မျက်နှာဖုံးနဲ့အသားကျဖို့ရုန်းကန်နေရပေမဲ့ ဂါနာနဲ့ပွဲစဉ်မှာ ကွဲပြားခြားနားတဲ့ ဆွန်ဟောင်မင်ကိုမြင်တွေ့ရဖို့ နည်းပြ ပေါ်လိုဘန်တို မျှော်လင့်

ကမ္ဘာ့ဖလားမတိုင်ခင်ဒဏ်ရာပြဿနာကြုံခဲ့တဲ့ ဆွန်ဟောင်မင်ဟာ အုပ်စုအဖွင့်ပွဲစဉ်မှာမျက်နှာဖုံးဝတ်ဆင်ကစားခဲ့ရသလို ပုံမှန်ခြေစွမ်းအတွက်ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမဲ့ နည်းပြပေါ်လိုဘန်တိုဘက်က လာမယ့် ဂါနာနဲ့ပွဲစဉ်မှာတော့ စပါးကြယ်ပွင့်ဆီက အကောင်းဆုံးတွေမျှော်လင့်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

စပါးအသင်းနဲ့အတူကြုံတွေ့ခဲ့တဲ့ ဒဏ်ရာကိုခွဲစိတ်ထားခဲ့ရတာက ဆွန်ဟောင်မင်ကို ကမ္ဘာ့ဖလားမှာခြေစွမ်းပြဖို့ အတားအဆီးတစ်ခုလိုဖြစ်နေပါတယ်။

“ပထမပွဲမှာစိန်ခေါ်မှုအချို့ကို ရင်ဆိုင်ခဲ့ရတာက ပုံမှန်ဖြစ်တယ်။ ဆွန်ဟောင်မင်အတွက်တော့ စိုးရိမ်ခဲ့ရတယ်။ မကြာသေးခင်ကမှ ဒဏ်ရာရခဲ့တာဖြစ်လို့

မျက်နှာဖုံးနဲ့အသားကျဖို့ကြိုးစားနေရပါတယ်။ ပထမဆုံးအနေနဲ့ သူဟာ အသင်းဖော်တွေနဲ့ သက်သောင့်သက်ဖြစ်ဖို့လိုအပ်သလို နောက်ပိုင်းမှာပြိုင်ဘက်တွေနဲ့

သက်သောင့်သက်သာရင်ဆိုင်နိုင်ဖို့လိုပါတယ်။ ဒုတိယပွဲကတော့ ကွဲပြားခြားနားပါလိမ့်မယ်။ သူက ပွဲချိန်ပြည့်ကစားပေးနိုင်ခဲ့သလို အသင်းတစ်သင်းအနေနဲ့

သူ့ဆီကအရည်အသွေးတွေကိုအသုံးချနိုင်ဖို့အစွမ်းကုန်ကြိုးစားရမယ်” လို့ နည်းပြပေါ်လိုဘန်တိုက ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ဘန်တိုက

“ကျွန်တော်တို့မှာ ပရီးမီးယားလိဂ်ကစားသမားတွေရှိနေတယ်။ ခက်ခဲမယ့်ပွဲစဉ်ဆိုတာသိတယ်။ ပထမပွဲကလို တာဝန်ကျေဖို့လိုအပ်သလို တစ်ဦးချင်းရော၊

အသင်းလိုက်ပါ ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေပြနိုင်မယ်လို့မျှော်လင့်ပါတယ်” လို့ ဂါနာနဲ့ပွဲမတိုင်ခင်မှာ ပြောဆိုသွားခဲ့တာဖြစ်တယ်။

(Zawgyi)

မ်က္ႏွာဖုံးနဲ႔အသားက်ဖို႔႐ုန္းကန္ေနရေပမဲ့ ဂါနာနဲ႔ပြဲစဥ္မွာ ကြဲျပားျခားနားတဲ့ ဆြန္ေဟာင္မင္ကိုျမင္ေတြ႕ရဖို႔ နည္းျပ ေပၚလိုဘန္တို ေမွ်ာ္လင့္

ကမာၻ႔ဖလားမတိုင္ခင္ဒဏ္ရာျပႆနာႀကဳံခဲ့တဲ့ ဆြန္ေဟာင္မင္ဟာ အုပ္စုအဖြင့္ပြဲစဥ္မွာမ်က္ႏွာဖုံးဝတ္ဆင္ကစားခဲ့ရသလို ပုံမွန္ေျခစြမ္းအတြက္႐ုန္းကန္ခဲ့ရပါတယ္။

ဒါေပမဲ့ နည္းျပေပၚလိုဘန္တိုဘက္က လာမယ့္ ဂါနာနဲ႔ပြဲစဥ္မွာေတာ့ စပါးၾကယ္ပြင့္ဆီက အေကာင္းဆုံးေတြေမွ်ာ္လင့္ထားတယ္လို႔ ေျပာဆိုလိုက္ပါတယ္။

စပါးအသင္းနဲ႔အတူႀကဳံေတြ႕ခဲ့တဲ့ ဒဏ္ရာကိုခြဲစိတ္ထားခဲ့ရတာက ဆြန္ေဟာင္မင္ကို ကမာၻ႔ဖလားမွာေျခစြမ္းျပဖို႔အတားအဆီးတစ္ခုလိုျဖစ္ေနပါတယ္။

“ပထမပြဲမွာစိန္ေခၚမႈအခ်ိဳ႕ကိုရင္ဆိုင္ခဲ့ရတာက ပုံမွန္ျဖစ္တယ္။ ဆြန္ေဟာင္မင္အတြက္ေတာ့ စိုးရိမ္ခဲ့ရတယ္။ မၾကာေသးခင္ကမွ ဒဏ္ရာရခဲ့တာျဖစ္လို႔ မ်က္ႏွာဖုံးနဲ႔

အသားက်ဖို႔ႀကိဳးစားေနရပါတယ္။ ပထမဆုံးအေနနဲ႔ သူဟာ အသင္းေဖာ္ေတြနဲ႔သက္ေသာင့္သက္ျဖစ္ဖို႔လိုအပ္သလို ေနာက္ပိုင္းမွာၿပိဳင္ဘက္ေတြနဲ႔သက္ေသာင့္သက္သာရင္ဆိုင္ႏိုင္ဖို႔လိုပါတယ္။

ဒုတိယပြဲကေတာ့ ကြဲျပားျခားနားပါလိမ့္မယ္။ သူက ပြဲခ်ိန္ျပည့္ကစားေပးႏိုင္ခဲ့သလို အသင္းတစ္သင္းအေနနဲ႔ သူ႔ဆီကအရည္အေသြးေတြကိုအသုံးခ်ႏိုင္ဖို႔အစြမ္းကုန္ႀကိဳးစားရမယ္” လို႔

နည္းျပေပၚလိုဘန္တိုက ဆိုခဲ့ပါတယ္။ ဆက္လက္ၿပီး ဘန္တိုက “ကြၽန္ေတာ္တို႔မွာ ပရီးမီးယားလိဂ္ကစားသမားေတြရွိေနတယ္။ ခက္ခဲမယ့္ပြဲစဥ္ဆိုတာသိတယ္။ ပထမပြဲကလို

တာဝန္ေက်ဖို႔လိုအပ္သလို တစ္ဦးခ်င္းေရာ၊ အသင္းလိုက္ပါ ပိုမိုေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ေတြျပႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္” လို႔ ဂါနာနဲ႔ပြဲမတိုင္ခင္မွာ ေျပာဆိုသြားခဲ့တာျဖစ္တယ္။