ခရိုအေးရှားမယ်ဟောင်း အီဗန်နာနိုးရဲ့ မကြာသေးခင်က
အင်စတာဂရမ်ပို့စ်တစ်ခုကြောင့် ပရိသတ်တွေအံ့အားသင့်ခဲ့ကြတယ်လို့
The Sun သတင်းစာကဖော်ပြလိုက်ပါတယ်။ ကမ္ဘာ့ဖလားမှာ
အကျော်ကြားဆုံးပရိသတ်လို့လူသိများခဲ့တဲ့ အီဗန်နာနိုးဟာ
မောလ်ဒိုက်အားလပ်ရက်ခရီးစဉ်မှာ သူမနဲ့ပက်သတ်လို့
မမြင်ဖူးသေးတဲ့ ပုံရိပ်တွေကို ပရိသတ်ကိုချပြလိုက်တာဖြစ်တယ်။
အနက်ရောင်ရေကူးဝတ်စုံနဲ့အတူ ရေကူးကန်ဘေးမှာ
လဲလျောင်းနေတဲ့ ခရိုအေးရှားမယ်ဟောင်းရဲ့ဓာတ်ပုံတွေကို
ပရိသတ်တွေအထင်းသားမြင်ခဲ့ရတာပါ။ သူမဟာ ဒီပုံရိပ်တွေကို
followers ၃.၆ သန်းရှိတဲ့ အင်စတာဂရမ်အကောင့်မှာ
မျှဝေခဲ့တာဖြစ်ပြီး ဒီပို့စ်ကို Like လုပ်တဲ့လူက တစ်နာရီမှာ
အကြိမ်ရေ ၆၈၀၀၀ ကျော်ရှိတာကြောင့် ချစ်ခင်သူပေါများတဲ့
ပုံစံဖြစ်တယ်။ “နတ်သမီး၊ ဒါပေမဲ့ အဲ့ဒါကိုမင်းကိုယ်တိုင်
သိပြီးသားပါ” လို့ ပရိသတ်တစ်ယောက်ကမှတ်ချက်ပေးခဲ့သလို
အခြားသော ပရိသတ်တွေက “မင်းက ချစ်စရာကောင်းတဲ့ အီဗန်နာပါ”၊
“ဗုံးခွဲ သတိပေးချက်” ၊ “မင်းက စတားတစ်ယောက်ပါ” ၊
“ဒီနေ့ည Miss Universe ၂၀၂၂ အတွက် အဆင်သင့်ဖြစ်ပြီလား” လို့
အသီးသီးတုံ့ပြန်ခဲ့ကြပါတယ်။ ယခုသီတင်းပတ်အစောပိုင်းမှာလည်း
သူမဟာ ရေကူးဝတ်စုံဝတ်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုကို
ဆိုရှယ်မီဒီယာပေါ်မှာမျှဝေခဲ့ပါသေးတယ်။ အီဗန်နာနိုး
ကိုယ်တိုင်ကတော့ ဟဲလ်ဗီးဝိတ်ချန်ပီယံဟောင်း
ဝလာဒီမာကလစ်ရှ်ကိုဟာ သူမရဲ့ crush တစ်ယောက်ဖြစ်တယ်လို့
ရင်တွင်းလျှို့ဝှက်ချက်ကိုလူသိရှင်ကြားပြောဆိုထားပါတယ်။
zawgyi
မော်လ်ဒိုက်ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့အတူ ပရိသတ်တွေကြားကို အီဗန်နာနိုး ဗုံးကြဲချလိုက်ပြီ