မော်ရင်ဟိုကအနီကတ်ထိ ဘယ်လော့တီကပင်နယ်တီလွဲခဲ့ပေမဲ့ နာကျင်အချိန်ပိုမှာ မာတစ်ရဲ့သေလုမျောပါးသွင်းဂိုးနဲ့ သရေတစ်မှတ်ပြန်ရခဲ့တဲ့ ရိုးမား

ရိုးမားနဲ့ တိုရီနိုတို့တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်ကတော့ ရိုလာကိုစတာစီးရသလို ရင်ခုန်နှုန်းမြန်ခဲ့ရပါတယ်။

နှစ်သင်းစလုံးရဲ့ဂိုးပေါက်ကန်သွင်းချက်ပေါင်းက ၂၃ကြိမ်ရှိခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု ၇ကြိမ် အထိရှိခဲ့ပေမဲ့ သွင်းဂိုး ၂ဂိုးသာမြင်တွေ့ခဲ့ရပါတယ်။

ဒိုင်ဘာလာဝင်လာလို့ ရိုးမားချေပဂိုးယူပြန်နိုင်မယ့်အလားအလာကောင်းတွေရှိခဲ့ပေမဲ့

၈၉ မိနစ်မှာ ရိုးမားပဲ့ကိုင်ရှင်ကြီးမော်ရင်ဟိုဟာ အနီကတ်နဲ့ညားခဲ့ပါတယ်။

စပါယ်ရှယ်ဝမ်းကြီး အနီကတ်ထိပြီး တစ်မိနစ်အကြာမှာ ရိုးမားကပင်နယ်တီအခွင့်အရေးရခဲ့ပြီး

အားလုံးကချေပဂိုးဖြစ်ဖို့မျှော်လင့်ခဲ့ကြပါတယ်။

ဘယ်လော့တီက အသင်းဟောင်းဘက်ကိုဂိုးပြန်သွင်းဖို့တာဝန်ယူခဲ့ပေမဲ့ အီတလီသားရဲ့ကန်ချက်ကြီးကလွဲချော်ခဲ့ပါတယ်။

ပွဲချိန် ၉၄ မိနစ်အရောက်မှာတော့ ဒိုင်ဘာလာရဲ့ကန်ချက်ကဂိုးဝင်သွားပြီလို့ ယူဆခဲ့ရတဲ့အထိကောင်းခဲ့ပေမဲ့

တိုင်မှန်ပြီး ၁၈ ကိုက်စည်းအပြင်ဘက်ကိုစင်ထွက်သွားခဲ့ပါတယ်။

ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ယူဆလိုက်ချိန်မှာတော့ မာတစ်က မထင်မှတ်တဲ့အဝေးကန်ချက်ကြီးနဲ့အဆုံးသတ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ရိုလာကိုစတာစီးရသလို ရန်ခုန်နှုန်းမြန်ခဲ့တဲ့သရေပွဲအပြီးမှာ အနီကတ်ထိခဲ့တဲ့ မော်ရင်ဟိုက

“သွေးပူတဲ့အချိန်မှာ ဒိုင်ကိုပြောခဲ့တဲ့စကားတွေကြောင့် အနီကတ်နဲ့ထိုက်တန်ပါတယ်။

ပွဲပြီးတော့ သူ့ကိုပြန်တောင်းပန်ခဲ့ပေမဲ့ ဒီနေ့သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်လို့တော့မပြောခဲ့ပါဘူး။

ဒါကိုမှတ်ချက်ပေးဖို့ချန်ထားခဲ့ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဒိုင်ဘာလာလူစားဝင်လာချိန်မှာ အပြောင်းအလဲများစွာလုပ်နိုင်ခဲ့ပေမဲ့ ရိုးမားကစားသမားအများစုဟာ

ထိပ်သီးအသင်းကစားသမားတွေနဲ့ယှဉ်ရင်တန်းနိမ့်သူတွေအများကြီးရှိနေတယ်လို့

မော်ရင်ဟိုက သူ့အသင်းကိုပြန်ဝေဖန်သွားပါတယ်။

zawgyi

ေမာ္ရင္ဟိုကအနီကတ္ထိ ဘယ္ေလာ့တီကပင္နယ္တီလြဲခဲ့ေပမဲ့ နာက်င္အခ်ိန္ပိုမွာ မာတစ္ရဲ႕ေသလုေမ်ာပါးသြင္းဂိုးနဲ႔ သေရတစ္မွတ္ျပန္ရခဲ့တဲ့ ႐ိုးမား

႐ိုးမားနဲ႔ တိုရီႏိုတို႔တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲစဥ္ကေတာ့ ႐ိုလာကိုစတာစီးရသလို ရင္ခုန္ႏႈန္းျမန္ခဲ့ရပါတယ္။

ႏွစ္သင္းစလုံးရဲ႕ဂိုးေပါက္ကန္သြင္းခ်က္ေပါင္းက ၂၃ႀကိမ္ရွိခဲ့ၿပီး ဂိုးေပါက္တည့္မတ္မႈ ၇ႀကိမ္ အထိရွိခဲ့ေပမဲ့ သြင္းဂိုး ၂ဂိုးသာျမင္ေတြ႕ခဲ့ရပါတယ္။

ဒိုင္ဘာလာဝင္လာလို႔ ႐ိုးမားေခ်ပဂိုးယူျပန္ႏိုင္မယ့္အလားအလာေကာင္းေတြရွိခဲ့ေပမဲ့

၈၉ မိနစ္မွာ ႐ိုးမားပဲ့ကိုင္ရွင္ႀကီးေမာ္ရင္ဟိုဟာ အနီကတ္နဲ႔ညားခဲ့ပါတယ္။

စပါယ္ရွယ္ဝမ္းႀကီး အနီကတ္ထိၿပီး တစ္မိနစ္အၾကာမွာ ႐ိုးမားကပင္နယ္တီအခြင့္အေရးရခဲ့ၿပီး

အားလုံးကေခ်ပဂိုးျဖစ္ဖို႔ေမွ်ာ္လင့္ခဲ့ၾကပါတယ္။

ဘယ္ေလာ့တီက အသင္းေဟာင္းဘက္ကိုဂိုးျပန္သြင္းဖို႔တာဝန္ယူခဲ့ေပမဲ့ အီတလီသားရဲ႕ကန္ခ်က္ႀကီးကလြဲေခ်ာ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၉၄ မိနစ္အေရာက္မွာေတာ့ ဒိုင္ဘာလာရဲ႕ကန္ခ်က္ကဂိုးဝင္သြားၿပီလို႔ ယူဆခဲ့ရတဲ့အထိေကာင္းခဲ့ေပမဲ့

တိုင္မွန္ၿပီး ၁၈ ကိုက္စည္းအျပင္ဘက္ကိုစင္ထြက္သြားခဲ့ပါတယ္။

ဘယ္လိုမွမျဖစ္ႏိုင္ေတာ့ဘူးလို႔ယူဆလိုက္ခ်ိန္မွာေတာ့ မာတစ္က မထင္မွတ္တဲ့အေဝးကန္ခ်က္ႀကီးနဲ႔အဆုံးသတ္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

႐ိုလာကိုစတာစီးရသလို ရန္ခုန္ႏႈန္းျမန္ခဲ့တဲ့သေရပြဲအၿပီးမွာ အနီကတ္ထိခဲ့တဲ့ ေမာ္ရင္ဟိုက

“ေသြးပူတဲ့အခ်ိန္မွာ ဒိုင္ကိုေျပာခဲ့တဲ့စကားေတြေၾကာင့္ အနီကတ္နဲ႔ထိုက္တန္ပါတယ္။

ပြဲၿပီးေတာ့ သူ႔ကိုျပန္ေတာင္းပန္ခဲ့ေပမဲ့ ဒီေန႔သူ႔ရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သတ္လို႔ေတာ့မေျပာခဲ့ပါဘူး။

ဒါကိုမွတ္ခ်က္ေပးဖို႔ခ်န္ထားခဲ့ပါတယ္” လို႔ ဆိုခဲ့ပါတယ္။

ဒိုင္ဘာလာလူစားဝင္လာခ်ိန္မွာ အေျပာင္းအလဲမ်ားစြာလုပ္ႏိုင္ခဲ့ေပမဲ့ ႐ိုးမားကစားသမားအမ်ားစုဟာ

ထိပ္သီးအသင္းကစားသမားေတြနဲ႔ယွဥ္ရင္တန္းနိမ့္သူေတြအမ်ားႀကီးရွိေနတယ္လို႔

ေမာ္ရင္ဟိုက သူ႔အသင္းကိုျပန္ေဝဖန္သြားပါတယ္။