီလီရဲ့  ဆုတောင်းစကားပါရခဲ့တဲ့ ဘာပေ

ဘာပေရဲ့ ၂၃ နှစ်ပြည့်မွေးနေ့မှာ ဆုတောင်းစကားချွေခဲ့တဲ့ ဂန္ထဝင်ပီလီ

ပြင်သစ်နဲ့ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘာပေဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က

သူ့ရဲ့အသက် ၂၃ နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပခဲ့ပြီး ဘ ရာဇီးဂန္ထဝင်ပီလီက

ဆုတောင်းစကားပေးပို့ခဲ့ကြောင်း သိရပါတယ်။ ဘာပေဟာပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က

လိုရီယန့်နဲ့ပွဲကို ပွဲပယ်ပြစ် ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့အတွက် အင်္ဂါနေ့မှာမွေးနေ့ပွဲကို

လွတ်လပ်စွာကျင်းပခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ အထူးမှာကြား ထားတဲ့

ကိတ်မုန့်ကြီးနဲ့အတူ မွေးနေ့အထိန်းအမှတ်ကျင်းပနေပုံကို

ဆိုရှယ်မီဒီယာထက်မှာလည်းတင်ခဲ့ပါတယ်။

ဒီမွေးနေ့ပွဲကို ပီအက်စ်ဂျီအသင်းကစားဖော်တွေတက်ရောက်ခဲ့ကြတာပါ။

ပီလီကဆိုရှယ်မီဒီယာကနေတစ်ဆင့်” ပျော်စရာမွေးနေ့ဖြစ်ဖို့

ဆု တောင်းပေးပါတယ် ဘာပေရေ။ မင်းလိုကြယ်ပွင့်ကစားသမားလေး

ဆက်လက်တောက်ပပြီး ပိုပြီးမြင့်မြင့်ပျံသန်းနိုင်စေဖို့လည်း မျှော်လင့်ပါတယ်” လို့

ရေးသားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၉ တုန်းကပဲရစ်မြို့က

အခမ်းအနားတစ်ခုမှာဆုံခဲ့ကြပြီးနောက် ခင်မင်ရင်းနှီးသွားကြပြီး

ပီလီက ဘာပေဆီ ကို မက်ဆေ့ချ်တွေပုံမှန်ပေးပို့ပြီး အားပေးစကားပြောလေ့ရှိပါတယ်။

ဒီအားပေးစကားတွေထဲမှာ ယူရို ၂၀၂၀ ကနေပြင်သစ်ထွက် ခဲ့ရတုန်းက

အားပေးမှုလည်းပါဝင်ခဲ့ပါတယ်။ အဲဒီတုန်းကပြင်သစ်အသင်းဟာ

၁၆ သင်းအဆင့်မှာ ဆွစ်ဇာလန်နဲ့တွေ့ခဲ့ပြီး ၃-၃ သရေကျနေလို့

ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ဘာပေ ရဲ့အဆုံးအဖြတ်ကန်ချက်လွဲခဲ့လို့

ဆွစ်ဇာလန်က ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာပါ။

အဲဒီတုန်းကပြင်သစ်အသင်းမှာ ပင်နယ်တီလွဲခဲ့တာ ဘာပေတစ်ယောက်တည်းဖြစ်ပြီး

အချိန်ပိုမှာ လည်း အနိုင်ဂိုးရမယ့်အခွင့်အရေးကိုသူအသုံးမချနိုင်ခဲ့ပါဘူး။

ဒါကြောင့်လည်း ပီလီက” ခေါင်းကိုမော့ထားစမ်းပါ ဘာပေ။

မနက် ဖြန်ဟာ ခရီးစဥ်အသစ်ရဲ့ပထမဆုံးနေ့ဖြစ်တော့မှာ” လို့

တွစ်တာကနေအားပေးခဲ့ပါတယ်။

zawgyi

ေမြးေန႔ပြဲကို လြတ္လပ္စြာက်င္းပခြင့္ရသလို ဂႏၴဝင္ပီလီရဲ႕  ဆုေတာင္းစကားပါရခဲ့တဲ့ ဘာေပ

ဘာေပရဲ႕ ၂၃ ႏွစ္ျပည့္ေမြးေန႔မွာ ဆုေတာင္းစကားေခြၽခဲ့တဲ့ ဂႏၴဝင္ပီလီ

ျပင္သစ္နဲ႔ ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉး ဘာေပဟာ ၿပီးခဲ့တဲ့အဂၤါေန႔က

သူ႔ရဲ႕အသက္ ၂၃ ႏွစ္ျပည့္ေမြးေန႔ပြဲကို က်င္းပခဲ့ၿပီး ဘ ရာဇီးဂႏၴဝင္ပီလီက

ဆုေတာင္းစကားေပးပို႔ခဲ့ေၾကာင္း သိရပါတယ္။ ဘာေပဟာၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က

လိုရီယန႔္နဲ႔ပြဲကို ပြဲပယ္ျပစ္ ဒဏ္ေၾကာင့္ မပါဝင္ႏိုင္ခဲ့တဲ့အတြက္ အဂၤါေန႔မွာေမြးေန႔ပြဲကို

လြတ္လပ္စြာက်င္းပခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ သူဟာ အထူးမွာၾကား ထားတဲ့

ကိတ္မုန႔္ႀကီးနဲ႔အတူ ေမြးေန႔အထိန္းအမွတ္က်င္းပေနပုံကို

ဆိုရွယ္မီဒီယာထက္မွာလည္းတင္ခဲ့ပါတယ္။ ဒီေမြးေန႔ပြဲကို

ပီအက္စ္ဂ်ီအသင္းကစားေဖာ္ေတြတက္ေရာက္ခဲ့ၾကတာပါ။

ပီလီကဆိုရွယ္မီဒီယာကေနတစ္ဆင့္” ေပ်ာ္စရာေမြးေန႔ျဖစ္ဖို႔

ဆု ေတာင္းေပးပါတယ္ ဘာေပေရ။ မင္းလိုၾကယ္ပြင့္ကစားသမားေလး

ဆက္လက္ေတာက္ပၿပီး ပိုၿပီးျမင့္ျမင့္ပ်ံသန္းႏိုင္ေစဖို႔လည္း ေမွ်ာ္လင့္ပါတယ္” လို႔

ေရးသားခဲ့ပါတယ္။ သူတို႔ႏွစ္ဦးဟာ ၂၀၁၉ တုန္းကပဲရစ္ၿမိဳ႕က

အခမ္းအနားတစ္ခုမွာဆုံခဲ့ၾကၿပီးေနာက္ ခင္မင္ရင္းႏွီးသြားၾကၿပီး

ပီလီက ဘာေပဆီ ကို မက္ေဆ့ခ်္ေတြပုံမွန္ေပးပို႔ၿပီး အားေပးစကားေျပာေလ့ရွိပါတယ္။

ဒီအားေပးစကားေတြထဲမွာ ယူ႐ို ၂၀၂၀ ကေနျပင္သစ္ထြက္ ခဲ့ရတုန္းက

အားေပးမႈလည္းပါဝင္ခဲ့ပါတယ္။ အဲဒီတုန္းကျပင္သစ္အသင္းဟာ

၁၆ သင္းအဆင့္မွာ ဆြစ္ဇာလန္နဲ႔ေတြ႕ခဲ့ၿပီး ၃-၃ သေရက်ေနလို႔

ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရာမွာ ဘာေပ ရဲ႕အဆုံးအျဖတ္ကန္ခ်က္လြဲခဲ့လို႔

ဆြစ္ဇာလန္က ကြာတားဖိုင္နယ္ကို တက္ေရာက္သြားခဲ့တာပါ။

အဲဒီတုန္းကျပင္သစ္အသင္းမွာ ပင္နယ္တီလြဲခဲ့တာ ဘာေပတစ္ေယာက္တည္းျဖစ္ၿပီ

း အခ်ိန္ပိုမွာ လည္း အႏိုင္ဂိုးရမယ့္အခြင့္အေရးကိုသူအသုံးမခ်ႏိုင္ခဲ့ပါဘူး။

ဒါေၾကာင့္လည္း ပီလီက” ေခါင္းကိုေမာ့ထားစမ္းပါ ဘာေပ။

မနက္ ျဖန္ဟာ ခရီးစဥ္အသစ္ရဲ႕ပထမဆုံးေန႔ျဖစ္ေတာ့မွာ” လို႔

တြစ္တာကေနအားေပးခဲ့ပါတယ္။