မော်ရင်ညိုရဲ့ခေတ် ကုန်သွားပြီလားဆိုသူတွေအတွက်ပါ

ဒီဘက်ခေတ်နောက်ပိုင်း မော်ရင်ညိုရဲ့အရွေ့တွေ
နည်းနည်းချင်းစီ နိမ့်သွားတာအမှန်ပါ။
အသင်းကြီးအဆင့်ကနေ အလယ်အလတ်အဆင့်ရဲ့
ထိပ်ပိုင်းနား အသင်းတွေဆီ ရောက်သွားတယ်။
ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်၊ ယူနိုက်တက်တို့ကနေ
အခုတော့ စပါးတို့ ရိုးမားတို့ဖြစ်သွားပြီး
ဒီကြားထဲ ခေတ်ပြိုင်နည်းပြတွေထဲ ဂွါဒီယိုလာ၊
ကလော့ပ်၊ ကွန်တီနဲ့ တူချယ်တို့လို နည်းပြတွေပါဝင်လာတော့
မော်ရင်ညိုရဲ့ခေတ် ကုန်သွားပြီလားဆိုတဲ့အသံတွေ
ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။
အခုနောက်ပိုင်း မော်ရင်ညို ကျလာတာတော့ မှန်ပါတယ်။
ဒါပေမဲ့ သူ့ရဲအစွမ်းတွေကတော့ အသိအမှတ်ပြုနေရဆဲဖြစ်ပြီး
အထူးသဖြင့် အသင်းသားတွေကို အရောင်တင်ပေးရာမှာ
အခုချိန်အထိ ဆရာတစ်ဆူဖြစ်နေဆဲဖြစ်ပြီး
အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်က မော်ရင်ညိုရဲ့
အရည်အသွေးကောင်းကို ထင်ဟပ်ပြသနေတဲ့
နောက်ဆုံးပေါ် သက်သေဖြစ်နေပါတယ်။
ယူနိုက်တက်နဲ့ စပါးအသင်းတွေမှာ ရာထူးကနေ
ထုတ်ပယ်ခံခဲ့ရတာမှန်ပေမယ့် မော်ရင်ညိုအနေနဲ့
သူ့ရဲ့အရည်အသွေးကိုတော့ ထုတ်ပြနိုင်ခဲ့ပြီး
တကယ်လို့များ ယူနိုက်တက်သာ မော်ရင်ညိုရဲ့
နေရာမှာ အစားဝင်ခဲ့တဲ့ ဆိုးလ်ရှားလိုမျိုး
လုံလောက်တဲ့ အသုံးစရိတ်သာ မော်ရင်ညိုကို
ပေးခဲ့ရင် အခြေအနေက တစ်မျိုးတစ်ဖုံတောင်ဖြစ်လာနိုင်ပါတယ်။
ဒါတောင် ယူနိုက်တက်နောက်ဆုံးဆုဖလား ရယူခဲ့တာ
သူ့လက်ထက်မှာဖြစ်ပြီး မော်ရင်ညိုလက်ထက်မှာ
ထင်ပေါ်လာသူက ကွင်းလယ်လူ မက်တိုမီနေးဖြစ်ပါတယ်။
စပါးမှာလည်း အဲဒီအတိုင်းပါပဲ။
ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်းတို့ ပိုမိုထင်ပေါ်လာအောင်
မော်ရင်ညိုက အရောင်တင်ပေးခဲ့တာဖြစ်ပြီး
ဟယ်ရီကိန်းဆိုရင် မော်ရင်ညိုလက်ထက် ၆၂ပွဲ
ကစားခဲ့ရာမှာ ၄၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု
၁၇ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာကို ကြည့်ရင်
ကစားသမားတစ်ယောက်ဆီက အကောင်းဆုံးခြေစွမ်းကို
မော်ရင်ညို ဘယ်လောက်ထုတ်ယူနိုင်စွမ်းရှိတယ်ဆိုတာ သိနိုင်ပါတယ်။
အခုလည်း အေဘရာဟမ်က အကောင်းဆုံးသက်သေပါ။
ချဲလ်ဆီးမှာ နေရာမရဖြစ်နေတဲ့ လူငယ်ကစားသမားကို
နိုင်ငံရပ်ခြားဆီ ခေါ်ယူပြီး အရောင်တင်ပေးနေတာ
အခုဆိုရင် အေဘရာဟမ်က ရိုးမားဂန္ထဝင်ကြီးတွေရဲ့
စံချိန်ကိုပါ ချိုးဖျက်နိုင်တဲ့အထိ ရောမမှာ မင်းသားဖြစ်နေပါပြီ။
ပြောရရင်တော့ အရင်အကြောင်းတွေပါရောက်သွားပါလိမ့်မယ်။
ပေါ်တိုမှာ ဘယ်သူမှ သိပ်မသိသေးတဲ့ ကစားသမားတွေကို
အရောင်တင်ပေးခဲ့တာ။ ဒေကို၊ ကာဗယ်လ်ဟိုတို့လိုကစားသမားမျိုးတွေပေါ့။
အင်တာမှာဆိုရင်လည်း ဒီယေဂိုမီလီတိုကို သာမန်အဆင့်ကနေ
ကမ္ဘာ့အဆင့်တိုက်စစ်မှူးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တယ်။
တိုက်စစ်မှူး အီတူးကိုလည်း ကမ္ဘာ့အဆင့်
တောင်ပံကစားသမားအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
နောက်တစ်ခုရှိပါသေးတယ်။
မော်ရင်ညိုလို့ ဆိုလိုက်တာနဲ့ ခံစစ်ပိတ်ကစားတဲ့နည်းပြလို့
အတွေးထဲ ရောက်တဲ့အထိ မော်ရင်ညိုက ခံစစ်ပိတ်ကစားခဲ့ဖူးတာ
မှန်ပေမယ့် အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။
ဒီရာသီ ရိုးမားအသင်းရဲ့ပွဲအများစုကို ကြည့်ဖြစ်ပါတယ်။
အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ ရိုးမားရဲ့တိုက်စစ်ကစားဟန်ဖြစ်ပြီး
သူတို့ရဲ့နည်းပြက မော်ရင်ညိုမှဟုတ်ရဲ့လားလို့
သံသယဝင်လောက်တဲ့အထိ တိုက်စစ်အားပြုကစားနေတာဖြစ်ပါတယ်။
ဒီရာသီမှာ အသင်းခေါင်းဆောင် ပယ်လီဂရီနီနဲ့
တောင်ပံကစားသမား ဇာနီအိုလိုတို့ ပိုမိုခြေစွမ်းပြလာပြီး
ဇာနီအိုလိုဆိုရင် တစ်ခါတလေ တိုက်စစ်မှာ
အေဘရာဟမ်နဲ့အတူ တွဲကစားတတ်ပါသေးတယ်။
မော်ရင်ညိုနဲ့ပတ်သက်လို့ သူ့အမြင် ကိုယ့်အမြင်ဆိုတာ
ရှိနိုင်ပေမယ့် မော်ရင်ညိုရဲ့ခေတ် ကုန်သွားပြီလို့

ပြောရလောက်တဲ့အထိတော့ မော်ရင်ညို မကျသေးပါဘူးလို့ပဲ ဆိုချင်ပါတယ်။

Zawgyi

ေမာ္ရင္ညိဳရဲ႕ေခတ္ ကုန္သြားၿပီလားဆုိသူေတြအတြက္ပါ
ဒီဘက္ေခတ္ေနာက္ပိုင္း ေမာ္ရင္ညိဳရဲ႕အေရြ႕ေတြ
နည္းနည္းခ်င္းစီ နိမ့္သြားတာအမွန္ပါ။

အသင္းႀကီးအဆင့္ကေန အလယ္အလတ္အဆင့္ရဲ႕
ထိပ္ပိုင္းနား အသင္းေတြဆီ ေရာက္သြားတယ္။
ခ်ဲလ္ဆီး၊ အင္တာမီလန္၊ ရီးရဲလ္၊ ယူႏုိက္တက္တုိ႔ကေန
အခုေတာ့ စပါးတို႔ ရိုးမားတို႔ျဖစ္သြားၿပီး
ဒီၾကားထဲ ေခတ္ၿပိဳင္နည္းျပေတြထဲ ဂြါဒီယိုလာ၊

ကေလာ့ပ္၊ ကြန္တီနဲ႔ တူခ်ယ္တို႔လို နည္းျပေတြပါ၀င္လာေတာ့
ေမာ္ရင္ညိဳရဲ႕ေခတ္ ကုန္သြားၿပီလားဆိုတ့ဲအသံေတြ
က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာပါတယ္။
အခုေနာက္ပိုင္း ေမာ္ရင္ညိဳ က်လာတာေတာ့ မွန္ပါတယ္။
ဒါေပမဲ့ သူ႕ရဲအစြမ္းေတြကေတာ့ အသိအမွတ္ျပဳေနရဆဲျဖစ္ၿပီး

အထူးသျဖင့္ အသင္းသားေတြကို အေရာင္တင္ေပးရာမွာ
အခုခ်ိန္အထိ ဆရာတစ္ဆူျဖစ္ေနဆဲျဖစ္ၿပီး
အဂၤလန္တုိက္စစ္မွဴး ေအဘရာဟမ္က ေမာ္ရင္ညိဳရဲ႕
အရည္အေသြးေကာင္းကို ထင္ဟပ္ျပသေနတဲ့
ေနာက္ဆုံးေပၚ သက္ေသျဖစ္ေနပါတယ္။

ယူႏိုက္တက္နဲ႔ စပါးအသင္းေတြမွာ ရာထူးကေန
ထုတ္ပယ္ခံခဲ့ရတာမွန္ေပမယ့္ ေမာ္ရင္ညိဳအေနနဲ႔
သူ႕ရဲ႕အရည္အေသြးကိုေတာ့ ထုတ္ျပႏိုင္ခဲ့ၿပီး
တကယ္လုိ႔မ်ား ယူႏုိက္တက္သာ ေမာ္ရင္ညိဳရဲ႕
ေနရာမွာ အစား၀င္ခဲ့တဲ့ ဆုိးလ္ရွားလိုမ်ိဳး

လုံေလာက္တဲ့ အသုံးစရိတ္သာ ေမာ္ရင္ညိဳကို
ေပးခဲ့ရင္ အေျခအေနက တစ္မ်ိဳးတစ္ဖုံေတာင္ျဖစ္လာႏိုင္ပါတယ္။
ဒါေတာင္ ယူႏုိက္တက္ေနာက္ဆုံးဆုဖလား ရယူခဲ့တာ
သူ႕လက္ထက္မွာျဖစ္ၿပီး ေမာ္ရင္ညိဳလက္ထက္မွာ
ထင္ေပၚလာသူက ကြင္းလယ္လူ မက္တိုမီေနးျဖစ္ပါတယ္။

စပါးမွာလည္း အဲဒီအတုိင္းပါပဲ။
ဆြန္ေဟာင္မင္နဲ႔ ဟယ္ရီကိန္းတုိ႔ ပိုမိုထင္ေပၚလာေအာင္
ေမာ္ရင္ညိဳက အေရာင္တင္ေပးခဲ့တာျဖစ္ၿပီး
ဟယ္ရီကိန္းဆုိရင္ ေမာ္ရင္ညိဳလက္ထက္ ၆၂ပြဲ
ကစားခဲ့ရာမွာ ၄၅ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ

၁၇ႀကိမ္ ျပဳလုပ္ေပးႏုိင္ခဲ့တာကို ၾကည့္ရင္
ကစားသမားတစ္ေယာက္ဆီက အေကာင္းဆုံးေျခစြမ္းကို
ေမာ္ရင္ညိဳ ဘယ္ေလာက္ထုတ္ယူႏိုင္စြမ္းရွိတယ္ဆုိတာ သိႏိုင္ပါတယ္။
အခုလည္း ေအဘရာဟမ္က အေကာင္းဆုံးသက္ေသပါ။
ခ်ဲလ္ဆီးမွာ ေနရာမရျဖစ္ေနတဲ့ လူငယ္ကစားသမားကို

ႏိုင္ငံရပ္ျခားဆီ ေခၚယူၿပီး အေရာင္တင္ေပးေနတာ
အခုဆုိရင္ ေအဘရာဟမ္က ရိုးမားဂႏၳ၀င္ႀကီးေတြရဲ႕
စံခ်ိန္ကိုပါ ခ်ိဳးဖ်က္ႏိုင္တဲ့အထိ ေရာမမွာ မင္းသားျဖစ္ေနပါၿပီ။
ေျပာရရင္ေတာ့ အရင္အေၾကာင္းေတြပါေရာက္သြားပါလိမ့္မယ္။
ေပၚတိုမွာ ဘယ္သူမွ သိပ္မသိေသးတဲ့ ကစားသမားေတြကို

အေရာင္တင္ေပးခဲ့တာ။ ေဒကို၊ ကာဗယ္လ္ဟိုတို႔လုိကစားသမားမ်ိဳးေတြေပါ့။
အင္တာမွာဆုိရင္လည္း ဒီေယဂိုမီလီတိုကို သာမန္အဆင့္ကေန
ကမၻာ့အဆင့္တိုက္စစ္မွဴးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့တယ္။
တုိက္စစ္မွဴး အီတူးကိုလည္း ကမၻာ့အဆင့္
ေတာင္ပံကစားသမားအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့ပါတယ္။

ေနာက္တစ္ခုရွိပါေသးတယ္။
ေမာ္ရင္ညိဳလုိ႔ ဆုိလုိက္တာနဲ႔ ခံစစ္ပိတ္ကစားတဲ့နည္းျပလုိ႔
အေတြးထဲ ေရာက္တဲ့အထိ ေမာ္ရင္ညိဳက ခံစစ္ပိတ္ကစားခဲ့ဖူးတာ
မွန္ေပမယ့္ အခုေတာ့ အဲဒီလုိမဟုတ္ေတာ့ပါဘူး။
ဒီရာသီ ရုိးမားအသင္းရဲ႕ပြဲအမ်ားစုကို ၾကည့္ျဖစ္ပါတယ္။

အဲဒီမွာ ဘာသြားေတြ႕လဲဆုိေတာ့ ရိုးမားရဲ႕တုိက္စစ္ကစားဟန္ျဖစ္ၿပီး
သူတုိ႔ရဲ႕နည္းျပက ေမာ္ရင္ညိဳမွဟုတ္ရဲ႕လားလုိ႔
သံသယ၀င္ေလာက္တဲ့အထိ တုိက္စစ္အားျပဳကစားေနတာျဖစ္ပါတယ္။
ဒီရာသီမွာ အသင္းေခါင္းေဆာင္ ပယ္လီဂရီနီနဲ႔
ေတာင္ပံကစားသမား ဇာနီအိုလုိတုိ႔ ပိုမိုေျခစြမ္းျပလာၿပီး

ဇာနီအိုလုိဆိုရင္ တစ္ခါတေလ တုိက္စစ္မွာ
ေအဘရာဟမ္နဲ႔အတူ တြဲကစားတတ္ပါေသးတယ္။
ေမာ္ရင္ညိဳနဲ႔ပတ္သက္လုိ႔ သူ႕အျမင္ ကိုယ့္အျမင္ဆိုတာ
ရွိႏုိင္ေပမယ့္ ေမာ္ရင္ညိဳရဲ႕ေခတ္ ကုန္သြားၿပီလုိ႔
ေျပာရေလာက္တဲ့အထိေတာ့ ေမာ္ရင္ညိဳ မက်ေသးပါဘူးလုိ႔ပဲ ဆိုခ်င္ပါတယ္။