
စပိန်ကလပ်လီဂါနက်စ်မှာကစားနေတဲ့ ရှမ်းတိုင်းရင်းသား အာသာဖဟာ
မြန်မာအသင်းကိုယ်စားပြုကစားပေးတော့မယ်လို့
သူ့ရဲ့အင်စတာဂရမ်ကနေ ပြောဆိုလိုက်ပါတယ်။
သူ့ရဲ့ အင်စတာဂရမ် Story မှာ နံပါတ် ၂၁ ပါ မြန်မာအသင်းဂျာစီကို တင်ထားပြီး
“မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရတော့မှာမို့
ဂုဏ်ယူမိပါတယ်” လို့ ရေးသားထားပါတယ်။
အာသာဖဟာ လီဂါနက် ယူ-၂၃ အသင်းအတွက် ကစားပေးနေသူဖြစ်ကာ
အရင်ကတည်းက အခွင့်အရေးရမယ်ဆိုရင် မြန်မာကိုယ်စားပြု
ကစားမယ်လို့ ဖွင့်ဟထားခဲ့သူဖြစ်ပါတယ်။ အခုဆိုရင်
ဥရောပရောက်မြန်မာကစားသမားတစ်ဦးကို မြန်မာအသင်းမှာ
ပရိသတ်တွေမြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။
မြန်မာယူ-၂၃ အသင်းဟာ အာဆီယံယူ-၂၂ ပြိုင်ပွဲကစားရဖို့အတွက် ရှိနေတာမို့
အဆိုပါပြိုင်ပွဲဝင်အသင်းမှာ အာသာဖ ပါဝင်နိုင်ခြေများနေတယ်လို့ သိရပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ အာသာဖဟာ တောင်ပံတိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး၊
ငယ်စဉ်ကတည်းက စပိန်နိုင်ငံသို့ ရောက်ရှိခဲ့သဖြင့်
စပိန်ကလပ်တွင် ကစားနေတာဖြစ်ပါတယ်။
ပြည်ပနိုင်ငံများကိုရောက် ရှိနေတဲ့ မြန်မာလူငယ်ဘောလုံးသမားများစွာရှိပြီး
အာသာဖမှာမူ မြန်မာ ယူ-၂၃ အသင်းတွင် ပထမဆုံးရွေးချယ်ခံရသူအဖြစ်
မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
zawgyi
ျမန္မာအသင္းကိုယ္စားျပဳကစားေပးေတာ့မယ္လို႔ဆိုတဲ့ စပိန္ကလပ္မွာ ကစားေနတဲ့ ရွမ္းတိုင္းရင္းသားေလး အာသာဖ
စပိန္ကလပ္လီဂါနက္စ္မွာကစားေနတဲ့ ရွမ္းတိုင္းရင္းသား အာသာဖဟာ
ျမန္မာအသင္းကိုယ္စားျပဳကစားေပးေတာ့မယ္လို႔
သူ႔ရဲ႕အင္စတာဂရမ္ကေန ေျပာဆိုလိုက္ပါတယ္။
သူ႔ရဲ႕ အင္စတာဂရမ္ Story မွာ နံပါတ္ ၂၁ ပါ ျမန္မာအသင္းဂ်ာစီကို တင္ထားၿပီး
“ျမန္မာႏိုင္ငံကို ကိုယ္စားျပဳခြင့္ရေတာ့မွာမို႔
ဂုဏ္ယူမိပါတယ္” လို႔ ေရးသားထားပါတယ္။
အာသာဖဟာ လီဂါနက္ ယူ-၂၃ အသင္းအတြက္ ကစားေပးေနသူျဖစ္ကာ
အရင္ကတည္းက အခြင့္အေရးရမယ္ဆိုရင္ ျမန္မာကိုယ္စားျပဳ
ကစားမယ္လို႔ ဖြင့္ဟထားခဲ့သူျဖစ္ပါတယ္။ အခုဆိုရင္
ဥေရာပေရာက္ျမန္မာကစားသမားတစ္ဦးကို ျမန္မာအသင္းမွာ
ပရိသတ္ေတြျမင္ေတြ႕ရေတာ့မွာလည္းျဖစ္ပါတယ္။
ျမန္မာယူ-၂၃ အသင္းဟာ အာဆီယံယူ-၂၂ ၿပိဳင္ပြဲကစားရဖို႔အတြက္ ရွိေနတာမို႔
အဆိုပါၿပိဳင္ပြဲဝင္အသင္းမွာ အာသာဖ ပါဝင္ႏိုင္ေျခမ်ားေနတယ္လို႔ သိရပါတယ္။
အသက္ ၂၁ ႏွစ္အ႐ြယ္ရွိ အာသာဖဟာ ေတာင္ပံတိုက္စစ္ကစားသမားတစ္ဦးျဖစ္ၿပီး၊
ငယ္စဥ္ကတည္းက စပိန္ႏိုင္ငံသို႔ ေရာက္ရွိခဲ့သျဖင့္
စပိန္ကလပ္တြင္ ကစားေနတာျဖစ္ပါတယ္။
ျပည္ပႏိုင္ငံမ်ားကိုေရာက္ ရွိေနတဲ့ ျမန္မာလူငယ္ေဘာလုံးသမားမ်ားစြာရွိၿပီး
အာသာဖမွာမူ ျမန္မာ ယူ-၂၃ အသင္းတြင္ ပထမဆုံးေ႐ြးခ်ယ္ခံရသူအျဖစ္
မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရပါတယ္။