မြို့ခံပြိုင်ဘက်ကို နာနာလေးဆော်ပြီး ချန်ပီယံလုဘက်ကိုလည်း ချန်မထားတဲ့ လာပေါ်တီ

မန်စီးတီးနောက်ခံလူ လာပေါ်တီက ယူနိုက်တက်နဲ့

အားပြိုင်မှုမှာ winner က တစ်သင်းတည်းရှိတယ်လို့ နာနာလေး
ဆော်လိုက်သလို မိမိတို့အသင်းအနေနဲ့ လီဗာပူးကို
နေရာတိုင်းမှာ အသာရထားတယ်လို့ အခိုင်အမာပြောပါတယ်။
လာပေါ်တီဟာ ကလပ်အသင်းပွဲတွေ ပြန်လည်မစတင်ခင်
အသင်းရဲ့မဟာပြိုင်ဘက်အသင်းနှစ်သင်းကြောင်း ဆွေးနွေးခဲ့တာပါ။

မန်စီးတီးဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို
ဦးဆောင်နေပေမယ့် နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင်
စပါး၊ ပဲလေ့စ်တို့နဲ့ပွဲတွေမှာ အမှတ်လျော့ခဲ့ပြီးနောက်
လီဗာပူးကို ၁၄ မှတ်ဦးဆောင်နေရာကနေ အခုတော့ ၁ မှတ်ပဲဖြတ်ထားနိုင်ပါတော့တယ်။
လီဗာပူးကတော့ ပရီးမီးယားလိဂ်မှာ

၉ပွဲဆက်အနိုင်နဲ့အတူ ပုံစံကောင်းရနေပါတယ်။
လီဗာပူးဟာ စနေနေ့မှာ ဝက်ဖို့ဒ်နဲ့ရင်ဆိုင်ရမှာဖြစ်သလို
စီးတီးကလည်း ဘန်လေနဲ့ အဝေးကွင်းပွဲ
ကစားရမှာဖြစ်ပြီး အဲဒီနောက် လာမယ့်ရက်သတ္တပတ်မှာတော့
မန်စီးတီးက လီဗာပူးကို အီတီဟတ်မှာ ဧည့်ခံရမှာဖြစ်ပါတယ်။

လာပေါ်တီက မိမိတို့အသင်းအနေနဲ့ လီဗာပူးရဲ့
ဖိအားပေးမှုအပေါ် မတုန်လှုပ်ကြောင်း၊ ယခုရာသီ
ပရီးမီးယားလိဂ်ချန်ပီယံဆုကို အောင်မြင်စွာ
ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
”ကျွန်တော်တို့အသင်း ကစားနေတဲ့ပုံစံအတိုင်း

ကမ္ဘာပေါ်မှာ ဘယ်အသင်းမှ လိုက်မကစားနိုင်ပါဘူး။
ဘောလုံးပွဲကို ဘယ်လိုကောင်းကောင်းကစားရမလဲဆိုတဲ့နေရာမှာ
ကျွန်တော်တို့အသင်းက အသင်းတိုင်းအတုခိုးရမယ့်အသင်းပါ။
လီဗာပူးထက်လည်း နေရာတိုင်းမှာ အသာရနေပါတယ်”လို့
လာပေါ်တီက ပြောပါတယ်။

မန်စီးတီးဟာ ယခုရာသီမှာ ဖလား ၃လုံးမျှော်လင့်ချက်ရှိနေပြီး
အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပ-အကျော့ပွဲစဉ်အဖြစ်
အက်သလက်ကို ဧည့်ခံကစားရမှာဖြစ်ပြီး ဧပြီလ ၁၆ ရက်နေ့ကျရင်လည်း
ဝင်ဘလေမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်
လီဗာပူးနဲ့ ထပ်မံအားပြိုင်ရမှာဖြစ်ပါတယ်။

လာပေါ်တီက ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်း
စီးတီးရဲ့အောင်မြင်မှုတွေကြောင့် အင်္ဂလိပ်ဘောလုံးလောကမှာ
ပြိုင်ဘက်တွေရဲ့ပစ်မှတ်ဖြစ်လာပြီး အထူးသဖြင့်
မန်ချက်စတာမြို့ခံပြိုင်ဘက် ယူနိုက်တက်က
သူတို့အသင်း ခြေချော်မှာကို ပိုမိုစိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။

”ခင်ဗျားတို့လည်း ဒါကို သတိပြုမိမှာပါ။
ကျွန်တော် အမှတ်မမှားဘူးဆိုရင် ကျွန်တော်တို့အသင်း
၄ ရာသီအတွင်း ဖလား ၁၁ လုံးရခဲ့တယ်ထင်တယ်။
(ကွန်မြူနတီဒိုင်းအပါအဝင် စုစုပေါင်း ၁၀လုံးရခဲ့တာဖြစ်)
ဒါက တခြားလူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

အထူးသဖြင့် ဘာဖလားမှ မရခဲ့တဲ့ ကျွန်တော်တို့ရဲ့
အိမ်နီးနားချင်းတွေအတွက်ပေါ့။
ယူနိုက်တက်က ပရိသတ်အင်အား တောင့်တင်းပါတယ်။
ကျွန်တော်တို့က တစ်မြို့တည်းအခြေစိုက်တာဖြစ်ပြီး
သူတို့ကို နားလည်ပေးဖို့လည်း ခက်ပါတယ်။

ဒါပေမဲ့ မန်ချက်စတာမှာ Winner က တစ်သင်းတည်းရှိပါတယ်။
သူတို့လည်း ပိုက်ဆံအများကြီးသုံးခဲ့တာပဲလေ”လို့ လာပေါ်တီက ဆက်ပြောပါတယ်။

Zawgyi

ၿမိဳ႕ခံၿပိဳင္ဘက္ကို နာနာေလးေဆာ္ၿပီး ခ်န္ပီယံလုဘက္ကိုလည္း ခ်န္မထားတဲ့ လာေပၚတီ
မန္စီးတီးေနာက္ခံလူ လာေပၚတီက ယူႏုိက္တက္နဲ႔
အားၿပိဳင္မႈမွာ winner က တစ္သင္းတည္းရွိတယ္လုိ႔ နာနာေလး
ေဆာ္လုိက္သလို မိမိတို႔အသင္းအေနနဲ႔ လီဗာပူးကို
ေနရာတုိင္းမွာ အသာရထားတယ္လုိ႔ အခုိင္အမာေျပာပါတယ္။

လာေပၚတီဟာ ကလပ္အသင္းပြဲေတြ ျပန္လည္မစတင္ခင္
အသင္းရဲ႕မဟာၿပိဳင္ဘက္အသင္းႏွစ္သင္းေၾကာင္း ေဆြးေႏြးခဲ့တာပါ။
မန္စီးတီးဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို
ဦးေဆာင္ေနေပမယ့္ ႏိုင္ငံတကာရက္သတၱပတ္မတုိင္ခင္
စပါး၊ ပဲေလ့စ္တို႔နဲ႔ပြဲေတြမွာ အမွတ္ေလ်ာ့ခဲ့ၿပီးေနာက္

လီဗာပူးကို ၁၄ မွတ္ဦးေဆာင္ေနရာကေန အခုေတာ့ ၁ မွတ္ပဲျဖတ္ထားႏိုင္ပါေတာ့တယ္။
လီဗာပူးကေတာ့ ပရီးမီးယားလိဂ္မွာ
၉ပြဲဆက္အႏိုင္နဲ႔အတူ ပုံစံေကာင္းရေနပါတယ္။
လီဗာပူးဟာ စေနေန႔မွာ ၀က္ဖုိ႔ဒ္နဲ႔ရင္ဆုိင္ရမွာျဖစ္သလုိ
စီးတီးကလည္း ဘန္ေလနဲ႔ အေ၀းကြင္းပြဲ

ကစားရမွာျဖစ္ၿပီး အဲဒီေနာက္ လာမယ့္ရက္သတၱပတ္မွာေတာ့
မန္စီးတီးက လီဗာပူးကို အီတီဟတ္မွာ ဧည့္ခံရမွာျဖစ္ပါတယ္။
လာေပၚတီက မိမိတို႔အသင္းအေနနဲ႔ လီဗာပူးရဲ႕
ဖိအားေပးမႈအေပၚ မတုန္လႈပ္ေၾကာင္း၊ ယခုရာသီ
ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ေအာင္ျမင္စြာ

ကာကြယ္ႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။
”ကၽြန္ေတာ္တုိ႔အသင္း ကစားေနတဲ့ပုံစံအတုိင္း
ကမၻာေပၚမွာ ဘယ္အသင္းမွ လုိက္မကစားႏိုင္ပါဘူး။
ေဘာလုံးပြဲကို ဘယ္လုိေကာင္းေကာင္းကစားရမလဲဆုိတဲ့ေနရာမွာ
ကၽြန္ေတာ္တုိ႔အသင္းက အသင္းတုိင္းအတုခိုးရမယ့္အသင္းပါ။

လီဗာပူးထက္လည္း ေနရာတုိင္းမွာ အသာရေနပါတယ္”လုိ႔
လာေပၚတီက ေျပာပါတယ္။
မန္စီးတီးဟာ ယခုရာသီမွာ ဖလား ၃လုံးေမွ်ာ္လင့္ခ်က္ရွိေနၿပီး
အဂၤါေန႔မွာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပ-အေက်ာ့ပြဲစဥ္အျဖစ္
အက္သလက္ကို ဧည့္ခံကစားရမွာျဖစ္ၿပီး ဧၿပီလ ၁၆ ရက္ေန႔က်ရင္လည္း

၀င္ဘေလမွာ အက္ဖ္ေအဖလား ဆီမီးဖုိင္နယ္ပြဲစဥ္အျဖစ္
လီဗာပူးနဲ႔ ထပ္မံအားၿပိဳင္ရမွာျဖစ္ပါတယ္။
လာေပၚတီက ၿပီးခဲ့တဲ့ရာသီအနည္းငယ္အတြင္း
စီးတီးရဲ႕ေအာင္ျမင္မႈေတြေၾကာင့္ အဂၤလိပ္ေဘာလုံးေလာကမွာ
ၿပိဳင္ဘက္ေတြရဲ႕ပစ္မွတ္ျဖစ္လာၿပီး အထူးသျဖင့္

မန္ခ်က္စတာၿမိဳ႕ခံၿပိဳင္ဘက္ ယူႏုိက္တက္က
သူတုိ႔အသင္း ေျခေခ်ာ္မွာကို ပိုမိုစိတ္အားထက္သန္ေနတယ္လုိ႔ ဆုိပါတယ္။
”ခင္ဗ်ားတုိ႔လည္း ဒါကို သတိျပဳမိမွာပါ။
ကၽြန္ေတာ္ အမွတ္မမွားဘူးဆုိရင္ ကၽြန္ေတာ္တို႔အသင္း
၄ ရာသီအတြင္း ဖလား ၁၁ လုံးရခဲ့တယ္ထင္တယ္။

(ကြန္ျမဴနတီဒိုင္းအပါအ၀င္ စုစုေပါင္း ၁၀လုံးရခဲ့တာျဖစ္)
ဒါက တျခားလူေတြကို စိတ္အေႏွာင့္အယွက္ျဖစ္ေစႏုိင္ပါတယ္။
အထူးသျဖင့္ ဘာဖလားမွ မရခဲ့တဲ့ ကၽြန္ေတာ္တို႔ရဲ႕
အိမ္နီးနားခ်င္းေတြအတြက္ေပါ့။
ယူႏုိက္တက္က ပရိသတ္အင္အား ေတာင့္တင္းပါတယ္။

ကၽြန္ေတာ္တုိ႔က တစ္ၿမိဳ႕တည္းအေျခစိုက္တာျဖစ္ၿပီး
သူတုိ႔ကို နားလည္ေပးဖို႔လည္း ခက္ပါတယ္။
ဒါေပမဲ့ မန္ခ်က္စတာမွာ Winner က တစ္သင္းတည္းရွိပါတယ္။
သူတုိ႔လည္း ပိုက္ဆံအမ်ားႀကီးသုံးခဲ့တာပဲေလ”လုိ႔ လာေပၚတီက ဆက္ေျပာပါတယ္။