
မာရှယ်ရဲ့ဆီဗီလာပွဲဦးထွက်ဟာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ
အိုဆာဆူနာနဲ့အဝေးကွင်းမှာ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒုတိယနေရာက ဆီဗီလာဟာ နာကျင်အချိန်ပိုမှာ
ပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့် ရာကီတစ်ဝင်အောင်မကန်နိုင်ခဲ့လို့
ထိပ်ဆုံးက ရီးရဲလ်နဲ့အမှတ်ကွာဟမှုကို လျှော့ချနိုင်ခြင်း မရှိခဲ့ပါဘူး။
မာရှယ်ဟာ အသင်းသစ်က သူ့ရဲ့ပထမဆုံးပွဲမှာ ခြေစွမ်းအရ ရုန်းကန်ခဲ့ရပါတယ်။
အဲဒီပြင်သစ်သားဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့အဆုံးသတ်ခါနီးမှာ
ဆီဗီလာကို အငှားရောက်လာခဲ့တာဖြစ်ပြီး ၄ လတာအတွင်း
ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်စားခွင့်ရခဲ့တာပါ။
သူဟာ မန်ယူမှာတုန်းက ထုတ်ပယ်ခံရတဲ့ဆိုးလ်ရှားနဲ့
ယာယီနည်းပြရန်းနစ်တို့နှစ်ဦးစလုံးရဲ့အရန်အဖြစ်သာ ရှိခဲ့ပါတယ်။
ဆီဗီလာမှာတော့ ပထမဆုံးပွဲမှာပဲ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး
၇၇ မိနစ်အရောက်မှာ အယ်ဟတ်ဒါဒီနဲ့ လူစားလဲခံခဲ့ရပါတယ်။
သူ့ရဲ့ဆီဗီလာပွဲဦးထွက်မှာ မာရှယ်ဟာ ဘောလုံးပေးပို့ရန်ကြိုးပမ်းမှု
၃၆ ကြိမ်မှာ ၃၃ ကြိမ်အောင်မြင်ခဲ့ပါတယ်။
တစ်ယောက်ချင်းဘောလုံးယှဉ်လုမှုမှာ ၅ ကြိမ်အသာရခဲ့ပြီး
အောင်မြင်တဲ့လိမ်ခေါက်မှု ၂ ကြိမ်လုပ်နိုင်ခဲ့တာပါ။
၂၆ နှစ်အရွယ် အဲဒီပြင်သစ်သားဟာ လာမယ့်အပတ် အယ်ချီနဲ့ပွဲမှာတော့
ဆီဗီလာအတွက် သူ့ရဲ့အိမ်ကွင်းပွဲဦးထွက်ကစားခွင့်ရနိုင်ပါတယ်။
zawgyi
ေမွ်ာ္လင့္ထားသလို ျဖစ္မလာခဲ့တဲ့ မာရွယ္ရဲ႕ဆီဗီလာပြဲဦးထြက္
မာရွယ္ရဲ႕ဆီဗီလာပြဲဦးထြက္ဟာ ေမွ်ာ္လင့္ထားသလို ျဖစ္မလာခဲ့ဘဲ
အိုဆာဆူနာနဲ႔အေဝးကြင္းမွာ ဂိုးမရွိသေရနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။
ဒုတိယေနရာက ဆီဗီလာဟာ နာက်င္အခ်ိန္ပိုမွာ
ပင္နယ္တီကန္ခြင့္ရခဲ့ေပမယ့္ ရာကီတစ္ဝင္ေအာင္မကန္ႏိုင္ခဲ့လို႔
ထိပ္ဆုံးက ရီးရဲလ္နဲ႔အမွတ္ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္ျခင္း မရွိခဲ့ပါဘူး။
မာရွယ္ဟာ အသင္းသစ္က သူ႔ရဲ႕ပထမဆုံးပြဲမွာ ေျခစြမ္းအရ ႐ုန္းကန္ခဲ့ရပါတယ္။
အဲဒီျပင္သစ္သားဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕အဆုံးသတ္ခါနီးမွာ
ဆီဗီလာကို အငွားေရာက္လာခဲ့တာျဖစ္ၿပီး ၄ လတာအတြင္း
ပထမဆုံးအႀကိမ္အျဖစ္ ပြဲထြက္စားခြင့္ရခဲ့တာပါ။
သူဟာ မန္ယူမွာတုန္းက ထုတ္ပယ္ခံရတဲ့ဆိုးလ္ရွားနဲ႔
ယာယီနည္းျပရန္းနစ္တို႔ႏွစ္ဦးစလုံးရဲ႕အရန္အျဖစ္သာ ရွိခဲ့ပါတယ္။
ဆီဗီလာမွာေတာ့ ပထမဆုံးပြဲမွာပဲ ပြဲထြက္ပါဝင္ခြင့္ရခဲ့ၿပီး
၇၇ မိနစ္အေရာက္မွာ အယ္ဟတ္ဒါဒီနဲ႔ လူစားလဲခံခဲ့ရပါတယ္။
သူ႔ရဲ႕ဆီဗီလာပြဲဦးထြက္မွာ မာရွယ္ဟာ ေဘာလုံးေပးပို႔ရန္ႀကိဳးပမ္းမႈ
၃၆ ႀကိမ္မွာ ၃၃ ႀကိမ္ေအာင္ျမင္ခဲ့ပါတယ္။
တစ္ေယာက္ခ်င္းေဘာလုံးယွဥ္လုမႈမွာ ၅ ႀကိမ္အသာရခဲ့ၿပီး
ေအာင္ျမင္တဲ့လိမ္ေခါက္မႈ ၂ ႀကိမ္လုပ္ႏိုင္ခဲ့တာပါ။
၂၆ ႏွစ္အ႐ြယ္ အဲဒီျပင္သစ္သားဟာ လာမယ့္အပတ္ အယ္ခ်ီနဲ႔ပြဲမွာေတာ့
ဆီဗီလာအတြက္ သူ႔ရဲ႕အိမ္ကြင္းပြဲဦးထြက္ကစားခြင့္ရႏိုင္ပါတယ္။