မြောက်ကိုရီးယားမှာလည်း ကမ္ဘာ့ဖလားကို ကျင်းပနိုင်တယ်လို့ ဝန်ခံလိုက်တဲ့ အင်ဖန်တီနို

မြောက်ကိုရီးယားနိုင်ငံဟာလည်း လာမယ့် အနာဂတ်ကာလမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို လက်ခံကျင်းပနိုင်စွမ်း ရှိမှာ ဖြစ်တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောဆိုလိုက်ပါတယ်။

ဖီဖာဥက္ကဋ္ဌအဖြစ် တတိယအကြိမ် သက်တမ်းကို ပြန်ပြီး ရွေးကောက်တင်မြှောက်ခံရဖို့ ရှိနေတဲ့ အင်ဖန်တီနိုက နိုင်ငံတိုင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လက်ခံကျင်းပနိုင်စွမ်း ရှိနေပြီး

ဖီဖာဆိုတဲ့ အဖွဲ့အစည်းဟာ ကမ္ဘာကြီးတစ်ခုလုံးကို စုစုစည်းစည်း ဖြစ်အောင် ကူညီပေးနေတဲ့ အဖွဲ့အစည်းမျိုး ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီး

အငြင်းပွားစရာတွေ တစ် ခုပြီး တစ်ခု ပေါ်ပေါက်လာနေလို့ လူရှေ့ထွက်ပြီး စကားပြောရတဲ့ အင်ဖန်တီနိုက မြောက်ကိုရီးယားကို သွားရောက် ခဲ့ဖူူးတယ်လို့ ဝန်ခံခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့

အိမ်နီးချင်းဖြစ်တဲ့ တောင်ကိုရီးယားဟာ ၂၀၀၂ ခုနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂျပန်နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် အောင်အောင်မြင်မြင်နဲ့ လက်ခံကျင်းပခဲ့တဲ့အတွက် မြောက်ကိုရီးယားအနေနဲ့လည်း

အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်တဲ့ အနေအထားမျိုး ရှိလား၊ မရှိဘူးလား ဆိုတာကို စစ်ဆေးမေးမြန်းဖို့ သွားရောက်ခဲ့တာမျိုး ရှိခဲ့တယ်လို့ အင်ဖန်တီနိုက ပြောဆိုခဲ့တာပါ။

‘’ဖီဖာဆိုတာက တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ဘောလုံးအဖွဲ့ အစည်းပါ။ ကျွန်တော်တို့ဟာ ဘောလုံးအသိုင်းအဝိုင်းက လူတွေပါ။ နိုင်ငံ ရေးသမားတွေ မဟုတ်ဘူးဗျ။ နောက်ပြီး လူတွေကို အတူတကွ ရှိစေချင်တာ

ကျွန်တော်တို့ရဲ့ ဆန္ဒပါ။ နိုင်ငံတိုင်းဟာ ပြိုင်ပွဲတစ်ခုကို လက်ခံကျင်းပနိုင်စွမ်း ရှိပါတယ်။ မြောက်ကိုရီးယားဟာ လက်ခံကျင်းပချင်တယ်ဆိုရင်ပေါ့။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းကဆိုရင်

ကျွန်တော် မြောက်ကိုရီးယားကို တကယ်ပဲသွားခဲ့ပါတယ်။ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်ကိုရီးယား နဲ့ အတူပူးတွဲပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပချင်လား ၊ မကျင်းပချင်ဘူးလား ဆိုတာကို မေးဖို့ပါ။

ဟုတ်ပါတယ်။ ကျွန်တော် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ကူညီခွင့်ရမယ်ဆိုရင်တော့ ကျွန်တော် နောက်ထပ် အကြိမ် ၁၀၀ မက သွား နေဦးမှာပါ။ ထိတွေ့ဆက်ဆံမှုတွေကသာပဲ တကယ့်စစ်မှန်တဲ့ အပြောင်းအလဲကို

ဖော်ဆောင်ပေးနိုင်တာပါ။ ကျွန်တော်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ အစည်းဖြစ်ပြီး စုစည်းညီညွတ်တဲ့ ကမ္ဘာကြီးကို ထိန်းသိမ်းချင်ပါတယ်’’ လို့ အင်ဖန်တီနိုက ပြောဆိုခဲ့ပါတယ်။

(Zawgyi)

ေျမာက္ကိုရီးယားမွာလည္း ကမာၻ႔ဖလားကို က်င္းပႏိုင္တယ္လို႔ ဝန္ခံလိုက္တဲ့ အင္ဖန္တီႏို

ေျမာက္ကုိရီးယားႏုိင္ငံဟာလည္း လာမယ့္ အနာဂတ္ကာလမွာ ကမာၻ႔ဖလား ၿပိဳင္ပြဲကုိ လက္ခံက်င္းပႏုိင္စြမ္း ရွိမွာ ျဖစ္တယ္လုိ႔ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ (ဖီဖာ) ဥကၠ႒ အင္ဖန္တီႏုိက ေျပာဆုိလုိက္ပါတယ္။

ဖီဖာဥကၠ႒အျဖစ္ တတိယအႀကိမ္ သက္တမ္းကုိ ျပန္ၿပီး ေရြးေကာက္တင္ေျမွာက္ခံရဖုိ႔ ရွိေနတဲ့ အင္ဖန္တီႏုိက ႏုိင္ငံတုိင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးကုိ လက္ခံက်င္းပႏုိင္စြမ္း ရွိေနၿပီး

ဖီဖာဆုိတဲ့ အဖြဲ႕အစည္းဟာ ကမာၻႀကီးတစ္ခုလုံးကုိ စုစုစည္းစည္း ျဖစ္ေအာင္ ကူညီေပးေနတဲ့ အဖြဲ႕အစည္းမ်ဳိး ျဖစ္တယ္လုိ႔ ေျပာဆုိခဲ့ပါတယ္။ လက္ရွိ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔

ပတ္သက္ၿပီး အျငင္းပြားစရာေတြ တစ္ ခုၿပီး တစ္ခု ေပၚေပါက္လာေနလုိ႔ လူေရွ႕ထြက္ၿပီး စကားေျပာရတဲ့ အင္ဖန္တီ ႏုိက ေျမာက္ကုိရီးယားကုိ သြားေရာက္ ခဲ့ဖူူးတယ္လုိ႔ ၀န္ခံခဲ့ပါတယ္။

ေျမာက္ကုိရီးယားရဲ႕ အိမ္နီးခ်င္းျဖစ္တဲ့ ေတာင္ကုိရီးယားဟာ ၂၀၀၂ ခုႏွစ္မွာ ကမာၻ႔ဖလားၿပိဳင္ပြဲကုိ ဂ်ပန္နဲ႔အတူ ပူးတြဲအိမ္ရွင္အျဖစ္ ေအာင္ေအာင္ျမင္ျမင္နဲ႔ လက္ခံက်င္းပခဲ့တဲ့အတြက္

ေျမာက္ကုိရီးယားအေနနဲ႔လည္း အမ်ဳိးသမီး ကမာၻ႔ဖလားၿပိဳင္ပြဲကုိ အိမ္ရွင္အျဖစ္ လက္ခံက်င္းပႏုိင္တဲ့ အေနအထားမ်ဳိး ရွိလား၊ မရွိဘူးလားဆုိတာကုိ စစ္ေဆးေမးျမန္းဖုိ႔

သြားေရာက္ခဲ့တာမ်ဳိး ရွိခဲ့တယ္လုိ႔ အင္ဖန္တီ ႏုိက ေျပာဆုိခဲ့တာပါ။ ‘’ဖီဖာဆုိတာက တစ္ကမာၻလုံးနဲ႔ဆုိင္တဲ့ ေဘာလုံးအဖြဲ႕ အစည္းပါ။ ကၽြန္ေတာ္တုိ႔ဟာ ေဘာလုံးအသုိင္းအ၀ုိင္းက လူေတြပါ။

ႏုိင္ငံ ေရးသမားေတြ မဟုတ္ဘူးဗ်။ ေနာက္ၿပီး လူေတြကုိ အတူတကြ ရွိေစခ်င္တာ ကၽြန္ေတာ္တုိ႔ရဲ႕ ဆႏၵပါ။ ႏုိင္ငံတုိင္းဟာ ၿပိဳင္ပြဲတစ္ခုကုိ လက္ခံက်င္းပႏုိင္စြမ္း ရွိပါတယ္။

ေျမာက္ကုိရီးယားဟာ လက္ခံက်င္းပခ်င္တယ္ဆုိရင္ေပါ့။ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္တုန္းကဆုိရင္ ကၽြန္ေတာ္ ေျမာက္ကုိရီးယားကုိ တကယ္ပဲ သြားခဲ့ပါတယ္။ အမ်ဳိးသမီး ကမာၻ႔ဖလားၿပိဳင္ပြဲကုိ

ေတာင္ကုိရီးယား နဲ႔ အတူပူးတြဲၿပီး အိမ္ရွင္အျဖစ္ လက္ခံက်င္းပခ်င္လား ၊ မက်င္းပခ်င္ဘူးလား ဆုိတာကုိ ေမးဖုိ႔ပါ။ ဟုတ္ပါတယ္။ ကၽြန္ေတာ္ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေပမဲ့ ကူညီခြင့္ရမယ္ဆုိရင္ေတာ့

ကၽြန္ေတာ္ ေနာက္ထပ္ အႀကိမ္ ၁၀၀ မက သြား ေနဦးမွာပါ။ ထိေတြ႕ဆက္ဆံမႈေတြကသာပဲ တကယ့္စစ္မွန္တဲ့ အေျပာင္း အလဲကုိ ေဖာ္ေဆာင္ေပးႏုိင္တာပါ။ ကၽြန္ေတာ္တုိ႔ဟာ

ကမာၻလုံးဆုိင္ရာ အဖြဲ႕ အစည္းျဖစ္ၿပီး စုစည္းညီညြတ္တဲ့ ကမာၻႀကီးကုိ ထိန္းသိမ္းခ်င္ပါတယ္’’ လုိ႔ အင္ဖန္တီႏုိက ေျပာဆုိခဲ့ပါတယ္။