မော်ရင်ဟိုက ဆုဖလားဘယ်လောက်ရခဲ့လဲဆိုတာ နည်းပြဘဝကအနားယူပြီးမှပဲ ပြန်ရေတွက်ကြည့်တော့မယ်လို့ဆို

ရိုးမားအသင်းနာမည်ကျော်နည်းပြမော်ရင်ဟိုက နည်းပြဘဝတစ်လျှောက်ဆုဖလားဘယ်လောက်အထိရယူနိုင်ခဲ့လဲဆိုတာ နည်းပြဘဝကနေအနားပြီးမှပဲ ပြန်ရေအတွက်ကြည့်တော့မယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

မော်ရင်ဟိုဟာ နည်းပြဘဝတစ်လျှောက် ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်၊ မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့အတူ ဆုဖလားအောင်မြင်မှုတွေရယူခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အောင်မြင်မှုနဲ့အလှမ်းဝေးနေပြီး မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဘဝမှာ ၂၀၁၆-၁၇ ရာသီတုန်းက လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေရယူခဲ့ပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုမရတော့တာက (၄)နှစ်နီးပါးရှိနေပါပြီ။

ပြီးခဲ့တဲ့ဧပြီလတုန်းက စပါးအသင်းနည်းပြရာထူးကနေအထုတ်ခံခဲ့ရပြီးတဲ့နောက် ရိုးမားအသင်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရသူမော်ရင်ဟိုက အခုအချိန်မှာ သူ ဆုဖလားဘယ်လောက်အထိရယူနိုင်ခဲ့လဲဆိုတာ မစဉ်းစားသေးဘဲ အသင်းရဲ့လာမယ့်ပွဲအတွက်သာအာရုံစိုက်ထားတယ်လို့ဆိုခဲ့ပါတယ်။

မော်ရင်ဟိုက “နည်းပြဘဝက အနားယူတဲ့အချိန်ကျရင်တော့ ကျွန်တော် ဆုဖလားတွေဘယ်လောက်အထိရယူနိုင်ခဲ့လဲဆိုတာ အေးအေးဆေးဆေးပြန်သုံးသပ်လို့ရပါတယ်။ အခုအချိန်မှာတော့ လာမယ့်ပွဲတွေအတွက်သာ အဓိကအာရုံစိုက်ထားတာဖြစ်ပါတယ်။ ကျွန်တော်ဟာ လွန်ခဲ့တဲ့(၁၀)နှစ်၊ နှစ်(၂၀)လောက်ကထက် အခုအချိန်မှာ နည်းပြတစ်ယောက်ပိုပီသလာတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယူဆမိပါတယ်”ဆိုပြီးပြောကြားခဲ့ပါတယ်။

ဆာဆူအိုလိုနဲ့ကစားခဲ့တဲ့စီးရီးအေပွဲတုန်းက နည်းပြဘဝတစ်လျှောက်ပွဲ(၁၀၀၀)ပြည့်ခဲ့သူ မော်ရင်ဟိုဟာ စီးရီးအေရပ်ဝန်းမှာ အင်တာမီလန်အသင်းနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး အခု ရိုးမားအသင်းအတွက်လည်း ဆုဖလားအောင်မြင်မှုတွေရယူပေးဖို့ ဆန္ဒပြင်းပြနေတာပါ။

ရိုးမားအသင်းဟာ ၂၀၀၁ ခုနှစ်က စီးရီးအေချန်ပီယံဆုကို နောက်ဆုံးဆွတ်ခူးခဲ့သလို ၂၀၀၈ ခုနှစ်မှာ ကိုပါအီတာလီယာဖလားရရှိခဲ့ပြီးနောက်ပိုင်း အဓိကဆုဖလားတွေနဲ့ဝေးကွာနေတာ (၁၃)နှစ်အထိကြာမြင့်နေပါပြီ။ အဲဒါကြောင့် မော်ရင်ဟိုက “ရိုးမားအသင်းအတွက် ဆုဖလားတွေရယူပေးလိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ရိုးမားအသင်းဆိုတာက ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့အသင်းဖြစ်သလို ပရိသတ်တွေကိုလည်း စိတ်အားထက်သန်မှုဖြစ်အောင် လှုံ့ဆော်နိုင်လို့ပါပဲ။ ပရိသတ်တွေကလည်း ဆုဖလားအောင်မြင်မှုထက် အသင်းကို ချစ်တဲ့စိတ်က ပိုအားကောင်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆုဖလားတွေနဲ့ဝေးကွာနေတာက အသင်းရဲ့လိုအပ်ချက်တစ်ခုဖြစ်နေပြီး အဲဒီကွက်လပ်ကို ကျွန်တော်ဖြည့်ဆည်းပေးချင်ပါတယ်။

ကျွန်တော်ကိုင်တွယ်နေတဲ့ကာလအတွင်း ဖလားရခဲ့ရင်တော့ အကောင်းဆုံးလို့သတ်မှတ်ရမှာဖြစ်ပေမယ့် နောက်နည်းပြလက်ထက်မှ ဖလားရခဲ့မယ်ဆိုရင်လည်း ကျွန်တော်တည်ဆောက်ခဲ့တဲ့စီမံကိန်းကနေ အောင်မြင်မှုအသီးအပွင့်တွေခံစားရတယ်လို့ ခံယူသွားမှာပဲဖြစ်ပါတယ်”ဆိုပြီးပြောကြားခဲ့ပါတယ်။

zawgyi

ေမာ္ရင္ဟိုက ဆုဖလားဘယ္ေလာက္ရခဲ့လဲဆိုတာ နည္းျပဘဝကအနားယူၿပီးမွပဲ ျပန္ေရတြက္ၾကည့္ေတာ့မယ္လို႔ဆို

႐ိုးမားအသင္းနာမည္ေက်ာ္နည္းျပေမာ္ရင္ဟိုက နည္းျပဘဝတစ္ေလွ်ာက္ဆုဖလားဘယ္ေလာက္အထိရယူႏိုင္ခဲ့လဲဆိုတာ နည္းျပဘဝကေနအနားၿပီးမွပဲ ျပန္ေရအတြက္ၾကည့္ေတာ့မယ္လို႔ ဖြင့္ဟေျပာဆိုလိုက္ပါတယ္။ ေမာ္ရင္ဟိုဟာ နည္းျပဘဝတစ္ေလွ်ာက္ ေပၚတို၊ ခ်ယ္လ္ဆီး၊ အင္တာမီလန္၊ ရီးယဲလ္၊ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြနဲ႔အတူ ဆုဖလားေအာင္ျမင္မႈေတြရယူခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ ေအာင္ျမင္မႈနဲ႔အလွမ္းေဝးေနၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဘဝမွာ ၂၀၁၆-၁၇ ရာသီတုန္းက လိဂ္ဖလား၊ ယူ႐ိုပါလိဂ္ဖလားေတြရယူခဲ့ၿပီးေနာက္ပိုင္း ဆုဖလားေအာင္ျမင္မႈမရေတာ့တာက (၄)ႏွစ္နီးပါးရွိေနပါၿပီ။

ၿပီးခဲ့တဲ့ဧၿပီလတုန္းက စပါးအသင္းနည္းျပရာထူးကေနအထုတ္ခံခဲ့ရၿပီးတဲ့ေနာက္ ႐ိုးမားအသင္းနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရသူေမာ္ရင္ဟိုက အခုအခ်ိန္မွာ သူ ဆုဖလားဘယ္ေလာက္အထိရယူႏိုင္ခဲ့လဲဆိုတာ မစဥ္းစားေသးဘဲ အသင္းရဲ႕လာမယ့္ပြဲအတြက္သာအာ႐ုံစိုက္ထားတယ္လို႔ဆိုခဲ့ပါတယ္။ ေမာ္ရင္ဟိုက “နည္းျပဘဝက အနားယူတဲ့အခ်ိန္က်ရင္ေတာ့ ကြၽန္ေတာ္ ဆုဖလားေတြဘယ္ေလာက္အထိရယူႏိုင္ခဲ့လဲဆိုတာ ေအးေအးေဆးေဆးျပန္သုံးသပ္လို႔ရပါတယ္။ အခုအခ်ိန္မွာေတာ့ လာမယ့္ပြဲေတြအတြက္သာ အဓိကအာ႐ုံစိုက္ထားတာျဖစ္ပါတယ္။ ကြၽန္ေတာ္ဟာ လြန္ခဲ့တဲ့(၁၀)ႏွစ္၊ ႏွစ္(၂၀)ေလာက္ကထက္ အခုအခ်ိန္မွာ နည္းျပတစ္ေယာက္ပိုပီသလာတယ္လို႔ ကိုယ့္ကိုယ္ကိုယ္ယူဆမိပါတယ္”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။

ဆာဆူအိုလိုနဲ႔ကစားခဲ့တဲ့စီးရီးေအပြဲတုန္းက နည္းျပဘဝတစ္ေလွ်ာက္ပြဲ(၁၀၀၀)ျပည့္ခဲ့သူ ေမာ္ရင္ဟိုဟာ စီးရီးေအရပ္ဝန္းမွာ အင္တာမီလန္အသင္းနဲ႔အတူ ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ၿပီး အခု ႐ိုးမားအသင္းအတြက္လည္း ဆုဖလားေအာင္ျမင္မႈေတြရယူေပးဖို႔ ဆႏၵျပင္းျပေနတာပါ။ ႐ိုးမားအသင္းဟာ ၂၀၀၁ ခုႏွစ္က စီးရီးေအခ်န္ပီယံဆုကို ေနာက္ဆုံးဆြတ္ခူးခဲ့သလို ၂၀၀၈ ခုႏွစ္မွာ ကိုပါအီတာလီယာဖလားရရွိခဲ့ၿပီးေနာက္ပိုင္း အဓိကဆုဖလားေတြနဲ႔ေဝးကြာေနတာ (၁၃)ႏွစ္အထိၾကာျမင့္ေနပါၿပီ။ အဲဒါေၾကာင့္ ေမာ္ရင္ဟိုက “႐ိုးမားအသင္းအတြက္ ဆုဖလားေတြရယူေပးလိုပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ ႐ိုးမားအသင္းဆိုတာက ဆုဖလားေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တဲ့အသင္းျဖစ္သလို ပရိသတ္ေတြကိုလည္း စိတ္အားထက္သန္မႈျဖစ္ေအာင္ လႈံ႕ေဆာ္ႏိုင္လို႔ပါပဲ။ ပရိသတ္ေတြကလည္း ဆုဖလားေအာင္ျမင္မႈထက္ အသင္းကို ခ်စ္တဲ့စိတ္က ပိုအားေကာင္းေနတာျဖစ္ပါတယ္။ ဒါေပမဲ့ ဆုဖလားေတြနဲ႔ေဝးကြာေနတာက အသင္းရဲ႕လိုအပ္ခ်က္တစ္ခုျဖစ္ေနၿပီး အဲဒီကြက္လပ္ကို ကြၽန္ေတာ္ျဖည့္ဆည္းေပးခ်င္ပါတယ္။ ကြၽန္ေတာ္ကိုင္တြယ္ေနတဲ့ကာလအတြင္း ဖလားရခဲ့ရင္ေတာ့ အေကာင္းဆုံးလို႔သတ္မွတ္ရမွာျဖစ္ေပမယ့္ ေနာက္နည္းျပလက္ထက္မွ ဖလားရခဲ့မယ္ဆိုရင္လည္း ကြၽန္ေတာ္တည္ေဆာက္ခဲ့တဲ့စီမံကိန္းကေန ေအာင္ျမင္မႈအသီးအပြင့္ေတြခံစားရတယ္လို႔ ခံယူသြားမွာပဲျဖစ္ပါတယ္”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။