
အေဂျက်နဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် နယ်သာလန်နောက်ခံလူ





ဒါလေဘလိုင်းကိုအိုးလ်ထရက်ဖို့ဒ်ပြန်ခေါ်ပေးဖို့ ပရိသတ်တွေ
ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။ ကမ္ဘာ့ဖလားအပြီး အေဂျက်ကို





ပြန်ရောက်လာတဲ့ နယ်သာလန်နောက်ခံလူဟာ အစောပိုင်းမှာ
လက်ရှိကလပ်နဲ့ ၂၀၂၃ ဇွန်အထိသက်တမ်းရှိပေမဲ့ ဒီဇင်ဘာ
၃၁ ရက်နေ့မှာလမ်းခွဲဖို့ နှစ်ဦးနှစ်ဖက်သဘောတူညီခဲ့တာဖြစ်တယ်။





ဒါကြောင့် ဇန်နဝါရီမှာ ဒါလေဘလိုင်းက အသင်းသစ်ရှာဖွေခွင့်
ရသွားပြီဖြစ်တယ်။ အေဂျက်အကယ်ဒမီထွက် ဒါလေဘလိုင်းဟာ





အသက် ၂၄ နှစ်အရွယ်မှာ ယူနိုက်တက်ကိုရောက်ရှိခဲ့ဖူးသူဖြစ်ပြီး
ဘောလုံးပေးပို့မှုအလွန်ကောင်းမွန်သူဖြစ်တယ်။ ဗန်ဟားလ်ရဲ့
အိုးလ်ထရက်ဖို့ဒ်ခရီးစဉ်မှာ ဘလိုင်းကလိုက်ပါခဲ့ပြီး သရဲနီတွေအတွက်





ပွဲပေါင်း ၆၀ အထိကစားပေးခဲ့သူပါ။ ဘလိုင်းဟာ ဘယ်နောက်ခံလူ၊
ဗဟိုခံစစ်နဲ့ ကွင်းလယ်ခံစစ်နေရာစုံမှာ ကစားနိုင်သူဖြစ်တယ်။





နည်းပြမော်ရင်ဟိုလက်ထက်မှာ ဘလိုင်းရဲ့အရည်အသွေး
ပိုကောင်းလာခဲ့ပြီး ဘယ်နောက်ခံနေရာမှာ လုခ်ရှောအရန်ခုံ
ရောက်ခဲ့ပါတယ်။ မော်ရင်ဟိုက “ကျွန်တော့်ရဲ့နည်းပြဘ၀





၁၈ နှစ်သက်တမ်းအတွင်း စီမံခန့်ခွဲမှုတွေမှာ ဒါလေနဲ့ကေ
ကွင်းတွင်းကွင်းပြင် လက်တွဲလုပ်ဆောင်ရတာ သဘောကျဖို့ကောင်းပြီး





သူကပရော်ဖက်ရှင်ဆန်ပီသပါတယ်” လို့ ချီးကျူးခဲ့ဖူးပါတယ်။
လက်ရှိအနေအထားမှာတော့ ယူနိုက်တက်ပရိသတ်တွေက
နယ်သာလန်သားကိုပြန်ခေါ်ဖို့တောင်းဆိုထားကြပါတယ်။





“ယူနိုက်တက်ကိုလာပါ။ ငါတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့အသင်း၊
ကမ္ဘာ့အကောင်းဆုံးနည်းပြနဲ့ပူးပေါင်းလိုက်ပါ” လို့





ပရိသတ်တစ်ယောက်က အကြံပြုလိုက်ပါတယ်။
ဒုတိယတစ်ယောက်ကတော့ “လီဆန်းရိုမာတီနက်ဇ် နေရာအတွက်
ကာဗာလုပ်လို့ရတယ်” လို့ မှတ်ချက်ပေးခဲ့ပြီး တတိယ





တစ်ယောက်ကတော့ “ဘလိုင်း ယူနိုက်တက်ကိုပြန်လာပြီး
တန်ဟတ်နဲ့တစ်ကျော့ပြန်လက်တွဲမယ်ဆိုရင် အံ့အားသင့်စရာမရှိပါဘူး” လို့





တုံ့ပြန်ခဲ့ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ “သူ့ကို ယူနိုက်တက်
လက်လွှတ်ပေးလိုက်တာက အမှားကြီးပါ” လို့ ရေးသားခဲ့ပါတယ်။
zawgyi





ေမာ္ရင္ဟိုအႀကိဳက္ဆုံးကစားသမားကို အိုးလ္ထရက္ဖို႔ဒ္ျပန္ေခၚေပးဖို႔ သရဲနီပရိသတ္ေတြ ေတာင္းဆိုလာ
ေအဂ်က္နဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ နယ္သာလန္ေနာက္ခံလူ





ဒါေလဘလိုင္းကိုအိုးလ္ထရက္ဖို႔ဒ္ျပန္ေခၚေပးဖို႔ ပရိသတ္ေတြ
ဝိုင္းဝန္းေတာင္းဆိုေနၾကပါတယ္။ ကမာၻ႔ဖလားအၿပီး ေအဂ်က္ကို
ျပန္ေရာက္လာတဲ့ နယ္သာလန္ေနာက္ခံလူဟာ အေစာပိုင္းမွာ





လက္ရွိကလပ္နဲ႔ ၂၀၂၃ ဇြန္အထိသက္တမ္းရွိေပမဲ့ ဒီဇင္ဘာ
၃၁ ရက္ေန႔မွာလမ္းခြဲဖို႔ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီခဲ့တာျဖစ္တယ္။





ဒါေၾကာင့္ ဇန္နဝါရီမွာ ဒါေလဘလိုင္းက အသင္းသစ္ရွာေဖြခြင့္
ရသြားၿပီျဖစ္တယ္။ ေအဂ်က္အကယ္ဒမီထြက္ ဒါေလဘလိုင္းဟာ
အသက္ ၂၄ ႏွစ္အ႐ြယ္မွာ ယူႏိုက္တက္ကိုေရာက္ရွိခဲ့ဖူးသူျဖစ္ၿပီး





ေဘာလုံးေပးပို႔မႈအလြန္ေကာင္းမြန္သူျဖစ္တယ္။ ဗန္ဟားလ္ရဲ႕
အိုးလ္ထရက္ဖို႔ဒ္ခရီးစဥ္မွာ ဘလိုင္းကလိုက္ပါခဲ့ၿပီး သရဲနီေတြအတြက္





ပြဲေပါင္း ၆၀ အထိကစားေပးခဲ့သူပါ။ ဘလိုင္းဟာ ဘယ္ေနာက္ခံလူ၊
ဗဟိုခံစစ္နဲ႔ ကြင္းလယ္ခံစစ္ေနရာစုံမွာ ကစားႏိုင္သူျဖစ္တယ္။
နည္းျပေမာ္ရင္ဟိုလက္ထက္မွာ ဘလိုင္းရဲ႕အရည္အေသြး





ပိုေကာင္းလာခဲ့ၿပီး ဘယ္ေနာက္ခံေနရာမွာ လုခ္ေရွာအရန္ခုံ
ေရာက္ခဲ့ပါတယ္။ ေမာ္ရင္ဟိုက “ကြၽန္ေတာ့္ရဲ႕နည္းျပဘ၀





၁၈ ႏွစ္သက္တမ္းအတြင္း စီမံခန႔္ခြဲမႈေတြမွာ ဒါေလနဲ႔ေက
ကြင္းတြင္းကြင္းျပင္ လက္တြဲလုပ္ေဆာင္ရတာ သေဘာက်ဖို႔ေကာင္းၿပီး
သူကပေရာ္ဖက္ရွင္ဆန္ပီသပါတယ္” လို႔ ခ်ီးက်ဴးခဲ့ဖူးပါတယ္။





လက္ရွိအေနအထားမွာေတာ့ ယူႏိုက္တက္ပရိသတ္ေတြက
နယ္သာလန္သားကိုျပန္ေခၚဖို႔ေတာင္းဆိုထားၾကပါတယ္။





“ယူႏိုက္တက္ကိုလာပါ။ ငါတို႔ရဲ႕ႀကီးက်ယ္ခမ္းနားတဲ့အသင္း၊
ကမာၻ႔အေကာင္းဆုံးနည္းျပနဲ႔ပူးေပါင္းလိုက္ပါ” လို႔
ပရိသတ္တစ္ေယာက္က အႀကံျပဳလိုက္ပါတယ္။





ဒုတိယတစ္ေယာက္ကေတာ့ “လီဆန္း႐ိုမာတီနက္ဇ္ ေနရာအတြက္
ကာဗာလုပ္လို႔ရတယ္” လို႔ မွတ္ခ်က္ေပးခဲ့ၿပီး တတိယ





တစ္ေယာက္ကေတာ့ “ဘလိုင္း ယူႏိုက္တက္ကိုျပန္လာၿပီး
တန္ဟတ္နဲ႔တစ္ေက်ာ့ျပန္လက္တြဲမယ္ဆိုရင္ အံ့အားသင့္စရာမရွိပါဘူး” လို႔
တုံ႔ျပန္ခဲ့ပါတယ္။ ေနာက္ဆုံးတစ္ေယာက္ကေတာ့ “သူ႔ကို ယူႏိုက္တက္





လက္လႊတ္ေပးလိုက္တာက အမွားႀကီးပါ” လို႔ ေရးသားခဲ့ပါတယ္။