မြေမကျနောက်ပေါက်ကန်ချက်နဲ့ အားလုံးကို Replay ခလုတ်ပျက်တဲ့အထိ နှိပ်စေခဲ့တဲ့ ဂူမာရေးစ်ရဲ့အနိုင်ဂိုး

နယူးကာဆယ်အသင်းကွင်းလယ်လူ ဘရူနိုဂူမာရေးစ်ဟာ

ဆောက်သမ်တန်ကို ၁-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အဝေးကွင်းပွဲမှာ
မြေမကျနောက်ပေါက်ကန်ချက်နဲ့ အားလုံးကို
ရူးသွပ်စေခဲ့တဲ့ ဂိုးသွင်းယူရင်း အသင်းအတွက်
အရေးပါတဲ့ နိုင်ပွဲ ရယူပေးနိုင်ခဲ့ပါတယ်။
ဘရာဇီးလက်ရွေးစင် ဂူမာရေးစ်ဟာ

ဇန်နဝါရီလက လီယွန်ကနေ နယူးကာဆယ်ကို
ရောက်လာခဲ့သူဖြစ်ပြီး နယ်မြေသစ်မှာ
အသားကျဖို့ အချိန်အနည်းငယ်ယူခဲ့ရပေမယ့်
ဒီပွဲမှာတော့ ပထမဆုံးအကြိမ်အဖြစ်
ပွဲထွက်စာရင်းမှာ ပါဝင်လာတာဖြစ်ပါတယ်။


သူဟာ ပွဲချိန် ၅၂ မိနစ်မှာ နောက်ခံလူ
ဒန်ဘန်း ခေါင်းတိုက်ချပေးတာကို
ဆောက်သမ်တန်နောက်ခံလူတွေကြား

ဂိုးပေါက်နဲ့ ကျောပေးအနေအထားမှာရှိနေတဲ့
ဂူမာရေးစ်က မြေလည်း အကျမခံ၊ ကိုယ်လည်း
လှည့်မနေတော့ဘဲ နောက်စေ့မှာ မျက်လုံးရှိနေသလားလို့
ထင်ရလောက်အောင် နောက်ပေါက်နဲ့
မြေမကျကန်သွင်းလိုက်တာဖြစ်ပါတယ်။

ပရိသတ်တွေလည်း ဂူမာရေးစ်ရဲ့
သွင်းဂိုးနဲ့ပတ်သက်လို့ လူမှုမီဒီယာမှာ
အသီးသီးချီးကျူးရေးသားခဲ့ကြပါတယ်။
”သူ့လိုဂိုးမျိုးသွင်းနိုင်သူ
အတော်လေး ရှားပါလိမ့်မယ်”

”ရူးလောက်တဲ့ နည်းစနစ်ပါပဲ”လို့
ပရိသတ်တွေက အသီးသီးချီးကျူးခဲ့ပါတယ်။


ဆောက်သမ်တန်က စတူးအပ်အမ်းစထရောင်းရဲ့

ခေါင်းတိုက်ချက်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်
နယူးကာဆယ်ကလည်း တိုက်စစ်မှူး ခရစ္စဝုဒ်ရဲ့
ခေါင်းတိုက်ချက်နဲ့အတူ ပြန်လည်ချေပနိုင်ခဲ့ပြီး
ခရစ္စဝုဒ်အတွက်လည်း နယူးကာဆယ်ကစားသမားဘဝ
ပထမဆုံးသွင်းဂိုး ဖြစ်လာပါတယ်။