မြေခွေးတွေကိုအစွယ်ချိုးပြီး အမှတ်ပေးဇယားထိပ်မှာ ခြေစုံရပ်ပြခဲ့တဲ့ မန်စီးတီး

ကင်းပါဝါမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စနေနေ့ အစောပိုင်း ပွဲစဉ်မှာတော့ မန်စီးတီးဟာ လက်စတာကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

တိုက်စစ်မှူး ဟာလန်း မပါ တဲ့အပြင် ၄-၃-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ မန်စီးတီးဟာ ၃-၄-၃ ပုံစံ နဲ့ လက်ခမောင်းခတ်ပြဖို့ ကြိုးစားလာတဲ့ အိမ်ရှင် လက်စတာကို အသာစီးရဖို့ မလွယ်ကူခဲ့ပါဘူး။

အထူးသဖြင့် ဘာနာဒိုဆေးလ်ဗားနဲ့ ဂရီလစ်ရှ်တို့ရဲ့ တောင် ပံတိုက်စစ်တွေဟာ အသက်မဲ့နေတဲ့အပြင် ပြိုင်ဘက်ကစားသမားတွေကို ခံစစ်ဇုန်ထဲမှာ နေရာလွတ် မပေးတဲ့

လက်စတာရဲ့ ကစားဟန်ကြောင့် မန်စီးတီးတို့ အခက်တွေ့ခဲ့ရတယ်။ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေး ဖန်တီးနိုင်မှုနဲ့

ဂိုးပေါက် ခြိမ်းခြောက်နိုင်မှု အနည်းငယ်သာ လုပ်နိုင်ခဲ့လို့ ဂိုးမရှိ သရေနဲ့ ပြီးဆုံးခဲ့ရ တယ်။ ဒုတိယပိုင်း ပြန်စတဲ့အချိန်မှာတော့ မန်စီးတီးဟာ ၄-၃-၃ ပုံစံကို ပြောင်းလဲပြီး တိုက်စစ်ကို

အရှိန်မြှင့်ခဲ့လို့ လက်စတာအပေါ် ကွင်းတစ်ဝက် လောက် ဖိကစားနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ပွဲချိန် ၄၉ မိနစ်မှာ ဂရီလစ်ရှ်ကို လက်စတာ ကစားသမားက ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့်

အိမ်ရှင်အသင်း ဂိုးပေါက်ကနေ ၂၅ ကိုက် အကွာမှာ ဖရီးကစ်ကန်ခွင့်ရခဲ့တယ်။ ဒီဖရီးကစ်ကို ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒီဘရိုင်းက ကန်သွင်းခဲ့ရာမှာတော့ ဂိုးသမား ဒန်နီဝက်ဒ်ရဲ့ ညာဘက်

အပေါ်ထောင့်တိုင်ကိုထိပြီး ဂိုးဝင်သွားခဲ့လို့ မန်စီးတီး တို့ ဦးဆောင်ဂိုး ရသွားခဲ့တယ်။

အဲဒီနောက် မန်စီးတီးကပဲ ပွဲကို စိုးမိုးထားခဲ့ ပြီး ပွဲချိန် ၇၅ မိနစ်အရောက်မှာ ဂိုးကန်သွင်းမှု ၁၅ ကြိမ်အထိ ပြုလုပ်ထားခဲ့ ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ မက်ဒီဆင်ရဲ့ ပေးပို့မှုကတစ်ဆင့်

အီဟီယာနာချို အပိုင်ကန်ခွင့်ရခဲ့ပေမယ့် ဂိုးပေါက်လွဲသွားခဲ့တယ်။ အဲဒီနောက် မန်စီးတီးဟာ ဖိုဒန်ကိုလူစားဝင်စေပြီး တိုက်စစ်ထပ်မြှင့်ခဲ့တာကြောင့် လက်စတာကို ဖိအား ပေးနိုင်ခဲ့ပြီး

ဘောလုံးမဆုံးရှုံးအောင် အဓိကဦးစားပေး ကစားသွားခဲ့လို့ လက်စတာတို့ အခက်ကြုံခဲ့ရပြီး တန်ပြန်တိုက်စစ်ကတစ်ဆင့် ချေပဂိုးပြန်ရဖို့ ကြိုး စားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

ပွဲချိန် ၈၆ မိနစ်မှာ ကန်ဆယ်လိုရဲ့ အဝေး ကန်ချက်တစ်ကြိမ် ရှိခဲ့ပေမဲ့ ဂိုးနဲ့ အတော်လေး လွဲချော်ခဲ့ပါတယ်။ ၈၇ မိနစ် မှာ လာပေါ့ရဲ့ အမှားကတစ်ဆင့် အီဟီယာနာချို ဘောလုံးရသွားပြီး

ဂိုးကန် သွင်းခဲ့ပေမဲ့ ဂိုးသမား မန်စီးတီးဂိုးသမား အီဒါဆင် ကာကွယ်နိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ ဂိုးမပေးရရေးကိုပဲ အာရုံစိုက်သွားတဲ့ မန်စီးတီးဟာ ပေးဂိုးမရှိတဲ့ နိုင်ပွဲတစ်ပွဲကို

အိတ်ထဲထည့်ပြီး အီတီဟတ်ဆီကို ပြန်လာနိုင်ခဲ့ပါတယ်။

(Zawgyi)

ကင္းပါဝါမွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ စေနေန႔ အေစာပိုင္း ပြဲစဥ္မွာေတာ့ မန္စီး တီးဟာ လက္စတာကို ၁-၀ ဂိုးနဲ႔ အႏိုင္ယူၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇ ယားရဲ႕ ထိပ္ဆုံးကို

တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ တိုက္စစ္မႉး ဟာလန္း မပါ တဲ့အျပင္ ၄-၃-၂-၁ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့တဲ့ မန္စီးတီးဟာ ၃-၄-၃ ပုံစံ နဲ႔ လက္ခေမာင္းခတ္ျပဖို႔ ႀကိဳးစားလာတဲ့

အိမ္ရွင္ လက္စတာကို အသာစီးရဖို႔ မလြယ္ကူခဲ့ပါဘူး။ အထူးသျဖင့္ ဘာနာဒိုေဆးလ္ဗားနဲ႔ ဂရီလစ္ရွ္တို႔ရဲ႕ ေတာင္ ပံတိုက္စစ္ေတြဟာ အသက္မဲ့ေနတဲ့အျပင္

ၿပိဳင္ဘက္ကစားသမားေတြကို ခံစစ္ဇုန္ထဲမွာ ေနရာလြတ္ မေပးတဲ့ လက္စတာရဲ႕ ကစားဟန္ေၾကာင့္ မန္စီးတီးတို႔ အခက္ေတြ႕ခဲ့ရတယ္။ ပထမပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၀

ရာခိုင္ႏႈန္းအထိ ရယူႏိုင္ခဲ့ေပမယ့္ အပိုင္အခြင့္အေရး ဖန္တီးႏိုင္မႈနဲ႔ ဂိုးေပါက္ ၿခိမ္းေျခာက္ႏိုင္မႈ အနည္းငယ္သာ လုပ္ႏိုင္ခဲ့လို႔ ဂိုးမရွိ သေရနဲ႔ ၿပီးဆုံးခဲ့ရ တယ္။

ဒုတိယပိုင္း ျပန္စတဲ့အခ်ိန္မွာေတာ့ မန္စီးတီးဟာ ၄-၃-၃ ပုံစံကို ေျပာင္းလဲၿပီး တိုက္စစ္ကို အရွိန္ျမႇင့္ခဲ့လို႔ လက္စတာအေပၚ ကြင္းတစ္ဝက္ ေလာက္ ဖိကစားႏိုင္ခဲ့ပါတယ္။

အဲဒါေၾကာင့္ ပြဲခ်ိန္ ၄၉ မိနစ္မွာ ဂရီလစ္ရွ္ကို လက္စတာ ကစားသမားက ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ အိမ္ရွင္အသင္း ဂိုးေပါက္ကေန ၂၅ ကိုက္ အကြာမွာ ဖရီးကစ္ကန္ခြင့္ရခဲ့တယ္။

ဒီဖရီးကစ္ကို ဘယ္လ္ဂ်ီယံ ကြင္းလယ္လူ ဒီဘ႐ိုင္းက ကန္သြင္းခဲ့ရာမွာေတာ့ ဂိုးသမား ဒန္နီဝက္ဒ္ရဲ႕ ညာဘက္ အေပၚေထာင့္တိုင္ကိုထိၿပီး ဂိုးဝင္သြားခဲ့လို႔ မန္စီးတီး တို႔ ဦးေဆာင္ဂိုး ရသြားခဲ့တယ္။

အဲဒီေနာက္ မန္စီးတီးကပဲ ပြဲကို စိုးမိုးထားခဲ့ ၿပီး ပြဲခ်ိန္ ၇၅ မိနစ္အေရာက္မွာ ဂိုးကန္သြင္းမႈ ၁၅ ႀကိမ္အထိ ျပဳလုပ္ထားခဲ့ ပါတယ္။ ပြဲခ်ိန္ ၇၇ မိနစ္မွာ မက္ဒီဆင္ရဲ႕ ေပးပို႔မႈကတစ္ဆင့္

အီဟီယာနာခ်ိဳ အပိုင္ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးေပါက္လြဲသြားခဲ့တယ္။ အဲဒီေနာက္ မန္စီးတီးဟာ ဖိုဒန္ကိုလူစားဝင္ေစၿပီး တိုက္စစ္ထပ္ျမႇင့္ခဲ့တာေၾကာင့္ လက္စတာကို ဖိအား ေပးႏိုင္ခဲ့ၿပီး

ေဘာလုံးမဆုံးရႈံးေအာင္ အဓိကဦးစားေပး ကစားသြားခဲ့လို႔ လက္ စတာတို႔ အခက္ႀကဳံခဲ့ရၿပီး တန္ျပန္တိုက္စစ္ကတစ္ဆင့္ ေခ်ပဂိုးျပန္ရဖို႔ ႀကိဳး စားခဲ့ေပမယ့္ အရာမထင္ခဲ့ပါဘူး။

ပြဲခ်ိန္ ၈၆ မိနစ္မွာ ကန္ဆယ္လိုရဲ႕ အေဝး ကန္ခ်က္တစ္ႀကိမ္ ရွိခဲ့ေပမဲ့ ဂိုးနဲ႔ အေတာ္ေလး လြဲေခ်ာ္ခဲ့ပါတယ္။ ၈၇ မိနစ္ မွာ လာေပါ့ရဲ႕ အမွားကတစ္ဆင့္ အီဟီယာနာခ်ိဳ ေဘာလုံးရသြားၿပီး

ဂိုးကန္ သြင္းခဲ့ေပမဲ့ ဂိုးသမား မန္စီးတီးဂိုးသမား အီဒါဆင္ ကာကြယ္ႏိုင္ခဲ့တယ္။ အဲဒီ ေနာက္မွာေတာ့ ဂိုးမေပးရေရးကိုပဲ အာ႐ုံစိုက္သြားတဲ့ မန္စီးတီးဟာ ေပးဂိုး မရွိတဲ့ ႏိုင္ပြဲတစ္ပြဲကို

အိတ္ထဲထည့္ၿပီး အီတီဟတ္ဆီကို ျပန္လာႏိုင္ခဲ့ပါ တယ္။