မြင့်မားတဲ့ လစာနဲ့ ဖာနန်ဒက်စ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်တော့မယ့် ယူနိုက်တက်

ပေါ်တူဂီမီဒီယာတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ

အဓိကကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို
လစာမြင့်မားစွာတိုးပေးပြီး စာချုပ်သစ်
ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီလက စပို့တင်းကနေ
ယူနိုက်တက်ကို ရောက်လာပြီးချိန်ကတည်းက

အထူးခြေစွမ်းပြနေပြီး အသင်းအတွက်
စုစုပေါင်း ၁၁၇ပွဲမှာ ၄၉ဂိုးအထိသွင်းယူထားပါတယ်။
ဒီအတွက်ကြောင့်လည်း ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို
စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်ပြီး သူ့ရဲ့
ခြေစွမ်းနဲ့အညီ လစာကိုလည်း မြင့်မားစွာတိုးပေးဖွယ်ရှိနေပါတယ်။

စပို့တင်းကနေ ပေါင် ၆၈သန်းနဲ့ ရောက်လာခဲ့တဲ့
ဖာနန်ဒက်စ်ဟာ တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀ ပဲ
ရရှိနေပေမယ့် ပေါ်တူဂီသတင်းဌာန O Jojo ရဲ့
ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို
၂၀၂၇ အထိ ရှိမယ့် ကာလရှည်စာချုပ်သစ်ချုပ်ဆိုကာ

ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့လစာအတိုင်း ပေးချေဖို့
ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အဲဒီအတိုင်းသာဆိုရင် ဖာနန်ဒက်စ်လည်း
တစ်နှစ်လုပ်ခလစာ ပေါင် ၁၂သန်းကျော်အထိ
ရရှိမှာဖြစ်ပြီး လက်ရှိလစာထက် အတော်လေးမြင့်တက်သွားမှာဖြစ်ပါတယ်။

လက်ရှိစာချုပ်သက်တမ်းကလည်း ၂၀၂၅ ရောက်မှ
ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားဖြစ်သူကလည်း
ယူနိုက်တက်မှာ ဆက်လက်ကစားဖို့ သေချာသလောက်ရှိနေပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ဖာနန်ဒက်စ်ဟာ
ယူနိုက်တက်ကစားသမားဘဝမှာ အောင်မြင်မှုမရသေးပေမယ့်

အသင်းရဲ့စီမံကိန်းအပေါ် အပြည့်အဝယုံကြည်နေပြီး
အသင်းမှာ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။

Zawgyi

ျမင့္မားတဲ့ လစာနဲ႔ ဖာနန္ဒက္စ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေတာ့မယ့္ ယူႏိုက္တက္
ေပၚတူဂီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္ဟာ
အဓိကကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ကို
လစာျမင့္မားစြာတိုးေပးၿပီး စာခ်ဳပ္သစ္
ခ်ဳပ္ဆိုႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

ဖာနန္ဒက္စ္ဟာ ၂၀၂၀ ဇန္နဝါရီလက စပို႔တင္းကေန
ယူႏိုက္တက္ကို ေရာက္လာၿပီးခ်ိန္ကတည္းက
အထူးေျခစြမ္းျပေနၿပီး အသင္းအတြက္
စုစုေပါင္း ၁၁၇ပြဲမွာ ၄၉ဂိုးအထိသြင္းယူထားပါတယ္။
ဒီအတြက္ေၾကာင့္လည္း ယူႏိုက္တက္ဟာ ဖာနန္ဒက္စ္ကို

စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး သူ႔ရဲ႕
ေျခစြမ္းနဲ႔အညီ လစာကိုလည္း ျမင့္မားစြာတိုးေပးဖြယ္ရွိေနပါတယ္။
စပို႔တင္းကေန ေပါင္ ၆၈သန္းနဲ႔ ေရာက္လာခဲ့တဲ့
ဖာနန္ဒက္စ္ဟာ တစ္ပတ္လုပ္ခ ေပါင္ ၁၀၀၀၀၀ ပဲ
ရရွိေနေပမယ့္ ေပၚတူဂီသတင္းဌာန O Jojo ရဲ႕

ေဖာ္ျပခ်က္အရ ယူႏိုက္တက္ဟာ ဖာနန္ဒက္စ္ကို
၂၀၂၇ အထိ ရွိမယ့္ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုကာ
ကြင္းလယ္လူ ေပါ့ဂ္ဘာရဲ႕လစာအတိုင္း ေပးေခ်ဖို႔
ကမ္းလွမ္းဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
အဲဒီအတိုင္းသာဆိုရင္ ဖာနန္ဒက္စ္လည္း

တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၂သန္းေက်ာ္အထိ
ရရွိမွာျဖစ္ၿပီး လက္ရွိလစာထက္ အေတာ္ေလးျမင့္တက္သြားမွာျဖစ္ပါတယ္။
လက္ရွိစာခ်ဳပ္သက္တမ္းကလည္း ၂၀၂၅ ေရာက္မွ
ကုန္ဆုံးမွာျဖစ္ၿပီး ကစားသမားျဖစ္သူကလည္း
ယူႏိုက္တက္မွာ ဆက္လက္ကစားဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ရွိ ဖာနန္ဒက္စ္ဟာ
ယူႏိုက္တက္ကစားသမားဘဝမွာ ေအာင္ျမင္မႈမရေသးေပမယ့္
အသင္းရဲ႕စီမံကိန္းအေပၚ အျပည့္အဝယုံၾကည္ေနၿပီး
အသင္းမွာ ဆက္လက္ကစားသြားမွာျဖစ္ပါတယ္။
သူဟာ ဒီရာသီမွာ တခ်ိဳ႕ပြဲေတြမွာ ပြဲထြက္စာရင္းကေန

ခ်န္လွပ္ခံခဲ့ရတာရွိေပမယ့္ ၿပိဳင္ပြဲစုံ ၃၇ပြဲမွာ
၉ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၄ႀကိမ္အထိ ျပဳလုပ္ေပးထားပါတယ္။