မြန်မာပြည်သူတွေကို တောင်းပန်လိုက်သလို အမြဲဆုတောင်းပေးနေတယ်ဆိုတဲ့ အောင်လအန်ဆန်း

စင်ကာပူမှာထိုးသတ်ခဲ့တဲ့ One Championship ရဲ့ Full Circle

အထူးစိန်ခေါ်ပွဲမှာ ရုရှားနိုင်ငံသား ဗီတာလီ ဘစ်ဒက်ရှ်ကို

ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မှာတော့

မြန်မာ့စပါးအုံး အောင်လအန်ဆန်းက မြန်မာပရိသတ်ထုကြီးကို

တောင်းပန်စကားဆိုလိုက်သလို မြန်မာပြည်ကြီးနဲ့

ပြည်သူပြည်သားတွေအတွက် အမြဲဆုတောင်းပေးလျက်

ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

ဗစ်တာလီဘစ်ဒက်ရှ်နဲ့ တတိယအကြိမ်မြောက်တွေ့ဆုံပွဲမှာလည်း

သာမန်ထိုးသတ်ချိန်အချီတွေမှာ ပြတ်ပြတ်သားသားအဖြေမထွက်ခဲ့လို့

ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို ယူခဲ့ရပြီးနောက်

အောင်လအန်ဆန်းက ရှုံးနိမ့်ခဲ့တာပါ။

ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်ကြိုးစားခဲ့ပေမယ့် ပရိသတ်တွေကို

စိတ်မကောင်းဖြစ်စေတဲ့ရလဒ်ထွက်ပေါ်ခဲ့လို့ အောင်လအန်ဆန်းက

တောင်းပန်ခဲ့သလို – ” နောက် များအတွက်

ကျွန်တော် အကောင်းဆုံးကြိုးစား ပြင်ဆင်သွားပါမယ်လို့

ကတိပေးရင်း ချစ်တဲ့ မြန်မာပြည်ကြီးနဲ့ ပြည်သူပြည်သားများအတွက်

အမြဲဆုတောင်းပေးလျက် ပါခင်ဗျာ” လို့ သူ့ရဲ့ လူမှုကွန်ရက်ကတစ်ဆင့်

ရေးသားပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဗီတာလီ ဘစ်ဒက်ရှ်ဟာ ပထမနဲ့ဒုတိယအချီတွေမှာ Takedown အကွက်တွေကို

ဦးစားပေးအသုံးပြုကာ အောင်လအန်ဆန်ကိုတိုက်စစ်ဆင်ကစားခဲ့တာပါ။

ဗီတာလီ ဘစ်ဒက်ရှ်သာ ချုပ်ကွက်ကို အပိုင်အသုံးချနိုင်ခဲ့မယ်ဆိုရင်

ဒုတိယအချီကတည်းက အောင်လအန်ဆန်းရှံးနိမ့်သွားနိုင်ချေရှိခဲ့ပေမယ့်

ဗီတာလီ ဘစ်ဒက်ရှ်ကလည်း အသုံးမချနိုင်ခဲ့သလို

အောင်လအန်ဆန်းကလည်း ပြန်လည်ရုန်းထွက်နိုင်ခဲ့ပါတယ်။

ထို့အတူ အောင်လအန်ဆန်းရဲ့ ထိုးချက်တွေကြောင့် ဗီတာလီ ဘစ်ဒက်ရှ်

အထိနာခဲ့ပေမယ့် အောင်လအန်ဆန်းက ပွဲပြတ်အောင်

ဆက်မထိုးနိုင်ခဲ့သလို အရင်ကသူ့ရဲ့နာမည်ကျော်

ချုပ်ကွက်ကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။

ဗီတာလီ ဘစ်ဒက်ရှ်ကတော့ သူကြိုတင်ပြောကြားထားတဲ့

Game Plan အတိုင်း အချီတိုင်းမှာ Takedown အကွက်နဲ့

တိုက်စစ်ဆင်ကစားခဲ့ပုံပါပဲ။ ဒါပေမယ့် ပွဲအဖြတ်မဖြတ်နိင်ကြတာကြောင့်

ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်မှာ အမြင်အရ အသာစီးရနေတဲ့

ဗီတာလီ ဘစ်ဒက်ရှ်က အနိုင်ရသွားတာဖြစ်ပါတယ်။

အောင်လအန်ဆန်းကတော့ ဒီပွဲရှုံးခဲ့လို့ မစ််ဒယ်ဝိတ်တန်း

ချန်ပီယံခါးပတ်အတွက် စိန်ခေါ်ခွင့်ကို လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။

zawgyi

ျမန္မာျပည္သူေတြကို ေတာင္းပန္လိုက္သလို အၿမဲဆုေတာင္းေပးေနတယ္ဆိုတဲ့ ေအာင္လအန္ဆန္း

စင္ကာပူမွာထိုးသတ္ခဲ့တဲ့ One Championship ရဲ႕ Full Circle

အထူးစိန္ေခၚပြဲမွာ ႐ုရွားႏိုင္ငံသား ဗီတာလီ ဘစ္ဒက္ရွ္ကို

ဒိုင္လူႀကီးေတြရဲ႕ အဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ မွာေတာ့

ျမန္မာ့စပါးအုံး ေအာင္လအန္ဆန္းက ျမန္မာပရိသတ္ထုႀကီးကို

ေတာင္းပန္စကားဆိုလိုက္သလို ျမန္မာျပည္ႀကီးနဲ႔

ျပည္သူျပည္သားေတြအတြက္ အၿမဲဆုေတာင္းေပးလ်က္

ရွိတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ဗစ္တာလီဘစ္ဒက္ရွ္နဲ႔ တတိယအႀကိမ္ေျမာက္ေတြ႕ဆုံပြဲမွာလည္း

သာမန္ထိုးသတ္ခ်ိန္အခ်ီေတြမွာ ျပတ္ျပတ္သားသားအေျဖမထြက္ခဲ့လို႔

ဒိုင္လူႀကီးေတြရဲ႕ဆုံးျဖတ္ခ်က္ကို ယူခဲ့ရၿပီးေနာက္

ေအာင္လအန္ဆန္းက ရႈံးနိမ့္ခဲ့တာပါ။

ဒီပြဲအတြက္ အေကာင္းဆုံးျပင္ဆင္ႀကိဳးစားခဲ့ေပမယ့္ ပရိသတ္ေတြကို

စိတ္မေကာင္းျဖစ္ေစတဲ့ရလဒ္ထြက္ေပၚခဲ့လို႔ ေအာင္လအန္ဆန္းက

ေတာင္းပန္ခဲ့သလို – ” ေနာက္ မ်ားအတြက္

ကြၽန္ေတာ္ အေကာင္းဆုံးႀကိဳးစား ျပင္ဆင္သြားပါမယ္လို႔

ကတိေပးရင္း ခ်စ္တဲ့ ျမန္မာျပည္ႀကီးနဲ႔ ျပည္သူျပည္သားမ်ားအတြက္

အၿမဲဆုေတာင္းေပးလ်က္ ပါခင္ဗ်ာ” လို႔ သူ႔ရဲ႕ လူမႈကြန္ရက္ကတစ္ဆင့္

ေရးသားေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။

ဗီတာလီ ဘစ္ဒက္ရွ္ဟာ ပထမနဲ႔ဒုတိယအခ်ီေတြမွာ Takedown အကြက္ေတြကို

ဦးစားေပးအသုံးျပဳကာ ေအာင္လအန္ဆန္ကိုတိုက္စစ္ဆင္ကစားခဲ့တာပါ။

ဗီတာလီ ဘစ္ဒက္ရွ္သာ ခ်ဳပ္ကြက္ကို အပိုင္အသုံးခ်ႏိုင္ခဲ့မယ္ဆိုရင္

ဒုတိယအခ်ီကတည္းက ေအာင္လအန္ဆန္းရွံးနိမ့္သြားႏိုင္ေခ်ရွိခဲ့ေပမယ့္

ဗီတာလီ ဘစ္ဒက္ရွ္ကလည္း အသုံးမခ်ႏိုင္ခဲ့သလို

ေအာင္လအန္ဆန္းကလည္း ျပန္လည္႐ုန္းထြက္ႏိုင္ခဲ့ပါတယ္။

ထို႔အတူ ေအာင္လအန္ဆန္းရဲ႕ ထိုးခ်က္ေတြေၾကာင့္ ဗီတာလီ ဘစ္ဒက္ရွ္

အထိနာခဲ့ေပမယ့္ ေအာင္လအန္ဆန္းက ပြဲျပတ္ေအာင္

ဆက္မထိုးႏိုင္ခဲ့သလို အရင္ကသူ႔ရဲ႕နာမည္ေက်ာ္

ခ်ဳပ္ကြက္ကိုလည္း အသုံးမခ်ႏိုင္ခဲ့ပါဘူး။

ဗီတာလီ ဘစ္ဒက္ရွ္ကေတာ့ သူႀကိဳတင္ေျပာၾကားထားတဲ့

Game Plan အတိုင္း အခ်ီတိုင္းမွာ Takedown အကြက္နဲ႔

တိုက္စစ္ဆင္ကစားခဲ့ပုံပါပဲ။ ဒါေပမယ့္ ပြဲအျဖတ္မျဖတ္နိင္ၾကတာေၾကာင့္

ဒိုင္လူႀကီးေတြရဲ႕ အဆုံးအျဖတ္မွာ အျမင္အရ အသာစီးရေနတဲ့

ဗီတာလီ ဘစ္ဒက္ရွ္က အႏိုင္ရသြားတာျဖစ္ပါတယ္။

ေအာင္လအန္ဆန္းကေတာ့ ဒီပြဲရႈံးခဲ့လို႔ မစ္္ဒယ္ဝိတ္တန္း

ခ်န္ပီယံခါးပတ္အတြက္ စိန္ေခၚခြင့္ကို လက္လြတ္ခဲ့ရတာျဖစ္ပါတယ္။