မော်ရင်ဟို၂ ပွဲပယ်ခံလိုက်ရပြီ…

ဗီရိုနာနဲ့ ၂-၂ သရေကျခဲ့တဲ့ ပြီးခဲ့တဲ့စနေ ရိုးမားအသင်းရဲ့ပွဲစဉ်မှာ အထုတ်ခံခဲ့ရတဲ့

နည်းပြမော်ရင်ဟိုဟာ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။
မော်ရင်ဟိုဟာ ပရိသတ်တွေရှိရာဘက်ကို ဘောလုံးယူကာ ကန်မထုတ်ခင်

ကွင်းထဲမှာ နည်းပြပိုင်ရက်တီကို စွပ်စွဲမှုတွေလုပ်ပြီး ကြိမ်းမောင်းခဲ့တာပါ။


ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အီတလီဘောလုံးအဖွဲ့ချုပ်ကတော့ မော်ရင်ဟိုဟာ

ဒိုင်လူကြီးပိုင်ရက်တိုကို ပြင်းထန်တဲ့စွပ်စွဲမှုတွေလုပ်ခဲ့သလို ခြိမ်းခြောက်တဲ့ပုံစံနဲ့

ကွင်းထဲကို ဝင်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပေါ်တူဂီသားနည်းပြဟာ

ပွဲပယ်ပြစ်ဒဏ်အပြင် ယူရို ၂၀၀၀၀ လည်း ဒဏ်ရိုက်ခံခဲ့ရတာပါ။ မော်ရင်ဟိုဟာ

အနီကတ်နဲ့အထုတ်ခံခဲ့ရပြီးနောက် ကွင်းထဲက ထွက်ခွာစဉ်မှာလည်း ဒိုင်လူကြီးဆီကို

တယ်လီဖုန်းဆက်တဲ့အမူအယာလုပ်ပြခဲ့ပါသေးတယ်။

အဲဒါက ကွင်းလယ်ဒိုင်ပိုင်ရက်တိုရဲ့ဖခင်ကို ရည်ညွန်းတဲ့သဘောလည်း ဖြစ်ပါတယ်။

ပိုင်ရက်တိုရဲ့ဖခင်ဖြစ်တဲ့ ပီယာလူဂီဟာ ဒိုင်လူကြီးတစ်ဦးပဲဖြစ်ပြီး ၂၀၀၆

အီတလီလုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်ခဲ့တာပါ။ ဒါ့အပြင် အဲဒီချဲလ်ဆီး၊ မန်ယူနဲ့

စပါးနည်းပြဟောင်းဟာ သူ့ရဲ့ပွဲပြီးမီဒီယာတာဝန်တွေကို မလုပ်ဘဲ အိုလံပီကိုကွင်းကနေ

ထွက်ခွာသွားခဲ့တာပါ။

အခုပွဲပယ်ပြစ်ဒဏ်တွေကြောင့် မော်ရင်ဟိုဟာ လာမယ့်တနင်္ဂနွေကစားမယ့်

စပီဇီယာနဲ့အဝေးကွင်းပွဲ၊ မတ်လ ၅ ရက်နေ့ကစားမယ့် အတ္တလန္တာနဲ့အိမ်ကွင်းပွဲတွေမှာ

ရိုးမားအသင်းကို အနီးကပ်ကြီးကြပ်နိုင်မှာ မဟုတ်ပါဘူး။ ဗီရိုနာနဲ့ပွဲက သရေရလဒ်ကြောင့်

မော်ရင်ဟိုရဲ့အသင်းဟာ စီးရီးအေအမှတ်ပေးဇယားမှာ အဆင့် ၈ ရောက်နေပြီး

ထိပ်ဆုံး ၄ နေရာနဲ့ ၆ မှတ်ကွာနေပါတယ်။

Zawgyi

ေမာ္ရင္ဟို၂ ပြဲပယ္ခံလိုက္ရျပီ…

ဗီ႐ိုနာနဲ႔ ၂-၂ သေရက်ခဲ့တဲ့ ၿပီးခဲ့တဲ့စေန ႐ိုးမားအသင္းရဲ႕ပြဲစဥ္မွာ အထုတ္ခံခဲ့ရတဲ့

နည္းျပေမာ္ရင္ဟိုဟာ ၂ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရပါတယ္။
ေမာ္ရင္ဟိုဟာ ပရိသတ္ေတြရွိရာဘက္ကို ေဘာလုံးယူကာ ကန္မထုတ္ခင္

ကြင္းထဲမွာ နည္းျပပိုင္ရက္တီကို စြပ္စြဲမႈေတြလုပ္ၿပီး ႀကိမ္းေမာင္းခဲ့တာပါ။

ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့တဲ့အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ ေမာ္ရင္ဟိုဟာ

ဒိုင္လူႀကီးပိုင္ရက္တိုကို ျပင္းထန္တဲ့စြပ္စြဲမႈေတြလုပ္ခဲ့သလို ၿခိမ္းေျခာက္တဲ့ပုံစံနဲ႔

ကြင္းထဲကို ဝင္လာခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီေပၚတူဂီသားနည္းျပဟာ

ပြဲပယ္ျပစ္ဒဏ္အျပင္ ယူ႐ို ၂၀၀၀၀ လည္း ဒဏ္႐ိုက္ခံခဲ့ရတာပါ။ ေမာ္ရင္ဟိုဟာ

အနီကတ္နဲ႔အထုတ္ခံခဲ့ရၿပီးေနာက္ ကြင္းထဲက ထြက္ခြာစဥ္မွာလည္း ဒိုင္လူႀကီးဆီကို

တယ္လီဖုန္းဆက္တဲ့အမူအယာလုပ္ျပခဲ့ပါေသးတယ္။

အဲဒါက ကြင္းလယ္ဒိုင္ပိုင္ရက္တိုရဲ႕ဖခင္ကို ရည္ၫြန္းတဲ့သေဘာလည္း ျဖစ္ပါတယ္။

ပိုင္ရက္တိုရဲ႕ဖခင္ျဖစ္တဲ့ ပီယာလူဂီဟာ ဒိုင္လူႀကီးတစ္ဦးပဲျဖစ္ၿပီး ၂၀၀၆

အီတလီလုပ္ပြဲအရႈပ္ေတာ္ပုံမွာ ပါဝင္ပတ္သက္ခဲ့တာပါ။ ဒါ့အျပင္ အဲဒီခ်ဲလ္ဆီး၊ မန္ယူနဲ႔

စပါးနည္းျပေဟာင္းဟာ သူ႔ရဲ႕ပြဲၿပီးမီဒီယာတာဝန္ေတြကို မလုပ္ဘဲ အိုလံပီကိုကြင္းကေန

ထြက္ခြာသြားခဲ့တာပါ။

 

အခုပြဲပယ္ျပစ္ဒဏ္ေတြေၾကာင့္ ေမာ္ရင္ဟိုဟာ လာမယ့္တနဂၤေႏြကစားမယ့္

စပီဇီယာနဲ႔အေဝးကြင္းပြဲ၊ မတ္လ ၅ ရက္ေန႔ကစားမယ့္ အတၱလႏၲာနဲ႔အိမ္ကြင္းပြဲေတြမွာ

႐ိုးမားအသင္းကို အနီးကပ္ႀကီးၾကပ္ႏိုင္မွာ မဟုတ္ပါဘူး။ ဗီ႐ိုနာနဲ႔ပြဲက သေရရလဒ္ေၾကာင့္

ေမာ္ရင္ဟိုရဲ႕အသင္းဟာ စီးရီးေအအမွတ္ေပးဇယားမွာ အဆင့္ ၈ ေရာက္ေနၿပီး

ထိပ္ဆုံး ၄ ေနရာနဲ႔ ၆ မွတ္ကြာေနပါတယ္။