မွေးစားမိဘတွေ မလိုချင်တော့လို့ မိခင်ရင်းရဲ့ ငိုကြွေးမှုတွေက အောင်မြင်ဖို့ တွန်းအားဖြစ်ခဲ့တယ်ဆိုတဲ့ ဒီဘရိုင်း

ကမ္ဘာနာမည်ကြီးဘောလဲုးသမားတွေဟာ လက်ရှိအချိန်မှာ

အများအားကျရတဲ့ဝင်ငွေနဲ့ သာယာတဲ့ဘဝ​ေတွကို ပိုင်ဆိုင်နေကြပေမယ့်

တချို့တွေမှာလည်း အတော်လေးဆိုးရွားခဲ့တဲ့

ငယ်ဘဝဇတ်ကြောင်းလေးတွေ ရှိခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားဟောင်း ရော်နယ်ဒင်ဟိုဆိုရင်

ငယ်ငယ်က ဘောကန်ဖိနပ်မရှိဘဲ ကစားခဲ့ရသလို

သူ့အဖေက မဝယ်ပေးနိုင်ခဲ့တာ၊ ရွှေဘောလုံးဆုရချိန်မှာ

သူ့အဖေ မရှိတော့လို့ ငိုခဲ့ရတာတွေကို ဖွင့်ဟခဲ့ဖူးပါတယ်။

ဒီလိုပဲ မန်စီးတီး ကစားသမား ဒီဘရိုင်းဆိုရင်လည်း

ငယ်ငယ်က မွေးစားမိဘတွေရဲ့ မလိုချင်မှုကို ခံခဲ့ရဖူးပြီး

ဒီလို စွန့်ပစ်ခံရတဲ့အဖြစ်နဲ့ မိခင်ဖြစ်သူငိုကြွေးခဲ့ရမှုတွေက

သူ့ကို အခုလိုမျိုးအောင်မြင်မှုတွေ ရဖို့

တွန်းအားပေးခဲ့တာလို့ ပြန်ပြောင်းဖွင့်ဟခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက် ၃၀ ရှိနေပြီဖြစ်တဲ့ ဒီဘရိုင်းဟာ

ဘောလုံးမှာလည်း အောင်မြင်နေသလို

ဇနီးဖြစ်သူ မီချဲလ်လာခရော့စ္၊ သားကြီး မေဆင်မီလီယံဒီဘရိုင်း၊

သားငယ် ရုန်းမ်း ဒီဘရိုင်း၊ သမီးလေး ဆူရီ ဒီဘရိုင်းတို့နဲ့အတူ

သာယာတည်ငြိမ်တဲ့မိသားစု ဘဝကို ပိုင်ဆိုင်နေပါပြီ။

ဒီဘရိုင်းဟာ ဖခင်ဖြစ်တဲ့ ဟားဝှစ်၊ မိခင်ဖြစ်တဲ့အန်နာတို့ကနေ

ဒတ်ချ်စကားကို အဓိကပြောကြတဲ့

ဘယ်လ်ဂျီယန်နိုင်ငံက Ghent မြို့မှာ မွေးဖွားလာသူပါ။

သူ့ရဲ့မိခင်က ဘယ်လ်ဂျီယန်သူဖြစ်ပေမယ့် ဘီရွန်ဒီနိုင်ငံမှာ မွေးဖွားခဲ့သလို

အိုင်ဗရီကို့စ်မှာလည်း နေထိုင်ခဲ့သူပါ။

ဖခင်ဖြစ်သူကလည်း လောင်စာဆီလုပ်ငန်းလုပ်တဲ့အပြင်

မိခင်ဖြစ်သူရဲ့အလုပ်အကိုင်ကြောင့် ဒီဘရိုင်းတို့မိသားစုဟာ

မကြာခဏ နေရာရွေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။

ဒီဘရိုင်းကလည်း သူ့ရဲ့ ကမ္ဘာကျော်ဘောလုံးသမားဖြစ်ချင်တဲ့

အိပ်မက်ကြောင့် ငယ်ငယ်လေးကတည်းက

လူငယ်အကယ်ဒမီတွေတက်ခဲ့သလို အသက် ၁၅ နှစ်အရွယ်မှာတော့

Genk အကယ်ဒမီကိုရောက်ခဲ့ပါတယ်။

အဲ့ဒိအကယ်ဒမီကလည်း ပညာရေး၊ ဘောလုံးသင်တန်းတွေပြီးသွားတဲ့အခါ

ဒီဘရိုင်းကို မွေးစားမယ့် မိသားစုတစ်ခုထံကို ပို့လိုက်ပါတယ်။

အဲ့ဒိမိသားစုထံမှာ ၁ နှစ်ကြာနေထိုင်ဖို့ပါ။

ဖြစ်ချင်တော့ ဒီဘရိုင်းကို အဲ့ဒိမိသားစုက မလိုချင်ခဲ့ပါဘူး။

အကြောင်းပြချက်ကတော့ ဒီဘရိုင်းဟာ သူ့ဘာသာသူ

ဘာသိဘာသာသူ နေတတ်သလို အရမ်းအနေအထိုင်အေးလွန်းပြီး

ပေါင်းသင်းဆက်ဆံရေးမှာ အခက်အခဲတွေဖြစ်လာမယ်ဆိုတဲ့

အချက်နဲ့ ထပ်ပြီး မွေးစားဖို့ မလိုချင်ခဲ့တာပါ။

ဒါကို ဒီဘရိုင်းက ကနဦးမှာ မသိခဲ့ဘဲ သု့ရဲ့ မွေးမိခင်ရင်းက

ငိုကြွေးတဲ့ အချိန်မှသာ သိခဲ့ရတာပါ။

” အဲ့ဒိနစ်က ကျွန်တော် ကျောင်းမှာ အားလုံး အိုကေတယ်။

ဘောလုံးမှာလည်း ကောင်းတယ်။ ရန်ဖြစ်တာ၊ ပြသာနာတက်တာလည်း မရှိဘူး။

နှစ်ကုန်တော့ အိတ်တွေကိူ ဆွဲထွက်လာပြီး

ကျွန်တော်ရဲ့ မွေးစားမိဘတွေကိုလည်း ကောင်းကောင်း နှုတ်ဆက်ခ့ဲ့တယ်။

သူတို့ကလည်း ကျွန် တော့်ကို နွေရာသီမှာ

ပြန်တွေ့ကြမယ်လို့ တောင် ပြောခဲ့ကြတာပါ။

” ဒါပေမယ့် မိဘတွေရဲ့ အိမ်ကိုရောက်လို့ တံခါးဖွင့်ဝင်လိုက်တာနဲ့

ငိုနေတဲ့ အမေ့ကိုတွေ့လိုက်တယ်။ ကျွန်တော်တွေးလိုက်တာကတော့

တစ်ယောက်ယောက် များ ဆုံးသွားသလား၊ တစ်ခုခုများ ဖြစ်လို့လားပေါ့။

ဘာ ပြသာနာရှိလို့လည်းတောင် ကျွန်တော်မေးလိုက်သေးတယ်။”

” အမေပြန်ပြောလိုက်တဲ့စကားကတော့

ကျွန်တော့်ဘဝစတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့တာပါပဲ။

အမေပြောတာက ‘သူတို့က မင်းကို ပြန်မလာစေချင်ဘူးတဲ့ သားလေးရေ၊

မင်းရဲ့မွေးစားမိဘတွေက မင်းကို ထပ်မခေါ်ထားချင်တော့ဘူးတဲ့’ လို့

ငိုရင်းက ပြောခဲ့တာပါ” ” ကျွန်တော်လည်း ပြန်မေးတာပေါ့။

ဘာလို့လဲ။ ဘာကြောင့်လဲပေါ့။ သူတို့အပြောကတော့

ကျွန်တော်က အရမ်းကို အေးဆေးတိတ်ဆိတ်လွန်းတယ်။

သူတို့မိသားစုနဲ့ အံဝင်ခွင်ကျမဖြစ်ဘူးပေါ့”

“ကျွန်တော်လည်း တကယ်ကိုပဲ အံ့အားသင့်သွားခဲ့ရတယ်။

အဲ့ဒါက ကျွန်တော်ဘဝတစ်လျောက်ကြုံရတဲ့ တကယ့် ပြသာနာကြီး။

ကျွန်တော်ကလည်း ဘာမှ မဟုတ်သေးဘူး။

ကလပ်ကလည်း ကျွန်တော်က ပြသာနာဖြစ်နေပြီလို့ ထင်လာတယ်။ ” လို့

ဒီဘရိုင်းက ဖွင့်ဟပါတယ်။

အဲ့ဒိလို မိခင်ဖြစ်သူ ငိုကြွေးတဲ့အခိုက်အတန့်ကပဲ

သူ့ကိုအခုလို ဖြစ်လာစေဖို့ အဓိက တွန်းအားပေးမောင်းနှင်ခဲ့တာလို့လည်း

ဒီဘရိုင်းက ဆိုပါတယ်။

“အမေ ငိုနေတာတွေ့တော့ ကျွန်တော်လည်း ဘောလုံးကို ကောက်ဆွဲပြီး ထွက်လာတယ်။

ငယ်ငယ်လေးကတည်းက ဘောလုံးကန်ပြီးကစားခဲ့တဲ့

ခြံစည်းရိုးနံရံကို ဘောလုံးနဲ့ ကြိမ်ဖန်များစွာ ကန်တယ်။

ခေါင်းထဲမှာလည်း ‘မင်း ဘယ်သူလဲ၊ ပြစမ်း၊ ပြစမ်း” လို့

ကြိမ်ဖန်များစွာ ကိုယ့်ကိုယ်ကို ပြောရင်းပေါ့” လို့ ဒီဘရိုင်းက ဆိုပါတယ်။

အဲ့ဒိလို အဖြစ်အပျက်တွေဖြစ်ပွားပြီးနောက် သောကြာနေ့မှာ

ကစားရတဲ့ပွဲတစ်ပွဲမှာ ဒုတိယပိုင်းရောက်တော့ လူစားဝင်ကစားခွင့်ရခဲ့ပြီး

တစ်ယောက်တည်း ၅ ဂိုးသွင်းခဲ့သလို အသင်းမှာ

နေရာရလာရာကနေ အခုလိုမျိုးအထိ ဖြစ်လာခဲ့တာလို့လည်း

ဒီဘရိုင်းက ပြန်ပြောင်းဖွင့်ဟခဲ့တာဖြစ်ပါတယ်။

zawgyi

ေမြးစားမိဘေတြ မလိုခ်င္ေတာ့လို႔ မိခင္ရင္းရဲ႕ ငိုေႂကြးမႈေတြက ေအာင္ျမင္ဖို႔ တြန္းအားျဖစ္ခဲ့တယ္ဆိုတဲ့ ဒီဘ႐ိုင္း

ကမာၻနာမည္ႀကီးေဘာလဲုးသမားေတြဟာ လက္ရွိအခ်ိန္မွာ

အမ်ားအားက်ရတဲ့ဝင္ေငြနဲ႔ သာယာတဲ့ဘဝ​ေတြကို ပိုင္ဆိုင္ေနၾကေပမယ့္

တခ်ိဳ႕ေတြမွာလည္း အေတာ္ေလးဆိုး႐ြားခဲ့တဲ့

ငယ္ဘဝဇတ္ေၾကာင္းေလးေတြ ရွိခဲ့ပါတယ္။

ကမာၻ႔အေကာင္းဆုံးကစားသမားေဟာင္း ေရာ္နယ္ဒင္ဟိုဆိုရင္

ငယ္ငယ္က ေဘာကန္ဖိနပ္မရွိဘဲ ကစားခဲ့ရသလို

သူ႔အေဖက မဝယ္ေပးႏိုင္ခဲ့တာ၊ ေ႐ႊေဘာလုံးဆုရခ်ိန္မွာ

သူ႔အေဖ မရွိေတာ့လို႔ ငိုခဲ့ရတာေတြကို ဖြင့္ဟခဲ့ဖူးပါတယ္။

ဒီလိုပဲ မန္စီးတီး ကစားသမား ဒီဘ႐ိုင္းဆိုရင္လည္း

ငယ္ငယ္က ေမြးစားမိဘေတြရဲ႕ မလိုခ်င္မႈကို ခံခဲ့ရဖူးၿပီး

ဒီလို စြန္႔ပစ္ခံရတဲ့အျဖစ္နဲ႔ မိခင္ျဖစ္သူငိုေႂကြးခဲ့ရမႈေတြက

သူ႔ကို အခုလိုမ်ိဳးေအာင္ျမင္မႈေတြ ရဖို႔

တြန္းအားေပးခဲ့တာလို႔ ျပန္ေျပာင္းဖြင့္ဟခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ အသက္ ၃၀ ရွိေနၿပီျဖစ္တဲ့ ဒီဘ႐ိုင္းဟာ

ေဘာလုံးမွာလည္း ေအာင္ျမင္ေနသလို

ဇနီးျဖစ္သူ မီခ်ဲလ္လာခေရာ့စ္၊ သားႀကီး ေမဆင္မီလီယံဒီဘ႐ိုင္း၊

သားငယ္ ႐ုန္းမ္း ဒီဘ႐ိုင္း၊ သမီးေလး ဆူရီ ဒီဘ႐ိုင္းတို႔နဲ႔အတူ

သာယာတည္ၿငိမ္တဲ့မိသားစု ဘဝကို ပိုင္ဆိုင္ေနပါၿပီ။

ဒီဘ႐ိုင္းဟာ ဖခင္ျဖစ္တဲ့ ဟားဝွစ္၊ မိခင္ျဖစ္တဲ့အန္နာတို႔ကေန

ဒတ္ခ်္စကားကို အဓိကေျပာၾကတဲ့

ဘယ္လ္ဂ်ီယန္ႏိုင္ငံက Ghent ၿမိဳ႕မွာ ေမြးဖြားလာသူပါ။

သူ႔ရဲ႕မိခင္က ဘယ္လ္ဂ်ီယန္သူျဖစ္ေပမယ့္ ဘီ႐ြန္ဒီႏိုင္ငံမွာ ေမြးဖြားခဲ့သလို

အိုင္ဗရီကို႔စ္မွာလည္း ေနထိုင္ခဲ့သူပါ။

ဖခင္ျဖစ္သူကလည္း ေလာင္စာဆီလုပ္ငန္းလုပ္တဲ့အျပင္

မိခင္ျဖစ္သူရဲ႕အလုပ္အကိုင္ေၾကာင့္ ဒီဘ႐ိုင္းတို႔မိသားစုဟာ

မၾကာခဏ ေနရာေ႐ြ႕ေျပာင္းေနထိုင္ခဲ့ရပါတယ္။

ဒီဘ႐ိုင္းကလည္း သူ႔ရဲ႕ ကမာၻေက်ာ္ေဘာလုံးသမားျဖစ္ခ်င္တဲ့

အိပ္မက္ေၾကာင့္ ငယ္ငယ္ေလးကတည္းက

လူငယ္အကယ္ဒမီေတြတက္ခဲ့သလို အသက္ ၁၅ ႏွစ္အ႐ြယ္မွာေတာ့

Genk အကယ္ဒမီကိုေရာက္ခဲ့ပါတယ္။

အဲ့ဒိအကယ္ဒမီကလည္း ပညာေရး၊ ေဘာလုံးသင္တန္းေတြၿပီးသြားတဲ့အခါ

ဒီဘ႐ိုင္းကို ေမြးစားမယ့္ မိသားစုတစ္ခုထံကို ပို႔လိုက္ပါတယ္။

အဲ့ဒိမိသားစုထံမွာ ၁ ႏွစ္ၾကာေနထိုင္ဖို႔ပါ။

ျဖစ္ခ်င္ေတာ့ ဒီဘ႐ိုင္းကို အဲ့ဒိမိသားစုက မလိုခ်င္ခဲ့ပါဘူး။

အေၾကာင္းျပခ်က္ကေတာ့ ဒီဘ႐ိုင္းဟာ သူ႔ဘာသာသူ

ဘာသိဘာသာသူ ေနတတ္သလို အရမ္းအေနအထိုင္ေအးလြန္းၿပီး

ေပါင္းသင္းဆက္ဆံေရးမွာ အခက္အခဲေတြျဖစ္လာမယ္ဆိုတဲ့

အခ်က္နဲ႔ ထပ္ၿပီး ေမြးစားဖို႔ မလိုခ်င္ခဲ့တာပါ။

ဒါကို ဒီဘ႐ိုင္းက ကနဦးမွာ မသိခဲ့ဘဲ သု႔ရဲ႕ ေမြးမိခင္ရင္းက

ငိုေႂကြးတဲ့ အခ်ိန္မွသာ သိခဲ့ရတာပါ။

” အဲ့ဒိနစ္က ကြၽန္ေတာ္ ေက်ာင္းမွာ အားလုံး အိုေကတယ္။

ေဘာလုံးမွာလည္း ေကာင္းတယ္။ ရန္ျဖစ္တာ၊ ျပသာနာတက္တာလည္း မရွိဘူး။

ႏွစ္ကုန္ေတာ့ အိတ္ေတြကိူ ဆြဲထြက္လာၿပီး

ကြၽန္ေတာ္ရဲ႕ ေမြးစားမိဘေတြကိုလည္း ေကာင္းေကာင္း ႏႈတ္ဆက္ခ့ဲ့တယ္။

သူတို႔ကလည္း ကြၽန္ ေတာ့္ကို ေႏြရာသီမွာ

ျပန္ေတြ႕ၾကမယ္လို႔ ေတာင္ ေျပာခဲ့ၾကတာပါ။

” ဒါေပမယ့္ မိဘေတြရဲ႕ အိမ္ကိုေရာက္လို႔ တံခါးဖြင့္ဝင္လိုက္တာနဲ႔

ငိုေနတဲ့ အေမ့ကိုေတြ႕လိုက္တယ္။ ကြၽန္ေတာ္ေတြးလိုက္တာကေတာ့

တစ္ေယာက္ေယာက္ မ်ား ဆုံးသြားသလား၊ တစ္ခုခုမ်ား ျဖစ္လို႔လားေပါ့။

ဘာ ျပသာနာရွိလို႔လည္းေတာင္ ကြၽန္ေတာ္ေမးလိုက္ေသးတယ္။”

” အေမျပန္ေျပာလိုက္တဲ့စကားကေတာ့

ကြၽန္ေတာ့္ဘဝစတစ္ခုလုံးကို ေျပာင္းလဲသြားေစခဲ့တာပါပဲ။

အေမေျပာတာက ‘သူတို႔က မင္းကို ျပန္မလာေစခ်င္ဘူးတဲ့ သားေလးေရ၊

မင္းရဲ႕ေမြးစားမိဘေတြက မင္းကို ထပ္မေခၚထားခ်င္ေတာ့ဘူးတဲ့’ လို႔

ငိုရင္းက ေျပာခဲ့တာပါ” ” ကြၽန္ေတာ္လည္း ျပန္ေမးတာေပါ့။

ဘာလို႔လဲ။ ဘာေၾကာင့္လဲေပါ့။ သူတို႔အေျပာကေတာ့

ကြၽန္ေတာ္က အရမ္းကို ေအးေဆးတိတ္ဆိတ္လြန္းတယ္။

သူတို႔မိသားစုနဲ႔ အံဝင္ခြင္က်မျဖစ္ဘူးေပါ့”

“ကြၽန္ေတာ္လည္း တကယ္ကိုပဲ အံ့အားသင့္သြားခဲ့ရတယ္။

အဲ့ဒါက ကြၽန္ေတာ္ဘဝတစ္ေလ်ာက္ႀကဳံရတဲ့ တကယ့္ ျပသာနာႀကီး။

ကြၽန္ေတာ္ကလည္း ဘာမွ မဟုတ္ေသးဘူး။

ကလပ္ကလည္း ကြၽန္ေတာ္က ျပသာနာျဖစ္ေနၿပီလို႔ ထင္လာတယ္။ ” လို႔

ဒီဘ႐ိုင္းက ဖြင့္ဟပါတယ္။

အဲ့ဒိလို မိခင္ျဖစ္သူ ငိုေႂကြးတဲ့အခိုက္အတန္႔ကပဲ

သူ႔ကိုအခုလို ျဖစ္လာေစဖို႔ အဓိက တြန္းအားေပးေမာင္းႏွင္ခဲ့တာလို႔လည္း

ဒီဘ႐ိုင္းက ဆိုပါတယ္။

“အေမ ငိုေနတာေတြ႕ေတာ့ ကြၽန္ေတာ္လည္း ေဘာလုံးကို ေကာက္ဆြဲၿပီး ထြက္လာတယ္။

ငယ္ငယ္ေလးကတည္းက ေဘာလုံးကန္ၿပီးကစားခဲ့တဲ့

ၿခံစည္း႐ိုးနံရံကို ေဘာလုံးနဲ႔ ႀကိမ္ဖန္မ်ားစြာ ကန္တယ္။

ေခါင္းထဲမွာလည္း ‘မင္း ဘယ္သူလဲ၊ ျပစမ္း၊ ျပစမ္း” လို႔

ႀကိမ္ဖန္မ်ားစြာ ကိုယ့္ကိုယ္ကို ေျပာရင္းေပါ့” လို႔ ဒီဘ႐ိုင္းက ဆိုပါတယ္။

အဲ့ဒိလို အျဖစ္အပ်က္ေတြျဖစ္ပြားၿပီးေနာက္ ေသာၾကာေန႔မွာ

ကစားရတဲ့ပြဲတစ္ပြဲမွာ ဒုတိယပိုင္းေရာက္ေတာ့ လူစားဝင္ကစားခြင့္ရခဲ့ၿပီး

တစ္ေယာက္တည္း ၅ ဂိုးသြင္းခဲ့သလို အသင္းမွာ

ေနရာရလာရာကေန အခုလိုမ်ိဳးအထိ ျဖစ္လာခဲ့တာလို႔လည္း

ဒီဘ႐ိုင္းက ျပန္ေျပာင္းဖြင့္ဟခဲ့တာျဖစ္ပါတယ္။