မော်ရင်ဟိုနဲ့ သူ့တပည့်ရဲ့ ဆက်ဆံရေးကတော့ သဘောကျစရာပါပဲ….လက်ဆောင် ဝယ်ပေးခဲ့တဲ့ ဖိနပ် အဆင်ပြေမပြေကိုတောင် ချက်ချင်းစီးကြည့်ခိုင်းပြီး အဆင်ပြေမပြေ ကြည့်ခဲ့ပါသေးတယ်…

မော်ရင်ဟိုက သူပေးထားခဲ့တဲ့ကတိအတိုင်း အသင်းတိုက်စစ်မှူးဖိလစ်အဖီနာယန်ကို ဒီနေ့မနက်ပိုင်းမှာပဲ ဖိနပ်ဝယ်ပေး လိုက်ပါတယ်။

ဂျီနိုအာနဲ့ပွဲအပြီးအင်တာဗျူးမှာပြောခဲ့တဲ့အတိုင်း သူဟာ ဖိလစ်လိုချင်တဲ့ ဖိနပ်ကို အရင်ဆုံးဝယ်ယူခဲ့ပြီးမှ ရုံးကိုလာရောက်ခဲ့တာဖြစ်ပြီး

သူ့ရုံးခန်းကိုရောက်လာခဲ့ရာမှာ ဖိလစ်ကိုခေါ်ပြီး လက်ဆောင်ပေးခဲ့လိုက်ပါတယ်။

မော်ရင်ဟိုက သူပေးလိုက်တဲ့လက်ဆောင်ကို ချက်ချင်းပဲ သူ့ရှေ့မှာ စီးခိုင်းခဲ့ကာ ဖိလစ်နဲ့ အဆင်ပြေ၊ မပြေကို ကြည့်ခဲ့ပါတယ်။

ဖိလစ်ကလည်း သူလိုချင်တဲ့ ယူရို ၈၀၀ တန်ဖိနပ်ကို ရရှိသွားခဲ့လို့ ကျေနပ်ပျော်ရွှင်နေခဲ့ပြိး မော်ရင်ဟိုကို ပွေ့ဖက်ကာ ကျေးဇူးတင်စကားပြောဆိုခဲ့တာကိုတွေရပါတယ်။

ဒီဖြစ်ရပ်လေးကို ဗီဒီယိုလေးတစ်ခု ရိုက်ကူးခဲ့တာကြောင့် ပရိသတ်တွေ အတော်များများက မြင်တွေ့ခဲ့ကြပြီး

သူတို့ဆရာတပည့်နှစ်ဦးရဲ့ ဆက်ဆံရေးကို သဘောကျနေခဲ့ကြသလို မော်ရင်ဟိုရဲ့ ကစားသမားအပေါ် စိတ်ခွန်အားပေးတဲ့နည်းလမ်းကိုပါ ချီးကျူးနေကြပါတယ်။

အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဂါနာတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းကမှ ရိုးမားယူ ၁၉ အသင်းကိုရောက်လာတာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဂျီနိုအာနဲ့ပွဲမှာ ဂိုးသွင်းဖို့ခက်နေပြီး မိနစ် (၇၀)ကျော်တဲ့အထိ သွင်းဂိုးမရသေးတာကြောင့် မော်ရင်ဟိုဟာ

ရှေ့တန်းတိုက်စစ်နေရာကိုအပြောင်းအလဲလုပ်ခဲ့ပြီး ရှိုမူရိုဒေါ့ဗ် နေရာကို ဖိလစ်အဖီနာယန်နဲ့ လူစားလဲခဲ့ပါတယ်။

ဖိလစ်ဟာ ပွဲချိန်(၇၄)မိနစ်မှ လူစားဝင်လာပြီး (၈)မိနစ်အကြာမှာပဲ ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့သလို

ပွဲပြီးခါနီးနာကျင်အချိန်ပို (၉၀+၄)မိနစ်မှာလည်းနောက်ထပ် သွင်းဂိုးတစ်ဂိုး ထပ်မံ သွင်းယူပေးခဲ့ပါတယ်။

ဖိလစ်ဟာ ဂိုးသွင်းပြီးနောက် မော်ရင်ဟိုဆီပြေးသွားခဲ့ကာ ပွေ့ဖက်အောင်ပွဲခံခဲ့ပြီး သူ့ကိုဖိနပ်ဝယ်ပေးဖို့ ကတိပေးထားတာကို မမေ့ဖို့ သတိပေးခဲ့သလို

အခုလည်း မော်ရင်ဟိုဆီက သူလိုချင်တဲ့ လက်ဆောင်ရရှိခဲ့တာကြောင့် ဖိလစ်အတွက်တော့

သူ့ရဲ့ပရော်ဖက်ရှင်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးတွေကို မေ့နိုင်တော့မယ်မထင်တော့ပါဘူး။

မော်ရင်ဟိုဟာ သူကိုင်တွယ်ခဲ့ရာ အသင်းတိုင်းတွေမှာ သူနဲ့အရင်းနှီးဆုံးကစားသမားတစ်ဦးမဟုတ်တစ်ဦး ရှိနေခဲ့တဲ့အတွက်

ဒီ (၁၈)နှစ်သားလေးဟာ ရိုးမားမှာ မော်ရင်ဟိုရဲ့ အရင်းနှီးဆုံး၊ အားကိုးရတဲ့ ကစားသမားဖြစ်လာတော့မှာလားဆိုတာက စိတ်ဝင်စားဖို့ကောင်းလာပါတယ်။

zawgyi

ေမာ္ရင္ဟိုနဲ႕ သူ႕တပည့္ရဲ႕ ဆက္ဆံေရးကေတာ့ သေဘာက်စရာပါပဲ….လက္ေဆာင္ ဝယ္ေပးခဲ့တဲ့ ဖိနပ္ အဆင္ေျပမေျပကိုေတာင္ ခ်က္ခ်င္းစီးၾကည့္ခိုင္းၿပီး အဆင္ေျပမေျပ ၾကည့္ခဲ့ပါေသးတယ္…

ေမာ္ရင္ဟိုက သူေပးထားခဲ့တဲ့ကတိအတိုင္း အသင္းတိုက္စစ္မႉးဖိလစ္အဖီနာယန္ကို ဒီေန႔မနက္ပိုင္းမွာပဲ ဖိနပ္ဝယ္ေပး လိုက္ပါတယ္။

ဂ်ီႏိုအာနဲ႔ပြဲအၿပီးအင္တာဗ်ဴးမွာေျပာခဲ့တဲ့အတိုင္း သူဟာ ဖိလစ္လိုခ်င္တဲ့ ဖိနပ္ကို အရင္ဆုံးဝယ္ယူခဲ့ၿပီးမွ ႐ုံးကိုလာေရာက္ခဲ့တာျဖစ္ၿပီး သူ႔႐ုံးခန္းကိုေရာက္လာခဲ့ရာမွာ ဖိလစ္ကိုေခၚၿပီး လက္ေဆာင္ေပးခဲ့လိုက္ပါတယ္။

ေမာ္ရင္ဟိုက သူေပးလိုက္တဲ့လက္ေဆာင္ကို ခ်က္ခ်င္းပဲ သူ႔ေရွ႕မွာ စီးခိုင္းခဲ့ကာ ဖိလစ္နဲ႔ အဆင္ေျပ၊ မေျပကို ၾကည့္ခဲ့ပါတယ္။

ဖိလစ္ကလည္း သူလိုခ်င္တဲ့ ယူ႐ို ၈၀၀ တန္ဖိနပ္ကို ရရွိသြားခဲ့လို႔ ေက်နပ္ေပ်ာ္႐ႊင္ေနခဲ့ၿပိး ေမာ္ရင္ဟိုကို ေပြ႕ဖက္ကာ ေက်းဇူးတင္စကားေျပာဆိုခဲ့တာကိုေတြရပါတယ္။

ဒီျဖစ္ရပ္ေလးကို ဗီဒီယိုေလးတစ္ခု ႐ိုက္ကူးခဲ့တာေၾကာင့္ ပရိသတ္ေတြ အေတာ္မ်ားမ်ားက ျမင္ေတြ႕ခဲ့ၾကၿပီး

သူတို႔ဆရာတပည့္ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို သေဘာက်ေနခဲ့ၾကသလို ေမာ္ရင္ဟိုရဲ႕ ကစားသမားအေပၚ စိတ္ခြန္အားေပးတဲ့နည္းလမ္းကိုပါ ခ်ီးက်ဴးေနၾကပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဂါနာတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ဇန္နဝါရီတုန္းကမွ ႐ိုးမားယူ ၁၉ အသင္းကိုေရာက္လာတာျဖစ္ပါတယ္။

႐ိုးမားအသင္းဟာ ဂ်ီႏိုအာနဲ႔ပြဲမွာ ဂိုးသြင္းဖို႔ခက္ေနၿပီး မိနစ္ (၇၀)ေက်ာ္တဲ့အထိ သြင္းဂိုးမရေသးတာေၾကာင့္

ေမာ္ရင္ဟိုဟာ ေရွ႕တန္းတိုက္စစ္ေနရာကိုအေျပာင္းအလဲလုပ္ခဲ့ၿပီး ရႈိမူ႐ိုေဒါ့ဗ္ ေနရာကို ဖိလစ္အဖီနာယန္နဲ႔ လူစားလဲခဲ့ပါတယ္။

ဖိလစ္ဟာ ပြဲခ်ိန္(၇၄)မိနစ္မွ လူစားဝင္လာၿပီး (၈)မိနစ္အၾကာမွာပဲ ဦးေဆာင္ဂိုးကိုသြင္းယူေပးခဲ့သလို ပြဲၿပီးခါနီးနာက်င္အခ်ိန္ပို (၉၀+၄)မိနစ္မွာလည္းေနာက္ထပ္ သြင္းဂိုးတစ္ဂိုး ထပ္မံ သြင္းယူေပးခဲ့ပါတယ္။

ဖိလစ္ဟာ ဂိုးသြင္းၿပီးေနာက္ ေမာ္ရင္ဟိုဆီေျပးသြားခဲ့ကာ ေပြ႕ဖက္ေအာင္ပြဲခံခဲ့ၿပီး သူ႔ကိုဖိနပ္ဝယ္ေပးဖို႔ ကတိေပးထားတာကို မေမ့ဖို႔ သတိေပးခဲ့သလို

အခုလည္း ေမာ္ရင္ဟိုဆီက သူလိုခ်င္တဲ့ လက္ေဆာင္ရရွိခဲ့တာေၾကာင့္ ဖိလစ္အတြက္ေတာ့ သူ႔ရဲ႕ပေရာ္ဖက္ရွင္ကစားသမားဘဝ ပထမဆုံးသြင္းဂိုးေတြကို ေမ့ႏိုင္ေတာ့မယ္မထင္ေတာ့ပါဘူး။

ေမာ္ရင္ဟိုဟာ သူကိုင္တြယ္ခဲ့ရာ အသင္းတိုင္းေတြမွာ သူနဲ႔အရင္းႏွီးဆုံးကစားသမားတစ္ဦးမဟုတ္တစ္ဦး ရွိေနခဲ့တဲ့အတြက္

ဒီ (၁၈)ႏွစ္သားေလးဟာ ႐ိုးမားမွာ ေမာ္ရင္ဟိုရဲ႕ အရင္းႏွီးဆုံး၊ အားကိုးရတဲ့ ကစားသမားျဖစ္လာေတာ့မွာလားဆိုတာက စိတ္ဝင္စားဖို႔ေကာင္းလာပါတယ္။