မျှော်လင့်ချက်လက်ကျန်လေးကို ဈေးကွက်ထဲမှာ အသက်သွင်းဦးမယ့် လီဗာပူး

ကြိုးကြာနီရဲ့ တောင်ပံခတ်သံပြင်းပြင်းနဲ့အတူ ဘုန်းမောက်ကို အလဲလဲအပြိုပြိုဖြစ်စေခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင် စွမ်းရှိတယ်ဆိုတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပေမယ့် လီဗာပူးအသင်းဟာ ဈေးကွက် မပိတ်ခင်အထိ ကစားသမား ခေါ်ဖို့အတွက်

စွန့်စားခန်းဖွင့်ချင် သေးတယ်လို့ နည်းပြဂျာဂင်ကလော့ပ်က ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လီဗာပူးဟာ ကွင်းလယ်လူတစ်ယောက်ကို လက်ရှိအချိန်အထိ ရှာဖွေနေဆဲ ဖြစ်တာကြောင့် ဈေးကွက်မပိတ်ခင်အထိ စောင့်ကြည့်နေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ လီဗာပူးဟာ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်အပြင် ဆယ် ကျော်သက်အရွယ် ကစားသမားတွေဖြစ်ကြတဲ့ ကာဗယ်ဟို၊ ကယ်ဗင်ရမ် ဆေးနဲ့ အဘာဒင်းတို့ကို အသီးသီး ခေါ်ယူထားပြီးဖြစ်ပေမယ့် ဈေးကွက်ထဲမှာ ဝင်ရောက် မွှေနှောက်နေဆဲပဲ ဖြစ်ပါတယ်။

‘’အခါအားလျော်စွာပေါ့လေ။ နည်း နည်းလေး ထပ်ပြီး စွန့်စားဖို့တော့ အဆင်သင့်ဖြစ်နေမှာပါ။ ဒါပေမဲ့ ဒါကို ကျွန်တော် မဆုံးဖြတ်ပါဘူး။ နောက်ပြီး အဲဒီလိုပဲ ကောင်းပါတယ်။ ဈေးကွက် နောက်ဆုံးပိတ်ချိန်အထိအောင် ကျွန်တော်တို့ အရာအားလုံး ကြိုးစားသွားမှာ ပါ’’ လို့

ကလော့ပ်က ပြောဆိုခဲ့ပါတယ်။ လက်ရှိအသင်းပိုင်ရှင်တွေရဲ့ ထောက်ခံအားပေးမှု အခြေအနေကို ဘီဘီစီက မေးမြန်းခဲ့ရာမှာတော့ အဲဒီလို မေးခွန်းမျိုးကို သူ့အနေနဲ့ မနှစ်သက်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ‘’ခင်ဗျားတို့ အခု အကြီးကြီး ချဲ့ကားပြီး ပြောနေတဲ့အရာကို

ကျွန်တော်အခု မသေချာသလိုမျိုး ပြောနေရတာကို ကျွန်တော်မကြိုက်တာပဲ။ ထောက်ခံ အားပေးတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အဲဒါက အမြဲတမ်း လွယ်ကူလို့ လား။ မလွယ်ဘူးနော်။ ဒီလိုကိစ္စမျိုးကို ကျွန်တော်တို့ လူရှေ့သူရှေ့မှာ ဆွေး နွေးဖူးလို့လား။ မဆွေးနွေးဖူးဘူးနော်’’

ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်။ လက်ရှိ လီဗာပူးအသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေတာကြောင့် ကစားသမား ခေါ် ယူဖို့အတွက်တော့ လိုအပ်နေဆဲဖြစ်ပြီး ဈေးကွက်ပိတ်ချိတ်မှာ ထပ်ရောက် မလာခဲ့ဘူးဆိုရင်လည်း ရှိရင်းစွဲ လူစာရင်းအပေါ် ကျေနပ်ရမှာဖြစ်တယ်လို့ ကလော့ပ်က ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

ႀကိဳးၾကာနီရဲ႕ ေတာင္ပံခတ္သံျပင္းျပင္းနဲ႔အတူ ဘုန္းေမာက္ကို အလဲလဲအၿပိဳၿပိဳျဖစ္ေစခဲ့ၿပီး ပရီးမီးယားလိဂ္ဆုဖလားကို စိန္ေခၚႏိုင္ စြမ္းရွိတယ္ဆိုတဲ့ ေျခစြမ္းကို ျပသႏိုင္ခဲ့ေပမယ့္ လီဗာပူးအသင္းဟာ ေဈးကြက္ မပိတ္ခင္အထိ ကစားသမား

ေခၚဖို႔အတြက္ စြန႔္စားခန္းဖြင့္ခ်င္ ေသးတယ္လို႔ နည္းျပဂ်ာဂင္ကေလာ့ပ္က ဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လီဗာပူးဟာ ကြင္းလယ္လူတစ္ေယာက္ကို လက္ရွိအခ်ိန္အထိ ရွာေဖြေနဆဲ ျဖစ္တာေၾကာင့္ ေဈးကြက္မပိတ္ခင္အထိ ေစာင့္ၾကည့္ေနဦးမွာ ျဖစ္တယ္လို႔

သိရပါတယ္။ လက္ရွိမွာ လီဗာပူးဟာ တိုက္စစ္မႉး ဒါဝင္ႏူနက္ဇ္အျပင္ ဆယ္ ေက်ာ္သက္အ႐ြယ္ ကစားသမားေတြျဖစ္ၾကတဲ့ ကာဗယ္ဟို၊ ကယ္ဗင္ရမ္ ေဆးနဲ႔ အဘာဒင္းတို႔ကို အသီးသီး ေခၚယူထားၿပီးျဖစ္ေပမယ့္ ေဈးကြက္ထဲမွာ ဝင္ေရာက္ ေမႊေႏွာက္ေနဆဲပဲ ျဖစ္ပါတယ္။

‘’အခါအားေလ်ာ္စြာေပါ့ေလ။ နည္း နည္းေလး ထပ္ၿပီး စြန႔္စားဖို႔ေတာ့ အဆင္သင့္ျဖစ္ေနမွာပါ။ ဒါေပမဲ့ ဒါကို ကြၽန္ေတာ္ မဆုံးျဖတ္ပါဘူး။ ေနာက္ၿပီး အဲဒီလိုပဲ ေကာင္းပါတယ္။ ေဈးကြက္ ေနာက္ဆုံးပိတ္ခ်ိန္အထိေအာင္ ကြၽန္ေတာ္တို႔ အရာအားလုံး

ႀကိဳးစားသြားမွာ ပါ’’ လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။ လက္ရွိအသင္းပိုင္ရွင္ေတြရဲ႕ ေထာက္ခံအားေပးမႈ အေျခအေနကို ဘီဘီစီက ေမးျမန္းခဲ့ရာမွာေတာ့ အဲဒီလို ေမးခြန္းမ်ိဳးကို သူ႔အေနနဲ႔ မႏွစ္သက္ဘူးလို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

‘’ခင္ဗ်ားတို႔ အခု အႀကီးႀကီး ခ်ဲ႕ကားၿပီး ေျပာေနတဲ့အရာကို ကြၽန္ေတာ္အခု မေသခ်ာသလိုမ်ိဳး ေျပာေနရတာကို ကြၽန္ေတာ္မႀကိဳက္တာပဲ။ ေထာက္ခံ အားေပးတယ္ဆိုတာ ဘာကို ဆိုလိုတာလဲ။ အဲဒါက အၿမဲတမ္း လြယ္ကူလို႔ လား။ မလြယ္ဘူးေနာ္။

ဒီလိုကိစၥမ်ိဳးကို ကြၽန္ေတာ္တို႔ လူေရွ႕သူေရွ႕မွာ ေဆြး ေႏြးဖူးလို႔လား။ မေဆြးေႏြးဖူးဘူးေနာ္’’ ဆိုၿပီး ေျဖၾကားသြားခဲ့ပါတယ္။ လက္ရွိ လီဗာပူးအသင္းမွာ ဒဏ္ရာျပႆနာေတြ ရွိေနတာေၾကာင့္

ကစားသမား ေခၚ ယူဖို႔အတြက္ေတာ့ လိုအပ္ေနဆဲျဖစ္ၿပီး ေဈးကြက္ပိတ္ခ်ိတ္မွာ ထပ္ေရာက္ မလာခဲ့ဘူးဆိုရင္လည္း ရွိရင္းစြဲ လူစာရင္းအေပၚ ေက်နပ္ရမွာျဖစ္တယ္လို႔ ကေလာ့ပ္က ထပ္ေလာင္း ေျပာဆိုသြားခဲ့ပါတယ္။