မော်ရင်ညိုဘက်က ပရိုမပီသဘူးလို့ပြောဖို့လုံလောက်တဲ့ ကားစ်ဒရော့ရဲ့ဆိုရွားလွန်းတဲ့ ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာ

ဆက်ဆူအိုလိုနဲ့တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်အပြီးမှာတော့ ရိုးမာနည်းပြမော်ရင်ညိုက အသင်းမှာ ပရော်ဖက်ရှင်နယ်မပီသတဲ့ကစားသမားတစ်ဦးရှိနေတယ်လို့ဆိုခဲ့ပေမဲ့

နာမည်ကိုတော့ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ “အသင်းဖော်တွေအပေါ်မျှတမှုမရှိတဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့သဘောထားက ကျွန်တော့်ကိုစိတ်ပျက်စေပါတယ်။

အဝေးကွင်းမှာ တစ်မှတ်ရတာကအဆိုးမြင်ရလဒ်မျိုးမဟုတ်သေးသလို အသင်းရဲ့ယေဘုယျအနေအထားကို ကျေနပ်ပါတယ်။ ဘယ်ကစားသမားလဲဆိုတာ ကျွန်တော်ပြောမှာမဟုတ်ပါဘူး။

ဒီညကွင်းထဲမှာ ကစားသမား ၁၆ ယောက်သုံးခဲ့ပြီး ၁၅ယောက်ရဲ့ သဘောထားကို ကျေနပ်ပါတယ်။ ဇန်နဝါရီမှာတော့ သူအသင်းသစ်ရှာထားဖို့လိုနေပါပြီ” လို့ မော်ရင်ညိုက အသိပေးခဲ့ပါတယ်။

အီတလီထုတ်သတင်းစာ Corriere Dello Sport ရဲ့ဖော်ပြချက်အရတော့ ဒီကစားသမားဟာ နယ်သာလန် နောက်ခံလူကားစ်ဒရော့ဖြစ်ပြီး တိုရီနိုနဲ့ပွဲမတိုင်ခင်မှာ

အသင်းလူစာရင်းကနေ နုတ်ထွက်သွားခဲ့တယ်လို့သိရပါတယ်။ နောက်ပိုင်းမှာတော့ မော်ရင်ညိုဘက်က ကားစ်ဒရော့ကိုဘာကြောင့်ဒေါသထွက်ခဲ့ရသလဲဆိုတဲ့

ဗီဒီယိုမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။ နယ်သာလန်သားဟာ ပွဲချိန် ၆၅ မိနစ်မှာ ဆီလစ်နေရာကို လူစားဝင်ရောက်လာခဲ့ပြီးနောက် ကွင်းထဲမှာစိတ်မဝင်စားတဲ့ ပုံစံမျိုးပြသခဲ့ပြီး

ပြိုင်ဘက်တိုက်စစ်ဆင်လာတာတွေကို ရှောင်ထွက်နေခဲ့ပါတယ်။ ဒါ့အပြင် သူ့ကိုဘောလုံးပေးမယ့် အသင်းဖော်ကို မပေးဖို့လက်ဟန်ပြတာတွေ လုပ်ခဲ့သလို ဆက်ဆူအိုလိုရရှိခဲ့တဲ့ချေပဂိုးကလည်း

ကားစ်ဒရော့က ပြိုင်ဘက်နောက် မလိုက်ခဲ့တာကနေ အစပြုခဲ့တာဖြစ်တယ်။ ဘောလုံးသူ့ဘေးနားရှိနေချိန်တွေမှာတောင် တားဆီးဖို့မကြိုးစားခဲ့တဲ့ နယ်သာလန်သားရဲ့အပြူအမှုက

အတော်လေးဆိုးရွားခဲ့တာကိုတွေ့ခဲ့ရပြီးနောက် ဒီကိစ္စမှာ မော်ရင်ညိုမမှားဘူးဆိုတာအားလုံးကလက်ခံခဲ့ကြပါတယ်။ မော်ရင်ညိုရဲ့မှတ်ချက်နဲ့ပတ်သတ်လို့ ကားစ်ဒရော့ရဲ့အေးဂျင့်ဟန်ကက်စ်က

“နည်းပြရဲ့စကားပြောပုံနဲ့ လုပ်နည်းလုပ်ဟန်ကို ကလပ်ဘက်က ကျွန်တော်တို့ကိုရှင်းပြဖို့လိုပါတယ်” လို့ ပြောဆိုထားပါတယ်။ ကားစ်ဒရော့ဟာ ၂၀၁၇ မှာ ရိုးမားကိုပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး

အသင်းအတွက် ၁၂၂ပွဲ အထိကစားပေးထားပြီး လက်ရှိမှာတော့ သူနဲ့မိသားစုဝင်တွေဟာ ရောမမြို့နဲ့ဝေးရာကိုပြောင်းရွှေ့သွားခဲ့ပြီလို့သိရပါတယ်။

(Zawgyi)

ေမာ္ရင္ညိဳဘက္က ပ႐ိုမပီသဘူးလို႔ေျပာဖို႔လုံေလာက္တဲ့ ကားစ္ဒေရာ့ရဲ႕ဆို႐ြားလြန္းတဲ့ ဗီဒီယိုမွတ္တမ္းထြက္ေပၚလာ

ဆက္ဆူအိုလိုနဲ႔တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္အၿပီးမွာေတာ့ ႐ိုးမာနည္းျပေမာ္ရင္ညိဳက အသင္းမွာ ပေရာ္ဖက္ရွင္နယ္မပီသတဲ့ကစားသမားတစ္ဦးရွိေနတယ္လို႔ဆိုခဲ့ေပမဲ့ နာမည္ကိုေတာ့ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမရွိပါဘူး။

“အသင္းေဖာ္ေတြအေပၚမွ်တမႈမရွိတဲ့ ပေရာ္ဖက္ရွင္နယ္ဆန္တဲ့သေဘာထားက ကြၽန္ေတာ့္ကိုစိတ္ပ်က္ေစပါတယ္။ အေဝးကြင္းမွာ တစ္မွတ္ရတာကအဆိုးျမင္ရလဒ္မ်ိဳးမဟုတ္ေသးသလို

အသင္းရဲ႕ေယဘုယ်အေနအထားကို ေက်နပ္ပါတယ္။ ဘယ္ကစားသမားလဲဆိုတာ ကြၽန္ေတာ္ေျပာမွာမဟုတ္ပါဘူး။ ဒီညကြင္းထဲမွာ ကစားသမား ၁၆ ေယာက္သုံးခဲ့ၿပီး ၁၅ေယာက္ရဲ႕

သေဘာထားကိုေက်နပ္ပါတယ္။ ဇန္နဝါရီမွာေတာ့ သူအသင္းသစ္ရွာထားဖို႔လိုေနပါၿပီ” လို႔ ေမာ္ရင္ညိဳက အသိေပးခဲ့ပါတယ္။ အီတလီထုတ္သတင္းစာ Corriere Dello Sport ရဲ႕ေဖာ္ျပခ်က္အရေတာ့

ဒီကစားသမားဟာ နယ္သာလန္ ေနာက္ခံလူကားစ္ဒေရာ့ျဖစ္ၿပီး တိုရီႏိုနဲ႔ပြဲမတိုင္ခင္မွာ အသင္းလူစာရင္းကေနႏႈတ္ထြက္သြားခဲ့တယ္လို႔သိရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေမာ္ရင္ညိဳဘက္က

ကားစ္ဒေရာ့ကိုဘာေၾကာင့္ေဒါသထြက္ခဲ့ရသလဲဆိုတဲ့ ဗီဒီယိုမွတ္တမ္းထြက္ေပၚလာခဲ့ပါတယ္။ နယ္သာလန္သားဟာ ပြဲခ်ိန္ ၆၅မိနစ္မွာ ဆီလစ္ ေနရာကိုလူစားဝင္ေရာက္လာခဲ့ၿပီးေနာက္

ကြင္းထဲမွာစိတ္မဝင္စားတဲ့ပုံစံမ်ိဳးျပသခဲ့ၿပီး ၿပိဳင္ဘက္တိုက္စစ္ဆင္လာတာေတြကိုေရွာင္ထြက္ေနခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ကိုေဘာလုံးေပးမယ့္အသင္းေဖာ္ကို မေပးဖို႔လက္ဟန္ျပတာေတြလုပ္ခဲ့သလို

ဆက္ဆူအိုလိုရရွိခဲ့တဲ့ေခ်ပဂိုးကလည္း ကားစ္ဒေရာ့က ၿပိဳင္ဘက္ေနာက္မလိုက္ခဲ့တာကေန အစျပဳခဲ့တာျဖစ္တယ္။ ေဘာလုံးသူ႔ေဘးနားရွိေနခ်ိန္ေတြမွာေတာင္ တားဆီးဖို႔မႀကိဳးစားခဲ့တဲ့

နယ္သာလန္သားရဲ႕အျပဴအမႈကအေတာ္ေလးဆိုး႐ြားခဲ့တာကိုေတြ႕ခဲ့ရၿပီးေနာက္ ဒီကိစၥမွာ ေမာ္ရင္ညိဳမမွားဘူးဆိုတာအားလုံးကလက္ခံခဲ့ၾကပါတယ္။ ေမာ္ရင္ညိဳရဲ႕မွတ္ခ်က္နဲ႔ပတ္သတ္လို႔

ကားစ္ဒေရာ့ရဲ႕ေအးဂ်င့္ဟန္ကက္စ္က “နည္းျပရဲ႕စကားေျပာပုံနဲ႔ လုပ္နည္းလုပ္ဟန္ကို ကလပ္ဘက္က ကြၽန္ေတာ္တို႔ကိုရွင္းျပဖို႔လိုပါတယ္” လို႔ ေျပာဆိုထားပါတယ္။ ကားစ္ဒေရာ့ဟာ ၂၀၁၇ မွာ

႐ိုးမားကိုေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အသင္းအတြက္ ၁၂၂ပြဲ အထိကစားေပးထားၿပီး လက္ရွိမွာေတာ့

သူနဲ႔မိသားစုဝင္ေတြဟာ ေရာမၿမိဳ႕နဲ႔ေဝးရာကိုေျပာင္းေ႐ႊ႕သြားခဲ့ၿပီလို႔သိရပါတယ္။