မြန်မာအမျိုးသမီးအသင်းက လက်ဘနွန်အသင်းကို ၄ ဂိုးပြတ်အနိုင်ရ

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ၂၀၂၂ အာရှဖလား အမျိုးသမီး

ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် လက်ဘနွန်အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်

ကစားခဲ့ရာ (၄)ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန်

(၂၃) မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဝင်းသိင်္ဂီထွန်းက သွင်းယူပေးခဲ့တာ

ဖြစ်ပါတယ်။

ဒုတိယဂိုးကို ပွဲကစားချိန် (၆၄) မိနစ်တွင် ညာခြမ်းမှဖြတ်တင်ဘောကို လူစား

ဝင်လာတဲ့ မြတ်နိုးခင်က ကန်သွင်းယူခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုး

သမီးအသင်းအတွက် တတိယဂိုးကို ပွဲကစားချိန် (၈၆) မိနစ်တွင် စန်းသော်သော်၊

စတုတ္ထဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် လူစားဝင်ကစားသမား ဂျူလိုင်

ကျော်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

“ လက်ဘနွန်အသင်း ဒီနေ့ကစားသွားခဲ့တာကောင်းပါတယ်။ သူတို့ လုပ်နိုင်စွမ်း

အကုန်လုံးကြိုးစားအားထုတ်ပြီး ကစားသွားခဲ့ပါတယ်။ ဒီနေ့နိုင်ပွဲရဖို့အကောင်း

ဆုံးကစားပေးခဲ့တဲ့ မြန်မာကစားသမားအားလုံးကို ချီးကျူးပါတယ်။ အမှား

အချို့ရှိနေသေးပေမယ့် ဒီနေ့နိုင်ပွဲအတွက် ဝမ်းသာရပါတယ်။ အုပ်စုထဲက

အသင်းအားလုံးကို လေးလေးစားစားနဲ့ယှဉ်ပြိုင်ကစားသွားမှာပါ” ဟု

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်က

ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

Zawgyi

ျမန္မာအမ်ိဳးသမီးအသင္းက လက္ဘႏြန္အသင္းကို ၄ ဂိုးျပတ္အႏိုင္ရ

ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္းဟာ ၂၀၂၂ အာရွဖလား အမ်ိဳးသမီး

ေျခစစ္ပြဲ အုပ္စုအဖြင့္ပြဲအျဖစ္ လက္ဘႏြန္အမ်ိဳးသမီးအသင္းႏွင့္ ယွဥ္ၿပိဳင္

ကစားခဲ့ရာ (၄)ဂိုးျပတ္အႏိုင္ရရွိခဲ့ေၾကာင္း သိရပါတယ္။

ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးအသင္းအတြက္ ဦးေဆာင္ဂိုးကို ပြဲကစားခ်ိန္

(၂၃) မိနစ္တြင္ ပယ္နယ္တီမွတစ္ဆင့္ ဝင္းသိဂႌထြန္းက သြင္းယူေပးခဲ့တာ

ျဖစ္ပါတယ္။

ဒုတိယဂိုးကို ပြဲကစားခ်ိန္ (၆၄) မိနစ္တြင္ ညာျခမ္းမွျဖတ္တင္ေဘာကို လူစား

ဝင္လာတဲ့ ျမတ္ႏိုးခင္က ကန္သြင္းယူခဲ့ပါတယ္။ ျမန္မာ့လက္ေ႐ြးစင္အမ်ိဳး

သမီးအသင္းအတြက္ တတိယဂိုးကို ပြဲကစားခ်ိန္ (၈၆) မိနစ္တြင္ စန္းေသာ္ေသာ္၊

စတုတၳဂိုးကို ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုတြင္ လူစားဝင္ကစားသမား ဂ်ဴလိုင္

ေက်ာ္က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

“ လက္ဘႏြန္အသင္း ဒီေန႔ကစားသြားခဲ့တာေကာင္းပါတယ္။ သူတို႔ လုပ္ႏိုင္စြမ္း

အကုန္လုံးႀကိဳးစားအားထုတ္ၿပီး ကစားသြားခဲ့ပါတယ္။ ဒီေန႔ႏိုင္ပြဲရဖို႔အေကာင္း

ဆုံးကစားေပးခဲ့တဲ့ ျမန္မာကစားသမားအားလုံးကို ခ်ီးက်ဴးပါတယ္။ အမွား

အခ်ိဳ႕ရွိေနေသးေပမယ့္ ဒီေန႔ႏိုင္ပြဲအတြက္ ဝမ္းသာရပါတယ္။ အုပ္စုထဲက

အသင္းအားလုံးကို ေလးေလးစားစားနဲ႔ယွဥ္ၿပိဳင္ကစားသြားမွာပါ” ဟု

ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးအသင္း နည္းျပခ်ဳပ္ ဦးတင္ျမင့္ေအာင္က

ပြဲၿပီးသတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ပါတယ္။