
ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဟောင်း စပိန်ကို
ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခွင့်ရရှိသွားပါတယ်။
မနေ့က ဂျပန်နဲ့ ခရိုအေးရှားပွဲ၊ ပယ်နယ်တီအဆုံးအဖြတ်မှာ ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ရှ် လက်စွမ်းပြခဲ့သလို
အခုပွဲမှာလည်း မော်ရိုကိုအသင်းအတွက် ဂိုးသမား ဘိုနိုက သူရဲကောင်းဖြစ်ခဲ့ပါတယ်။
အခုပွဲမှာ စပိန်တို့ တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ပေမယ့် တိုက်စစ်အတွက် အခွင့်အရေးဖန်တီးပေးနိုင်မယ့်သူ မရှိဖြစ်နေပြီး
ဂါဗီနဲ့ ပတ်ဒရီတို့ဟာ မော်ရိုကို ကွင်းလယ်ကို မကျော်ဖြတ်နိုင်သလို ဒန်နီအော်လ်မိုနဲ့ အဆန်စီယို၊ ဖာရန်တောရက်စ်တို့ရဲ့ တိုက်စစ်ကစားပုံကလည်း မထိရောက်ခဲ့ပါဘူး။
ပွဲကစားချိန်အတွင်း မော်ရိုကိုအသင်းဘက်မှာ ချီးကျူးရမယ့်သူက ကွင်းလယ်လူ အမ်ရာဘတ်ဖြစ်ပြီး
စပိန်အသင်းတိုက်စစ်လမ်းကြောင်းတွေကို အကောင်းဆုံး ဖြတ်တောက်နိုင်ခဲ့သလို
တန်ပြန်တိုက်စစ်ဆင်တဲ့အခါ ထိထိရောက်ရောက် ပံ့ပိုးနိုင်ခဲ့ပါတယ်။
မိနစ်(၁၂၀)ပြည့်တဲ့အထိ ဂိုးမရှိသရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး
စပိန်အသင်းအတွက် ‘ဘူ’ကောင်ဖြစ်သွားတာက အချိန်ပိုပြီးခါနီးမှ လူစားဝင်လာတဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာရာဘီယာပါပဲ။
အချိန်ပိုမိနစ်(၃၀)ပြည့်ခါနီးမှာ ဆာရာဘီယာရဲ့ အပိုင်ကန်ချက်က တိုင်ထိသွားသလို ပယ်နယ်တီအဆုံးအဖြတ်မှာ
စပိန်အသင်းအတွက် ဦးဆုံးပယ်နယ်တီကို ဆာရာဘီယာ ကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်သွားခဲ့ပြန်ပါတယ်။
အဲဒီနောက် ကားလို့စ်ဆိုလာ၊ ဘူးစကွက်စ်တို့ရဲ့ ပယ်နယ်တီတွေကို မော်ရိုကို ဂိုးသမားဘိုနို လက်စွမ်းပြကာကွယ်ခဲ့ပြီး
မော်ရိုကိုဘက်က ဘန်နွန်တစ်ဦးသာ ဂိုးမဝင်ဘဲ ဆာဘီရီ၊ ဇီယက်ချ်၊ ဟာကီမီတို့ အားလုံးဂိုးဝင်ခဲ့တာကြောင့် မော်ရိုကိုတို့ (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်တက်ခွင့်ရခဲ့တာဖြစ်ပြီး
အာဖရိကအသင်းတွေထဲမှာတော့ ကင်ရွန်း (၁၉၉၀)၊ ဆီနီဂေါ (၂၀၀၂)၊ ဂါနာ (၂၀၁၀)တို့နဲ့အတူ
ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ရောက်ရှိခဲ့တဲ့ စတုတ္ထမြောက် အာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
zawgyi
ေမာ္႐ိုကိုႏိုင္ငံအတြက္ ဂုဏ္ယူစရာေကာင္းတဲ့ သမိုင္းဝင္ေအာင္ပြဲရရွိေအာင္ ဖန္တီးေပးခဲ့သူ ေ႐ႊေရာင္လက္တစ္စုံပိုင္ရွင္ ဘိုႏို
ကမာၻ႔ဖလား ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ ေမာ္႐ိုကိုအသင္းဟာ ကမာၻ႔ဖလားခ်န္ပီယံေဟာင္း စပိန္ကို
ပယ္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ယူၿပီး ကြာတားဖိုင္နယ္အဆင့္ တက္ေရာက္ခြင့္ရရွိသြားပါတယ္။
မေန႔က ဂ်ပန္နဲ႔ ခ႐ိုေအးရွားပြဲ၊ ပယ္နယ္တီအဆုံးအျဖတ္မွာ ခ႐ိုေအးရွားဂိုးသမား လီဗာကိုဗစ္ရွ္ လက္စြမ္းျပခဲ့သလို
အခုပြဲမွာလည္း ေမာ္႐ိုကိုအသင္းအတြက္ ဂိုးသမား ဘိုႏိုက သူရဲေကာင္းျဖစ္ခဲ့ပါတယ္။
အခုပြဲမွာ စပိန္တို႔ တစ္ပြဲလုံး ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ကစားႏိုင္ေပမယ့္ တိုက္စစ္အတြက္ အခြင့္အေရးဖန္တီးေပးႏိုင္မယ့္သူ မရွိျဖစ္ေနၿပီး
ဂါဗီနဲ႔ ပတ္ဒရီတို႔ဟာ ေမာ္႐ိုကို ကြင္းလယ္ကို မေက်ာ္ျဖတ္ႏိုင္သလို ဒန္နီေအာ္လ္မိုနဲ႔ အဆန္စီယို၊ ဖာရန္ေတာရက္စ္တို႔ရဲ႕ တိုက္စစ္ကစားပုံကလည္း မထိေရာက္ခဲ့ပါဘူး။
ပြဲကစားခ်ိန္အတြင္း ေမာ္႐ိုကိုအသင္းဘက္မွာ ခ်ီးက်ဴးရမယ့္သူက ကြင္းလယ္လူ အမ္ရာဘတ္ျဖစ္ၿပီး
စပိန္အသင္းတိုက္စစ္လမ္းေၾကာင္းေတြကို အေကာင္းဆုံး ျဖတ္ေတာက္ႏိုင္ခဲ့သလို
တန္ျပန္တိုက္စစ္ဆင္တဲ့အခါ ထိထိေရာက္ေရာက္ ပံ့ပိုးႏိုင္ခဲ့ပါတယ္။
မိနစ္(၁၂၀)ျပည့္တဲ့အထိ ဂိုးမရွိသေရက်ေနတာေၾကာင့္ ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရၿပီး
စပိန္အသင္းအတြက္ ‘ဘူ’ေကာင္ျဖစ္သြားတာက အခ်ိန္ပိုၿပီးခါနီးမွ လူစားဝင္လာတဲ့ ေတာင္ပံတိုက္စစ္ကစားသမား ဆာရာဘီယာပါပဲ။
အခ်ိန္ပိုမိနစ္(၃၀)ျပည့္ခါနီးမွာ ဆာရာဘီယာရဲ႕ အပိုင္ကန္ခ်က္က တိုင္ထိသြားသလို ပယ္နယ္တီအဆုံးအျဖတ္မွာ
စပိန္အသင္းအတြက္ ဦးဆုံးပယ္နယ္တီကို ဆာရာဘီယာ ကန္သြင္းခဲ့ေပမယ့္ တိုင္ထိထြက္သြားခဲ့ျပန္ပါတယ္။
အဲဒီေနာက္ ကားလို႔စ္ဆိုလာ၊ ဘူးစကြက္စ္တို႔ရဲ႕ ပယ္နယ္တီေတြကို ေမာ္႐ိုကို ဂိုးသမားဘိုႏို လက္စြမ္းျပကာကြယ္ခဲ့ၿပီး
ေမာ္႐ိုကိုဘက္က ဘန္ႏြန္တစ္ဦးသာ ဂိုးမဝင္ဘဲ ဆာဘီရီ၊ ဇီယက္ခ်္၊ ဟာကီမီတို႔ အားလုံးဂိုးဝင္ခဲ့တာေၾကာင့္ ေမာ္႐ိုကိုတို႔ (၃-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။
ေမာ္႐ိုကိုအသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ကြာတားဖိုင္နယ္တက္ခြင့္ရခဲ့တာျဖစ္ၿပီး
အာဖရိကအသင္းေတြထဲမွာေတာ့ ကင္႐ြန္း (၁၉၉၀)၊ ဆီနီေဂါ (၂၀၀၂)၊ ဂါနာ (၂၀၁၀)တို႔နဲ႔အတူ
ကမာၻ႔ဖလား ကြာတားဖိုင္နယ္ေရာက္ရွိခဲ့တဲ့ စတုတၳေျမာက္ အာဖရိကအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။