မြေနိမ့်ရာလှံစိုက်ခံလိုက်ရတဲ့ ပီပီရဲ့ဘဝ

တစ်ချိန်က လိုင်လီကနေ အာဆင်နယ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ရောက်လာတဲ့ တိုက်စစ်မှူး ပီပီဟာ ပြင်သစ်လီဂူးကလပ် နိုက်ကိုအငှားနဲ့ ပြန်ရောက်သွားခဲ့တာအားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီနောက်ကွယ်မှာ

ပီပီရဲ့ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ကိုတော့ သိသူသိပ်မရှိသေးပါဘူး။ နည်းပြ အာတီတာရဲ့ အမေ့ခံတိုက်စစ်မှူးဘဝနဲ့နေမယ့်အစား နိုက်ကိုသွားဖို့ရွေးချယ်ခဲ့တဲ့ ပီပီဟာ လစာတစ်ဝက် အလျော့ ခံရပြီး အငှားနဲ့ သွားကစားနေရတာဖြစ်ပါတယ်။

နိုက်အနေနဲ့ ပီပီရဲ့လစာကို အပြည့်မပေးနိုင်ခဲ့တာကြောင့် အစော ပိုင်းမှာ အငှားနဲ့ ခေါ်ဖို့တောင် ပျက်မလို့ဖြစ်ခဲ့ရတာပါ။ အဲဒီနောက် နှစ်ဖက်အသင်းညှိနှိုင်းပြီး ပီပီရဲ့ လစာတစ်ဝက် ကို နှစ်သင်းခွဲပေးဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ပီပီရဲ့တစ်နှစ်လစာဟာ

ပေါင် ၁၀ သန်းဝန်းကျင်ရှိတာဖြစ်ပြီး ပေါင် ၅ သန်းကို နိုက်ကတစ်ဝက်၊ အာဆင်နယ်ကတစ်ဝက် ပေးဖို့သဘောတူခဲ့ကြတာပါ။ ပီပီအတွက် အခွင့်အရေး တစ်ခုအနေနဲ့တော့ နိုက်အတွက် ပုံမှန်ပွဲထွက်ပြီး ပွဲများများကစားပေးရမယ်ဆိုရင်

လစာကိုတိုးတောင်နိုင်မယ့် အခွင့်အရေးတော့ရှိပါတယ်။ ပီပီကတော့ အာဆင်နယ်အနေနဲ့ ဘာစီလိုနာလိုဘဏ္ဍာရေးပြဿနာတွေ ရှိနေတာ မဟုတ်ဘဲ အခုသူ့အပေါ်ဆက်ဆံခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ဖွင့်ဟခဲ့ပါတယ်။

ပီပီအတွက်ကံဆိုးမှုတွေက မကုန်နိုင်သေးဘူးလို့လည်း ဆိုရမလိုပါ။ နိုက်အတွက် ပထမဆုံးပွဲဦးထွက်မှာ မာဆေးကို ၃ဂိုးပြတ်နဲ့ရှုံးပြီး ကံဆိုး ထားခဲ့ရတာလည်းဖြစ်ပါတယ်။ သူ့လိုပဲ အာဆင်နယ်ကနေ လီဂူးမှာ အငှားနဲ့လာကစားနေတဲ့ တာဗာရက်စ်နဲ့ ဘာလိုဂန်တို့ကတော့

သက်ဆိုင်ရာအသင်းတွေမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းနေခဲ့ပါတယ်။ ဒါဟာ ပီပီအတွက် ကြီးမားတဲ့စိန်ခေါ်မှုလည်းဖြစ်နေတာပါ။ တာဗာရက်စ်ဟာ မာဆေးလ်အတွက် ၃ဂိုးသွင်းထားနိုင်သလို ဘာလိုဂန်ကလည်း ရိန်းစ်အတွက် ၃ဂိုးသွင်းထားနိုင်တာဖြစ်ပါတယ်။

(zawgyi)

တစ္ခ်ိန္က လိုင္လီကေန အာဆင္နယ္ကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႔ေရာက္လာတဲ့ တိုက္စစ္မႉး ပီပီဟာ ျပင္သစ္လီဂူးကလပ္ ႏိုက္ကိုအငွားနဲ႔ ျပန္ေရာက္သြားခဲ့တာအားလုံးသိၿပီးျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ အဲဒီေနာက္ကြယ္မွာ

ပီပီရဲ႕ ဝမ္းနည္းစရာေကာင္းတဲ့ အျဖစ္ကိုေတာ့ သိသူသိပ္မရွိေသးပါဘူး။ နည္းျပ အာတီတာရဲ႕ အေမ့ခံတိုက္စစ္မႉးဘဝနဲ႔ေနမယ့္အစား ႏိုက္ကိုသြားဖို႔ေ႐ြးခ်ယ္ခဲ့တဲ့ ပီပီဟာ လစာတစ္ဝက္ အေလ်ာ့ ခံရၿပီး အငွားနဲ႔ သြားကစားေနရတာျဖစ္ပါတယ္။

ႏိုက္အေနနဲ႔ ပီပီရဲ႕လစာကို အျပည့္မေပးႏိုင္ခဲ့တာေၾကာင့္ အေစာ ပိုင္းမွာ အငွားနဲ႔ ေခၚဖို႔ေတာင္ ပ်က္မလို႔ျဖစ္ခဲ့ရတာပါ။ အဲဒီေနာက္ ႏွစ္ဖက္အသင္းညႇိႏႈိင္းၿပီး ပီပီရဲ႕ လစာတစ္ဝက္ ကို ႏွစ္သင္းခြဲေပးဖို႔ သေဘာတူခဲ့ၾကတာျဖစ္ပါတယ္။

ပီပီရဲ႕တစ္ႏွစ္လစာဟာ ေပါင္ ၁၀ သန္းဝန္းက်င္ရွိတာျဖစ္ၿပီး ေပါင္ ၅ သန္းကို ႏိုက္ကတစ္ဝက္၊ အာဆင္နယ္ကတစ္ဝက္ ေပးဖို႔သေဘာတူခဲ့ၾကတာပါ။ ပီပီအတြက္ အခြင့္အေရး တစ္ခုအေနနဲ႔ေတာ့ ႏိုက္အတြက္ ပုံမွန္ပြဲထြက္ၿပီး ပြဲမ်ားမ်ားကစားေပးရမယ္ဆိုရင္

လစာကိုတိုးေတာင္ႏိုင္မယ့္ အခြင့္အေရးေတာ့ရွိပါတယ္။ ပီပီကေတာ့ အာဆင္နယ္အေနနဲ႔ ဘာစီလိုနာလိုဘ႑ာေရးျပႆနာေတြ ရွိေနတာ မဟုတ္ဘဲ အခုသူ႔အေပၚဆက္ဆံခဲ့တဲ့အတြက္ စိတ္ပ်က္မိတယ္လို႔ဖြင့္ဟခဲ့ပါတယ္။

ပီပီအတြက္ကံဆိုးမႈေတြက မကုန္ႏိုင္ေသးဘူးလို႔လည္း ဆိုရမလိုပါ။ ႏိုက္အတြက္ ပထမဆုံးပြဲဦးထြက္မွာ မာေဆးကို ၃ဂိုးျပတ္နဲ႔ရႈံးၿပီး ကံဆိုး ထားခဲ့ရတာလည္းျဖစ္ပါတယ္။ သူ႔လိုပဲ အာဆင္နယ္ကေန လီဂူးမွာ အငွားနဲ႔လာကစားေနတဲ့ တာဗာရက္စ္နဲ႔ ဘာလိုဂန္

တို႔ကေတာ့ သက္ဆိုင္ရာအသင္းေတြမွာ ေျခစြမ္းျပၿပီး ဂိုးေတြသြင္းေနခဲ့ပါတယ္။ ဒါဟာ ပီပီအတြက္ ႀကီးမားတဲ့စိန္ေခၚမႈလည္းျဖစ္ေနတာပါ။ တာဗာရက္စ္ဟာ မာေဆးလ္အတြက္ ၃ဂိုးသြင္းထားႏိုင္သလို ဘာလိုဂန္ကလည္း ရိန္းစ္အတြက္ ၃ဂိုးသြင္းထားႏိုင္တာျဖစ္ပါတယ္။