
ချဲလ်ဆီးအသင်းဂန္ထဝင်နောက်ခံလူဖြစ်တဲ့ ဂျွန်တယ်ရီက သူ့ရဲ့အရင်နည်းပြဟောင်းတစ်ဦးဖြစ်တဲ့
မော်ရင်ဟို ကိုချီးကျူးဂုဏ် ပြုလိုက်ပါတယ်။ အင်စတာဂရမ်ကနေတစ်ဆင့်
ပရိသတ်တွေနဲ့ပြုလုပ်ခဲ့တဲ့အမေးအဖြေမှာ တယ်ရီ ကဂုဏ်ပြုခဲ့တာဖြစ်ပြီး
သူနဲ့လက်တွဲခဲ့တဲ့ နည်းပြတွေထဲမှာ မော်ရင်ဟို ကအကောင်းဆုံးဖြစ်သလို
အဲဒီပေါ်တူဂီသားကိုအခုချိန်အထိကြောက်နေ ရတုန်းဘဲလို့ လည်းဆိုခဲ့ပါတယ်။
သူ့အတွက်ဒုတိယအကောင်းဆုံးအဖြစ် အီတလီသား အန်စလော့တီကို တယ်ရီက
ရွေးချယ်ပါတယ်။ တယ်ရီက” ဟိုဆေးမော်ရင်ဟိုပါ။ သူဟာကျွန်တော်လက်တွဲခဲ့တဲ့
နည်းပြတွေထဲမှာ အကောင်းဆုံးပါဘဲ။ သူ့ကို အခုချိန်အထိ ကြောက်နေတုန်းပါ။
အန်စလော့တီ ကိုလည်းကျွန်တော်နှစ်သက်ပါတယ်။ သူဟာမော်ရင်ဟိုလောက်
မထက် မြတ်ပေမယ့် အရာရာကိုသွေးအေးစွာနဲ့ ကိုင်တွယ်နိုင်စွမ်းရှိပါတယ်” လို့
ပြောသွားတာပါ။ ချဲလ်ဆီးကိုရောက်ပြီးနောက် သူ့ကိုယ်သူ စပါရှယ်ဝမ်းလို့
အမည်တပ်ခဲ့တဲ့ မော်ရင်ဟိုဟာ အငြင်းပွားဖွယ်ရာအဖြစ်ဆုံး နည်း ပြတစ်ဦးအဖြစ်
သတ်မှတ်ခံထားရသူဖြစ်ပြီး ချဲလ်ဆီးကို ၂ ကြိမ် ကိုင်တွယ်ခဲ့တဲ့အပြင်
အင်တာမီလန်၊ မန်ယူနဲ့ စပါးတို့ကို လည်း တာဝန်ယူခဲ့ပြီး လက်ရှိမှာတော့
ရိုးမား နည်းပြဖြစ်နေပါတယ်။ တယ်ရီဟာ အရင်ကတည်းက မော်ရင်ဟိုနဲ့ပတ်သက်လာရင်
အမြဲတမ်း လေးစားတဲ့သူဖြစ်ပြီး ၂၀၁၇ တုန်းကလည်း ဂုဏ်ပြုစကားဆိုခဲ့ဘူးပါတယ်။
အဲဒီတုန်းက တယ်ရီက” သူ့ ရဲ့စံနှုန်းတွေက အရမ်းကိုမြင့်မားပြီး အားလုံးဆီကနေ
လိုချင်တာကိုရအောင်တောင်းဆိုတတ်ပါတယ်။ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊
အသင်းကလူတွေ၊ ဆေးအဖွဲနဲ့ လူတိုင်းဆီကနေ သူလိုချင်တာကိုရအောင်ယူတတ်သူပါ။
သူ့ရဲ့စိတ်အားထက် သန်မှုနဲ့ အသေးစိတ်ကအစအာရုံစိုက်မှုကတော့ တကယ့်ကိုမယုံနိုင်စရာပါဘဲ” လို့
ပြောခဲ့တာပါ။ တယ်ရီဟာ မော်ရင်ဟိုချဲလ်ဆီးကိုကိုင်တွယ်ခဲ့တဲ့နှစ်ကြိမ်စလုံးမှာ
အသင်းရဲ့အမာခံဗဟိုနောက်ခံလူဖြစ်ခဲ့ပြီး မော်ရင်ဟို ကြောင့် ခြေစွမ်းပိုမိုကောင်းမွန်ခဲ့တာလို့လည်း ဆိုကြပါတယ်။
Zawgyi
ေမာ္ရင္ဟိုကို အခုတိုင္ေၾကာက္ေနဆဲ တယ္ရီ
ခ်ဲလ္ဆီးအသင္းဂႏၴဝင္ေနာက္ခံလူျဖစ္တဲ့ ဂြၽန္တယ္ရီက သူ႔ရဲ႕အရင္နည္းျပေဟာင္းတစ္ဦးျဖစ္တဲ့
ေမာ္ရင္ဟို ကိုခ်ီးက်ဴးဂုဏ္ ျပဳလိုက္ပါတယ္။ အင္စတာဂရမ္ကေနတစ္ဆင့္
ပရိသတ္ေတြနဲ႔ျပဳလုပ္ခဲ့တဲ့အေမးအေျဖမွာ တယ္ရီ ကဂုဏ္ျပဳခဲ့တာျဖစ္ၿပီး
သူနဲ႔လက္တြဲခဲ့တဲ့ နည္းျပေတြထဲမွာ ေမာ္ရင္ဟို ကအေကာင္းဆုံးျဖစ္သလို
အဲဒီေပၚတူဂီသားကိုအခုခ်ိန္အထိေၾကာက္ေန ရတုန္းဘဲလို႔ လည္းဆိုခဲ့ပါတယ္။
သူ႔အတြက္ဒုတိယအေကာင္းဆုံးအျဖစ္ အီတလီသား အန္စေလာ့တီကို တယ္ရီက
ေ႐ြးခ်ယ္ပါတယ္။ တယ္ရီက” ဟိုေဆးေမာ္ရင္ဟိုပါ။ သူဟာကြၽန္ေတာ္လက္တြဲခဲ့တဲ့
နည္းျပေတြထဲမွာ အေကာင္းဆုံးပါဘဲ။ သူ႔ကို အခုခ်ိန္အထိ ေၾကာက္ေနတုန္းပါ။
အန္စေလာ့တီ ကိုလည္းကြၽန္ေတာ္ႏွစ္သက္ပါတယ္။ သူဟာေမာ္ရင္ဟိုေလာက္
မထက္ ျမတ္ေပမယ့္ အရာရာကိုေသြးေအးစြာနဲ႔ ကိုင္တြယ္ႏိုင္စြမ္းရွိပါတယ္” လို႔
ေျပာသြားတာပါ။ ခ်ဲလ္ဆီးကိုေရာက္ၿပီးေနာက္ သူ႔ကိုယ္သူ စပါရွယ္ဝမ္းလို႔
အမည္တပ္ခဲ့တဲ့ ေမာ္ရင္ဟိုဟာ အျငင္းပြားဖြယ္ရာအျဖစ္ဆုံး နည္း ျပတစ္ဦးအျဖစ္
သတ္မွတ္ခံထားရသူျဖစ္ၿပီး ခ်ဲလ္ဆီးကို ၂ ႀကိမ္ ကိုင္တြယ္ခဲ့တဲ့အျပင္
အင္တာမီလန္၊ မန္ယူနဲ႔ စပါးတို႔ကို လည္း တာဝန္ယူခဲ့ၿပီး လက္ရွိမွာေတာ့
႐ိုးမား နည္းျပျဖစ္ေနပါတယ္။ တယ္ရီဟာ အရင္ကတည္းက ေမာ္ရင္ဟိုနဲ႔ပတ္သက္လာရင္
အၿမဲတမ္း ေလးစားတဲ့သူျဖစ္ၿပီး ၂၀၁၇ တုန္းကလည္း ဂုဏ္ျပဳစကားဆိုခဲ့ဘူးပါတယ္။
အဲဒီတုန္းက တယ္ရီက” သူ႔ ရဲ႕စံႏႈန္းေတြက အရမ္းကိုျမင့္မားၿပီး အားလုံးဆီကေန
လိုခ်င္တာကိုရေအာင္ေတာင္းဆိုတတ္ပါတယ္။ ကစားသမားေတြ၊ ဝန္ထမ္းေတြ၊
အသင္းကလူေတြ၊ ေဆးအဖြဲနဲ႔ လူတိုင္းဆီကေန သူလိုခ်င္တာကိုရေအာင္ယူတတ္သူပါ။
သူ႔ရဲ႕စိတ္အားထက္ သန္မႈနဲ႔ အေသးစိတ္ကအစအာ႐ုံစိုက္မႈကေတာ့ တကယ့္ကိုမယုံႏိုင္စရာပါဘဲ” လို႔
ေျပာခဲ့တာပါ။ တယ္ရီဟာ ေမာ္ရင္ဟိုခ်ဲလ္ဆီးကိုကိုင္တြယ္ခဲ့တဲ့ႏွစ္ႀကိမ္စလုံးမွာ
အသင္းရဲ႕အမာခံဗဟိုေနာက္ခံလူျဖစ္ခဲ့ၿပီး ေမာ္ရင္ဟို ေၾကာင့္ ေျခစြမ္းပိုမိုေကာင္းမြန္ခဲ့တာလို႔လည္း ဆိုၾကပါတယ္။