မော်ရင်ဟိုရဲ့ဂိုးအပြတ်ဆုံးရှုံးနိမ့်ခဲ့တဲ့ပွဲများ

ရိုးမားအသင်းနည်းပြမော်ရင်ဟိုဟာ ပြီးခဲ့တဲ့ UEFA Conference League

အုပ်စုပွဲစဉ်အဖြစ် နော်ဝေကလပ် FK Bodø/Glimt အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ

(၆-၁)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး ဒါက သူ့ရဲ့နည်းပြဘဝပွဲပေါင်း(၁၀၀၈)ပွဲ

မြောက်မှာ အကြီးမားဆုံးဂိုးပြတ်ရှုံးပွဲလည်းဖြစ်ခဲ့ရပါတယ်။ နော်ဝေပြည်တွင်း

လိဂ်ချန်ပီယံ FK Bodø/Glimt အသင်းဟာ ပရိသတ်(၇,၀၀၀)ကျော်သာ

ဝင်ဆံ့တဲ့ သူတို့ရဲ့ Aspmyra Stadion ကွင်းမှာ နာမည်ကျော်နည်းပြမော်ရင်ဟိုရဲ့

ရိုးမားအသင်းကို မထင်မှတ်တဲ့ရလဒ်နဲ့အနိုင်ယူပြခဲ့တာဖြစ်ပြီး

ပထမပိုင်းမှာ (၂-၁)ဂိုး၊ ဒုတိယပိုင်းမှာ နောက်ထပ်(၄)ဂိုးသွင်းပြီးတော့ (၆-၁)ဂိုး

ရလဒ်နဲ့အနိုင်ယူခဲ့တာပါ။ မော်ရင်ဟိုရဲ့နည်းပြဘဝမှာ အသင်းငယ်တွေကို မထင်မှတ်

ဘဲရှုံးခဲ့တာ၊ ကိုယ်နဲ့ Level တူအသင်းတွေကို ဂိုးပြတ်ရှုံးခဲ့တာမျိုးရှိပေမယ့်

ဒီလိုမျိုး အောက်အသင်းတစ်သင်းကို မရှုမလှရှုံးခဲ့တာတော့ ဒါပထမဆုံး

အကြိမ်ပါပဲ။ မော်ရင်ဟိုရဲ့နည်းပြဘဝတစ်လျှောက် ဂိုးအပြတ်ဆုံးရှုံးပွဲလို့

သတ်မှတ်ရမှာက ရီးယဲလ်အသင်းကို,ကိုင်တွယ်ခဲ့ချိန်က ဘာစီလိုနာအသင်းနဲ့

ပွဲမှာ (၅-၀)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀၊ နိုဝင်ဘာလတုန်းက

နူးကမ့်မှာကစားခဲ့တဲ့ El Clasico ပွဲမှာ ဇာဗီ၊ ပတ်ဒရို၊ ဟွမ်ဖရမ်၊ ဒေးဗစ်ဗီလာ

(၂ဂိုး)တို့ရဲ့ဂိုးတွေနဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒီပွဲဟာ သူ့အတွက်ပထမဆုံး

အကြိမ်(၅-၀)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ မော်ရင်ဟိုကပြောခဲ့ဖူးပါတယ်။

ဒ့ါအပြင် ၂၀၁၃၊ ဧပြီလမှာ ယာဂန်ကလော့ပ်ရဲ့ဒေ့ါမွန်အသင်းကို ချန်ပီယံလိဂ်

ဆီမီးဖိုင်နယ်မှာ (၄-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ဒါဟာ မော်ရင်ဟိုရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲ

တစ်လျှောက် အကြီးမားဆုံးဂိုးပြတ်ရှုံးပွဲဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကို

ဒုတိယအကြိမ်မြောက်ကိုင်တွယ်ခဲ့ချိန် ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလတုန်းက FA ဖလား

ပွဲမှာ ဘရန့်ဖို့ဒ်အသင်းကို (၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး နောက်ထပ်ဂိုးပြတ်ရှုံးပွဲကတော့

အဲဒီနှစ်၊ ဇန်နဝါရီလမှာပဲ စပါးအသင်းနဲ့ကစားခဲ့တဲ့လန်ဒန်ဒါဘီပွဲမှာ (၅-၃)ဂိုးနဲ့

ရှုံးနိမ့်ခဲ့တာပါ။ အင်တာမီလန်အသင်းနည်းပြအဖြစ်ဆောင်ရွက်ခဲ့ချိန်မှာလည်း

ကာတာနီယာ(၃-၁၊၂၀၀၉)၊ အတ္တလန်တာ(၃-၁၊ ၂၀၀၉)တို့ကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။

FK Bodø/Glimt အသင်းနဲ့ပွဲအပြီးမှာ မော်ရင်ဟိုက “ပွဲထွက်လူစာရင်းကို

ကျွန်တော်တစ်ဦးတည်းရွေးချယ်တာဖြစ်လို့ ဒီရှုံးပွဲအတွက် ကျွန်တော့်မှာသာ

တာဝန်ရှိပါတယ်။ ကျွန်တော်ကတော့ လေ့ကျင့်ရေးကွင်းမှာကြိုးစားပြခဲ့တဲ့သူတွေ

ကစားခွင့်ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အခုလိုပွဲထုတ်ခဲ့တာဖြစ်ပြီး ဒီလိုအေးမြတဲ့

ရာသီဥတုနဲ့မြက်ခင်းတုကွင်းမှာကစားနိုင်ဖို့ လူစာရင်းကိုအပြောင်းအလဲလုပ်ခဲ့တာပါ။

အရှင်းဆုံးပြောရရင်တော့ ဒီညမှာ ကျွန်တော်တို့ထက်ပိုပြီးတော့ စွမ်းဆောင်ရည်

ကောင်းပြခဲ့တဲ့အသင်းကို ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

Zawgyi

ေမာ္ရင္ဟိုရဲ႕ဂိုးအျပတ္ဆုံးရႈံးနိမ့္ခဲ့တဲ့ပြဲမ်ား

႐ိုးမားအသင္းနည္းျပေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ UEFA Conference League

အုပ္စုပြဲစဥ္အျဖစ္ ေနာ္ေဝကလပ္ FK Bodø/Glimt အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ

(၆-၁)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး ဒါက သူ႔ရဲ႕နည္းျပဘဝပြဲေပါင္း(၁၀၀၈)ပြဲ

ေျမာက္မွာ အႀကီးမားဆုံးဂိုးျပတ္ရႈံးပြဲလည္းျဖစ္ခဲ့ရပါတယ္။ ေနာ္ေဝျပည္တြင္း

လိဂ္ခ်န္ပီယံ FK Bodø/Glimt အသင္းဟာ ပရိသတ္(၇,၀၀၀)ေက်ာ္သာ

ဝင္ဆံ့တဲ့ သူတို႔ရဲ႕ Aspmyra Stadion ကြင္းမွာ နာမည္ေက်ာ္နည္းျပေမာ္ရင္ဟိုရဲ႕

႐ိုးမားအသင္းကို မထင္မွတ္တဲ့ရလဒ္နဲ႔အႏိုင္ယူျပခဲ့တာျဖစ္ၿပီး ပထမပိုင္းမွ

ာ (၂-၁)ဂိုး၊ ဒုတိယပိုင္းမွာ ေနာက္ထပ္(၄)ဂိုးသြင္းၿပီးေတာ့ (၆-၁)ဂိုးရလဒ္နဲ႔

အႏိုင္ယူခဲ့တာပါ။ ေမာ္ရင္ဟိုရဲ႕နည္းျပဘဝမွာ အသင္းငယ္ေတြကို မထင္မွတ္

ဘဲရႈံးခဲ့တာ၊ ကိုယ္နဲ႔ Level တူအသင္းေတြကို ဂိုးျပတ္ရႈံးခဲ့တာမ်ိဳးရွိေပမယ့္

ဒီလိုမ်ိဳး ေအာက္အသင္းတစ္သင္းကို မရႈမလွရႈံးခဲ့တာေတာ့ ဒါပထမဆုံး

အႀကိမ္ပါပဲ။ ေမာ္ရင္ဟိုရဲ႕နည္းျပဘဝတစ္ေလွ်ာက္ ဂိုးအျပတ္ဆုံးရႈံးပြဲလို႔

သတ္မွတ္ရမွာက ရီးယဲလ္အသင္းကို,ကိုင္တြယ္ခဲ့ခ်ိန္က ဘာစီလိုနာအသင္းနဲ႔

ပြဲမွာ (၅-၀)ဂိုးျပတ္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၀၊ ႏိုဝင္ဘာလတုန္းက

ႏူးကမ့္မွာကစားခဲ့တဲ့ El Clasico ပြဲမွာ ဇာဗီ၊ ပတ္ဒ႐ို၊ ဟြမ္ဖရမ္၊ ေဒးဗစ္ဗီလာ

(၂ဂိုး)တို႔ရဲ႕ဂိုးေတြနဲ႔ဂိုးျပတ္အေရးနိမ့္ခဲ့တာျဖစ္ၿပီး ဒီပြဲဟာ သူ႔အတြက္ပထမဆုံး

အႀကိမ္(၅-၀)ဂိုးျပတ္ရႈံးနိမ့္ခဲ့တာျဖစ္တယ္လို႔ ေမာ္ရင္ဟိုကေျပာခဲ့ဖူးပါတယ္။

ဒ့ါအျပင္ ၂၀၁၃၊ ဧၿပီလမွာ ယာဂန္ကေလာ့ပ္ရဲ႕ေဒ့ါမြန္အသင္းကို ခ်န္ပီယံလိဂ္

ဆီမီးဖိုင္နယ္မွာ (၄-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ဒါဟာ ေမာ္ရင္ဟိုရဲ႕ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ

တစ္ေလွ်ာက္ အႀကီးမားဆုံးဂိုးျပတ္ရႈံးပြဲျဖစ္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းကို

ဒုတိယအႀကိမ္ေျမာက္ကိုင္တြယ္ခဲ့ခ်ိန္ ၂၀၁၅ခုႏွစ္၊ ဇန္နဝါရီလတုန္းက FA ဖလား

ပြဲမွာ ဘရန႔္ဖို႔ဒ္အသင္းကို (၄-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ေနာက္ထပ္ဂိုးျပတ္ရႈံးပြဲကေတာ့

အဲဒီႏွစ္၊ ဇန္နဝါရီလမွာပဲ စပါးအသင္းနဲ႔ကစားခဲ့တဲ့လန္ဒန္ဒါဘီပြဲမွာ (၅-၃)ဂိုးနဲ႔

ရႈံးနိမ့္ခဲ့တာပါ။ အင္တာမီလန္အသင္းနည္းျပအျဖစ္ေဆာင္႐ြက္ခဲ့ခ်ိန္မွာလည္း

ကာတာနီယာ(၃-၁၊၂၀၀၉)၊ အတၱလန္တာ(၃-၁၊ ၂၀၀၉)တို႔ကို ရႈံးနိမ့္ခဲ့ဖူးပါတယ္။

FK Bodø/Glimt အသင္းနဲ႔ပြဲအၿပီးမွာ ေမာ္ရင္ဟိုက “ပြဲထြက္လူစာရင္းကို

ကြၽန္ေတာ္တစ္ဦးတည္းေ႐ြးခ်ယ္တာျဖစ္လို႔ ဒီရႈံးပြဲအတြက္ ကြၽန္ေတာ့္မွာသာ

တာဝန္ရွိပါတယ္။ ကြၽန္ေတာ္ကေတာ့ ေလ့က်င့္ေရးကြင္းမွာႀကိဳးစားျပခဲ့တဲ့သူေတြ

ကစားခြင့္ရေအာင္ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ အခုလိုပြဲထုတ္ခဲ့တာျဖစ္ၿပီး ဒီလိုေအးျမတဲ့

ရာသီဥတုနဲ႔ျမက္ခင္းတုကြင္းမွာကစားႏိုင္ဖို႔ လူစာရင္းကိုအေျပာင္းအလဲလုပ္ခဲ့တာပါ။

အရွင္းဆုံးေျပာရရင္ေတာ့ ဒီညမွာ ကြၽန္ေတာ္တို႔ထက္ပိုၿပီးေတာ့ စြမ္းေဆာင္ရည္

ေကာင္းျပခဲ့တဲ့အသင္းကို ရႈံးနိမ့္ခဲ့တာပဲျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။